မိုင်တိုင် ၄ အပြီး ချန်ပီယံလိဂ်အုပ်စုအနေအထား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အုပ်စုပွဲစဉ် ၄ ပွဲကစားပြီးချိန် ချန်ပီယံလိဂ်မှာ ၁၆ သင်းရှုံးထွက်အဆင့်တက်ရောက်နိုင်ခဲ့ပြီဖြစ်တဲ့ အသင်း ၆ သင်း ထွက်ပေါ်လာပါတယ်။ သူတို့ကတော့ ချဲလ်ဆီး၊ ဆီဗီလာ၊ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်နဲ့ ဘာစီလိုနာတို့ပါ။ ဒါကြောင့် ၂ ပွဲသာကျန်တော့တဲ့အချိန်မှာ ပိုစိတ်ဝင်စားစရာကောင်းသွားပြီး နောက်ထပ်ဘယ်အသင်းတွေရှုံးထွက်တက်နိုင်မလဲ၊ ဘယ်အသင်းတွေကတော့ အခြေအနေမကောင်းတော့ဘူးလဲဆိုတဲ့ တစ်အုပ်စုချင်းစီရဲ့နောက်ဆုံးအနေအထားကို ဆက်ကြည့်ကြရအောင်..

အုပ်စု(A)

အုပ်စု A မှာက ဘိုင်ယန်နောက်တစ်ဆင့်တက်သွားပြီဖြစ်ပြီး ၅ မှတ်သာရထားတဲ့ အက်သလက်တီကိုကတော့ ရှုံးထွက်အဆင့်အတွက် နောက်ဆုံးပွဲစဉ်အထိ ဆက်ကြည့်ရဖို့ရှိပါတယ်။ အဲဒီအုပ်စုမှာ လိုကိုမိုးတစ်က ၃ မှတ်နဲ့ ဆဲလ်ဘတ်က ၁ မှတ်ရထားတာပါ။ နောက်တစ်ပတ်မှာ ဘိုင်ယန်နဲ့အိမ်ကွင်းကစားရမယ့်ပွဲက အက်သလက်တီကိုအတွက် အရေးကြီးပါတယ်။

အုပ်စု(B)

အုပ်စု B ကတော့ လောလောဆယ်အကြိတ်အနယ်ဖြစ်နေတယ်။ အင်တာကိုနိုင်ခဲ့လို့ ရီးရဲလ်ဟာ တတိယနေရာက ရှက်တာဒိုးနက်ကို ၃ မှတ်ဖြတ်လိုက်ပြီး ဂလက်ဘတ်ကတော့ ရီးရဲလ်ထက် တစ်မှတ်အသာနဲ့ အမှတ်ပေးဖယားကိုဦးဆောင်နေတာပါ။ အင်တာကတော့ ၂ မှတ်သာရထားမှုနဲ့အတူ ဇယားအောက်ခြေရောက်နေပြီး ပြုတ်ဖို့များသွားပါပြီ။

အုပ်စု(C)

အုပ်စု C မှာတော့ ရာနှုန်းပြည့်နိုင်ထားတဲ့ မန်စီးတီးက နောက်တစ်ဆင့်တက်သွားပါပြီ။ ဒုတိယနေရာက ပေါ်တိုကလည်း တတိယနေရာက အိုလံပီယာကို့စ်ကို ၆ မှတ်ဖြတ်ထားမှုနဲ့အတူ နောက်တစ်ဆင့်အတွက် နီးစပ်နေပြီ။ ကျန် ၂ ပွဲမှာ ၁ မှတ်ယူနိုင်တာနဲ့ကို ပေါ်တိုဟာ ရှုံးထွက်အဆင့်တက်လှမ်းနိုင်မှာပါ။

အုပ်စု(D)

အုပ်စု D မှာတော့ ၃ သင်းအပြိုင်ဖြစ်နေပါတယ်။ လီဗာပူးဟာ အတ္တလန္တာနဲ့အိမ်ကွင်းမှာ သရေကစားနိုင်ရုံနဲ့ကို အခြေအနေကောင်းမှာဖြစ်ပေမယ့် အခုတော့ အေဂျက်၊ အတ္တလန္တာတို့နဲ့ ၂ မှတ်သာကွာပါတော့တယ်။ တစ်မှတ်မှ မရသေးတဲ့ မစ်ဂျီလန်းနဲ့ကစားရဦးမှာမို့ လက်ကျန်ပွဲအနေအထားအရတော့ လီဗာပူးသာပါတယ်။ ဒါမှမဟုတ် လာမယ့်ပွဲဖြစ်တဲ့ အေဂျက်နဲ့အန်ဖီးလ်ကပွဲမှာ အမှတ်ပြည့်ယူနိုင်တာနဲ့ လီဗာပူးရှုံးထွက်တက်မှာပါ။

အုပ်စု(E)

အုပ်စု E မှာတော့ ထိပ်ဆုံးနှစ်သင်းဖြစ်တဲ့ ချဲလ်ဆီးရော ဆီဗီလာပါ နောက်တစ်ဆင့်တက်သွားပြီဖြစ်လို့ လက်ကျန်ပွဲတွေက စိတ်ဝင်စားစရာမကောင်းတော့ပါဘူး။

အုပ်စု(F)

အုပ်စု F မှာလည်း အသင်းကြီးနှစ်သင်းဖြစ်တဲ့ ဒေါ့မန်နဲ့လာဇီယိုတို့သာ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းနေတာပါ။ ဒေါ့မန်က လာဇီယိုထက်တစ်မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။ လာဇီယိုကလည်း တတိယနေရာက ဘရုဂျက်ကို ၄ မှတ်ဖြတ်ထားပါတယ်။

အုပ်စု(G)

အုပ်စု G မှာလည်း ထိပ်ဆုံးနှစ်သင်းဖြစ်တဲ့ ဘာစီလိုနာနဲ့ ဂျူဗင်တပ်တို့ နောက်တစ်ဆင့်တက်သွားပြီဖြစ်လို့ လက်ကျန်ပွဲတွေဟာ အေးစက်စက်နိုင်မှာဖြစ်ပြီး အုပ်စုဗိုလ်နေရာအတွက်ပဲကြည့်ရမှာဖြစ်ကာ လောလောဆယ်တော့ ဘာစီလိုနာက ဂျူဗင်တပ်ထက် ၃ မှတ်သာထားတယ်။

အုပ်စု(H)

မရဏအုပ်စုဖြစ်တဲ့ အုပ်စု H က အသင်းကြီး ၃ သင်းရဲ့ပြိုင်ဆိုင်မှုမှာ ထိပ်ဆုံးကနေ ၃ မှတ်ဖြတ်ထားတဲ့ မန်ယူက အခြေအနေအကောင်းဆုံးဖြစ်နေတယ်။ ပီအက်စ်ဂျီကတော့ ကြားရက်ထဲမှာ လစ်ဇစ်ကိုနိုင်လိုက်လို့ အဲဒီဂျာမန်အသင်းနဲ့ ရမှတ်တူဖြစ်သွားသလို head-to-head နဲ့ ဒုတိယနေရာတက်လှမ်းလာတယ်။

တစ်ခုရှိတာက မန်ယူရဲ့လက်ကျန် ၂ ပွဲဟာ ပီအက်စ်ဂျီ၊လစ်ဇစ်တို့နဲ့ဖြစ်နေတာပါ။ ပီအက်စ်ဂျီကိုအိမ်ကွင်း၊ လစ်ဇစ်ကို အဝေးကွင်းကစားရမှာဖြစ်ပြီး နောက်တစ်ဆင့်တက်ချင်ရင်တော့ ဆိုးလ်ရှားရဲ့အသင်းဟာ နောက်တစ်ပတ်ကစားမယ့် ပီအက်စ်ဂျီနဲ့အိမ်ကွင်းမှာကတည်းက အပြတ်ဖြတ်နိုင်ဖို့ လိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မိုင္တိုင္ ၄ အၿပီး ခ်န္ပီယံလိဂ္အုပ္စုအေနအထား

အုပ္စုပြဲစဥ္ ၄ ပြဲကစားၿပီးခ်ိန္ ခ်န္ပီယံလိဂ္မွာ ၁၆ သင္းရႈံးထြက္အဆင့္တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္တဲ့ အသင္း ၆ သင္း ထြက္ေပၚလာပါတယ္။ သူတို႔ကေတာ့ ခ်ဲလ္ဆီး၊ ဆီဗီလာ၊ မန္စီးတီး၊ ဘိုင္ယန္ျမဴးနစ္၊ ဂ်ဴဗင္တပ္နဲ႔ ဘာစီလိုနာတို႔ပါ။ ဒါေၾကာင့္ ၂ ပြဲသာက်န္ေတာ့တဲ့အခ်ိန္မွာ ပိုစိတ္ဝင္စားစရာေကာင္းသြားၿပီး ေနာက္ထပ္ဘယ္အသင္းေတြရႈံးထြက္တက္ႏိုင္မလဲ၊ ဘယ္အသင္းေတြကေတာ့ အေျခအေနမေကာင္းေတာ့ဘူးလဲဆိုတဲ့ တစ္အုပ္စုခ်င္းစီရဲ႕ေနာက္ဆုံးအေနအထားကို ဆက္ၾကည့္ၾကရေအာင္..

အုပ္စု(A)
အုပ္စု A မွာက ဘိုင္ယန္ေနာက္တစ္ဆင့္တက္သြားၿပီျဖစ္ၿပီး ၅ မွတ္သာရထားတဲ့ အက္သလက္တီကိုကေတာ့ ရႈံးထြက္အဆင့္အတြက္ ေနာက္ဆုံးပြဲစဥ္အထိ ဆက္ၾကည့္ရဖို႔ရွိပါတယ္။ အဲဒီအုပ္စုမွာ လိုကိုမိုးတစ္က ၃ မွတ္နဲ႔ ဆဲလ္ဘတ္က ၁ မွတ္ရထားတာပါ။ ေနာက္တစ္ပတ္မွာ ဘိုင္ယန္နဲ႔အိမ္ကြင္းကစားရမယ့္ပြဲက အက္သလက္တီကိုအတြက္ အေရးႀကီးပါတယ္။

အုပ္စု(B)
အုပ္စု B ကေတာ့ ေလာေလာဆယ္အႀကိတ္အနယ္ျဖစ္ေနတယ္။ အင္တာကိုႏိုင္ခဲ့လို႔ ရီးရဲလ္ဟာ တတိယေနရာက ရွက္တာဒိုးနက္ကို ၃ မွတ္ျဖတ္လိုက္ၿပီး ဂလက္ဘတ္ကေတာ့ ရီးရဲလ္ထက္ တစ္မွတ္အသာနဲ႔ အမွတ္ေပးဖယားကိုဦးေဆာင္ေနတာပါ။ အင္တာကေတာ့ ၂ မွတ္သာရထားမႈနဲ႔အတူ ဇယားေအာက္ေျခေရာက္ေနၿပီး ျပဳတ္ဖို႔မ်ားသြားပါၿပီ။

အုပ္စု(C)
အုပ္စု C မွာေတာ့ ရာႏႈန္းျပည့္ႏိုင္ထားတဲ့ မန္စီးတီးက ေနာက္တစ္ဆင့္တက္သြားပါၿပီ။ ဒုတိယေနရာက ေပၚတိုကလည္း တတိယေနရာက အိုလံပီယာကို႔စ္ကို ၆ မွတ္ျဖတ္ထားမႈနဲ႔အတူ ေနာက္တစ္ဆင့္အတြက္ နီးစပ္ေနၿပီ။ က်န္ ၂ ပြဲမွာ ၁ မွတ္ယူႏိုင္တာနဲ႔ကို ေပၚတိုဟာ ရႈံးထြက္အဆင့္တက္လွမ္းႏိုင္မွာပါ။

အုပ္စု(D)
အုပ္စု D မွာေတာ့ ၃ သင္းအၿပိဳင္ျဖစ္ေနပါတယ္။ လီဗာပူးဟာ အတၱလႏၲာနဲ႔အိမ္ကြင္းမွာ သေရကစားႏိုင္႐ုံနဲ႔ကို အေျခအေနေကာင္းမွာျဖစ္ေပမယ့္ အခုေတာ့ ေအဂ်က္၊ အတၱလႏၲာတို႔နဲ႔ ၂ မွတ္သာကြာပါေတာ့တယ္။ တစ္မွတ္မွ မရေသးတဲ့ မစ္ဂ်ီလန္းနဲ႔ကစားရဦးမွာမို႔ လက္က်န္ပြဲအေနအထားအရေတာ့ လီဗာပူးသာပါတယ္။ ဒါမွမဟုတ္ လာမယ့္ပြဲျဖစ္တဲ့ ေအဂ်က္နဲ႔အန္ဖီးလ္ကပြဲမွာ အမွတ္ျပည့္ယူႏိုင္တာနဲ႔ လီဗာပူးရႈံးထြက္တက္မွာပါ။

အုပ္စု(E)
အုပ္စု E မွာေတာ့ ထိပ္ဆုံးႏွစ္သင္းျဖစ္တဲ့ ခ်ဲလ္ဆီးေရာ ဆီဗီလာပါ ေနာက္တစ္ဆင့္တက္သြားၿပီျဖစ္လို႔ လက္က်န္ပြဲေတြက စိတ္ဝင္စားစရာမေကာင္းေတာ့ပါဘူး။

အုပ္စု(F)
အုပ္စု F မွာလည္း အသင္းႀကီးႏွစ္သင္းျဖစ္တဲ့ ေဒါ့မန္နဲ႔လာဇီယိုတို႔သာ ေနာက္တစ္ဆင့္တက္ဖို႔ အေျခအေနေကာင္းေနတာပါ။ ေဒါ့မန္က လာဇီယိုထက္တစ္မွတ္အသာနဲ႔ အမွတ္ေပးဇယားကို ဦးေဆာင္ေနတာပါ။ လာဇီယိုကလည္း တတိယေနရာက ဘ႐ုဂ်က္ကို ၄ မွတ္ျဖတ္ထားပါတယ္။

အုပ္စု(G)
အုပ္စု G မွာလည္း ထိပ္ဆုံးႏွစ္သင္းျဖစ္တဲ့ ဘာစီလိုနာနဲ႔ ဂ်ဴဗင္တပ္တို႔ ေနာက္တစ္ဆင့္တက္သြားၿပီျဖစ္လို႔ လက္က်န္ပြဲေတြဟာ ေအးစက္စက္ႏိုင္မွာျဖစ္ၿပီး အုပ္စုဗိုလ္ေနရာအတြက္ပဲၾကည့္ရမွာျဖစ္ကာ ေလာေလာဆယ္ေတာ့ ဘာစီလိုနာက ဂ်ဴဗင္တပ္ထက္ ၃ မွတ္သာထားတယ္။

အုပ္စု(H)
မရဏအုပ္စုျဖစ္တဲ့ အုပ္စု H က အသင္းႀကီး ၃ သင္းရဲ႕ၿပိဳင္ဆိုင္မႈမွာ ထိပ္ဆုံးကေန ၃ မွတ္ျဖတ္ထားတဲ့ မန္ယူက အေျခအေနအေကာင္းဆုံးျဖစ္ေနတယ္။ ပီအက္စ္ဂ်ီကေတာ့ ၾကားရက္ထဲမွာ လစ္ဇစ္ကိုႏိုင္လိုက္လို႔ အဲဒီဂ်ာမန္အသင္းနဲ႔ ရမွတ္တူျဖစ္သြားသလို head-to-head နဲ႔ ဒုတိယေနရာတက္လွမ္းလာတယ္။ တစ္ခုရွိတာက မန္ယူရဲ႕လက္က်န္ ၂ ပြဲဟာ ပီအက္စ္ဂ်ီ၊လစ္ဇစ္တို႔နဲ႔ျဖစ္ေနတာပါ။ ပီအက္စ္ဂ်ီကိုအိမ္ကြင္း၊ လစ္ဇစ္ကို အေဝးကြင္းကစားရမွာျဖစ္ၿပီး ေနာက္တစ္ဆင့္တက္ခ်င္ရင္ေတာ့ ဆိုးလ္ရွားရဲ႕အသင္းဟာ ေနာက္တစ္ပတ္ကစားမယ့္ ပီအက္စ္ဂ်ီနဲ႔အိမ္ကြင္းမွာကတည္းက အျပတ္ျဖတ္ႏိုင္ဖို႔ လိုပါတယ္။