မိုက်ကယ်အိုဝင် ခန့်မှန်းလိုက်တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ် (၃) ကစားပွဲများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လွဲလိုက်၊မှန်လိုက်ဖြစ်နေတဲ့ မိုက်ကယ်အိုဝင်ကတော့ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ် (၃) ကစားပွဲတွေကို ခန့်မှန်းထားပါပြီ။

အခုဆိုရင် အသင်းတိုင်းက နောက်တစ်ဆင့် တက်လှမ်းနိုင်ရေးအတွက် ပိုပြီးကို အကြိတ် အနယ် ကြိုးပမ်းကြရတော့မှာဖြစ်သလို မဖြစ်မနေကို စောင့်ကြည့်သွားရမယ့် ပွဲကြီးပွဲကောင်းတွေလည်း ပါဝင်နေပါတယ်။

ကလပ်ဘရုဂေး နဲ့ မန်စီးတီး

မန်စီးတီးအသင်းကတော့ ပီအက်စ်ဂျီနဲ့ပွဲက အရှုံးရလဒ်ကို ပြန်ကုစားဖို့ လိုအပ်နေပါတယ်။

တစ်ကြိမ်တစ်ခါမှ မဆုံဖူးထားခဲ့သေးတဲ့ ဒီအသင်းနှစ်သင်းရဲ့ ပထမဆုံးအကြိမ် စတင်ဆုံတွေ့မှုမှာ မန်စီးတီးကပဲ ဂိုးပြတ်အနိုင်ရလိမ့်မယ်လို့ ထင်မိပါတယ်။

အိုဝင်ရဲ့ ခန့်မှန်းရလဒ် – မန်စီးတီး ၃ – ၀ ကလပ်ဘရုဂေး

အသက်လက်တီကို နဲ့ လီဗာပူး

လီဗာပူးအသင်းအတွက် လွယ်ကူတဲ့ ပွဲတော့ မဟုတ်ပါဘူး။

လီဗာပူးတိုက်စစ်ကို အသက်လက်တီကိုတို့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကလို ရပ်တန့်နိုင်ဦးမလားဆိုတာ စိတ်ဝင်စားစရာပါ။

လတ်တလောမှာ ရလဒ်တွေ တောက်လျှောက်ကောင်းနေတဲ့ လီဗာပူးကပဲ ရှုံးကြွေးပြန်ဆပ်နိုင်မလား၊

အနိုင်မရဘဲ ဖြစ်မလားဆိုတာသေချာခန့်မှန်းဖို့ ခက်ပါတယ်။

လီဗာပူးအတွက် ဆာလာလို ထိပ်တန်းကစားသမား ရှိတာကတော့ အားတက်စရာပါပဲ။

အိုဝင်ရဲ့ ခန့်မှန်းရလဒ်- အသက်လက်တီကို ၁-၁ လီဗာပူး

ယူနိုက်တက် နဲ့ အတ္တလန်တာ

ယူနိုက်တက်အတွက်ကတော့ ရာသီသိမ်းပွဲတစ်ပွဲလို ခံစားရနိုင်ပါတယ်။

ယူနိုက်တက်ရဲ့ အခုပုံစံက အနေအထားကောင်းတော့ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ လက်စတာပွဲရဲ့ ဖိအားကလည်း ဆိုးလ်ရှားအပေါ် ကောင်းကောင်းဖိနေမှာပါ။

အတ္တလန်တာကလည်း တော်တော်ကြိုးစားယှဉ်ပြိုင်ရမှာပါ။

ကျွန်တော်ကတော့ ယူနိုက်တက်ပဲ နိုင်မယ်ထင်ပါတယ်။

အိုဝင်ရဲ့ ခန့်မှန်းရလဒ် – ယူနိုက်တက် ၂- ၁ အတ္တလန်တာ

ချယ်လ်ဆီး နဲ့ မဲလ်မို

ပြီးခဲ့တဲ့ အခေါက် ဂျူဗင်တပ်စ်ကို ရှူံးပြီးတဲ့နောက် ချယ်လ်ဆီးအနေနဲ့ ဒီပွဲကို နိုင်ဖို့ အားခဲထားမှာပါ။

မဲလ်မိုဘက်ကတော့ အားသာချက် သိပ်မရှိပါဘူး။

ဒါကြောင့် တူချယ်လ်ဘက်ကပဲ နိုင်ပါလိမ့်မယ်။

အိုဝင်ရဲ့ ခန့်မှန်းရလဒ် -ချယ်လ်ဆီး ၂ -၀ မဲလ်မို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi












– ချယ်လ်ဆီး နဲ့ မဲလ်မို

