မိုက်ကယ်အိုဝင်ရဲ့ စဉ်းစားစရာခန့်မှန်းချက်များ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီတစ်ပတ်အတွက် မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

အိုဝင်ရဲ့ ခန့်မှန်းချက်တွေက ထုံးစံအတိုင်း တစ်ခါတလေ လွဲနေတတ်ပါတယ်။

ဒါကြောင့် အတည့်ယူရမလား၊ ပြောင်းပြန်ကောက်ရမလားဆိုတာ ကိုယ့်ဘာသာ စဉ်းစားခန်းဝင်ရမယ့် ခန့်မှန်းချက်တွေပါ။

– ပဲလေ့စ် နှင့် မန်စီးတီး

မကြာခင် ညနေ 6 နာရီမှာစတင်တော့မယ့်ပွဲပါ။ စီးတီးကတော့ ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်း သွားရင်ဆိုင်ရမယ့် ပွဲမှာလည်း နိုင်ပွဲ ယူဖို့ ပစ်မှတ်ထားနေပါလိမ့်မယ်။

မန်စီးတီးဟာ သူတို့ ဖလား ဆက်တိုက် သိမ်းယူလိုတဲ့ အစီအစဉ် မှာ ပုံစံအပျက်မခံလိုပါဘူး။

ခရစ္စတယ်ပဲလေ့စ်က အားနည်းချက်တွေရှိပြီး၊ အထူးသဖြင့် ခံစစ်ပြဿနာပေါ်နေတဲ့အသင်းပါ။ မန်စီးတီးပဲနိုင်ပါလိမ့်မယ်။

အိုဝင်ရဲ့ဂိုး ခန့်မှန်းရလဒ်ကတော့ ခရစ္စတယ်ပဲလေ့စ် 0-2 မန်စီးတီး ဖြစ်ပါတယ်။

-ချယ်လ်ဆီးနှင့် ဖူလ်ဟမ်

ဒီနေ့ည ၁၁ နာရီမှာကစားမယ့် ပွဲဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ စနေက ပွဲမှာလည်း လန်ဒန်ကွင်းမှာ ၁-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ဖူလ်ဟမ်က လက်ကျန် (၅)ပွဲမှာ ဝက်စ်ဘရွန်းကို မမီအောင်ပြေးရမယ့်အပြင် ဘရိုက်တန်ကို (၇)မှတ်လိုက်ဖို့လိုနေပါတယ်။

ချယ်လ်ဆီးက ချန်ပီယံလိဂ်ဆီမီးဖိုင် နယ်ဒုတိယအကျော့ကို အာရုံစိုက်နေရတဲ့အသင်းဆိုပေမယ့် ဒီရာသီချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း အမှတ်လိုနေတဲ့အသင်းပါ။

အိုဝင်ရဲ့ဂိုး ခန့်မှန်းရလဒ်ကတော့ ချယ်လ်ဆီး 2-0 ဖူလ်ဟမ်ဖြစ်ပါတယ်။

-နယူးကာဆယ်နှင့် အာဆင်နယ်

မနက်ဖြန် ည ၇နာရီ ခွဲမှာ ကစားမယ့်ပွဲဖြစ်ပါတယ်။ ဂန်းနား ပရိသတ်တွေ အတွက်တော့ အတော် စိတ်ပျက်ဖွယ် ဘောလုံး ရာသီ ဖြစ်နေမှာ ဖြစ်ပြီး နယူးကာဆယ်နဲ့ တွေ့တဲ့ ဒီပွဲမှာလည်း တစ်မှတ်လောက်နဲ့ ကျေနပ်ရဖို့ ရှိပါတယ်။

အိုဝင်ရဲ့ ဂိုးခန့်မှန်းရလဒ်ကတော့ နယူးကာဆယ် 1-1 အာဆင်နယ်ဖြစ်ပါတယ်။

-ယူနိုက်တက် နှင့် လီဗာပူး

တကယ့်ပွဲကြီးပွဲကောင်းတစ်ပွဲကတော့ မနက်ဖြန် ည ၁၀း၀၀ နာရီ မှာကန်ပါမယ်။

ဒီရာသီ အစောပိုင်း အန်းဖီးလ်မှာ ဆုံခဲ့စဉ်ကတော့ ဝ-၀ သရေကျခဲ့တာပါ။

အက်ဖ်အေ ဖလား ပွဲမှာတော့ ယူနိုက်တက်က ၃-၂ နဲ့ အနိုင်ရခဲ့တာပါ။

ယူနိုက်တက်က ဒီရာသီ အိမ်ကွင်းထက် အဝေးကွင်းမှာ ပိုကောင်းနေပါတယ်။

ဒါပေမယ့် အခုကတော့ အိုးထရက်ဖို့ဒ်မှာ နောက်ဆုံး ကစားထားတဲ့ လိဂ်ပွဲ ၆ ပွဲ က ရှုံးပွဲ မရှိပါဘူး။

လီဗာပူးကလည်း ခပ်ကြမ်းကြမ်းကစားပါလိမ့်မယ်။ တစ်နည်းအားဖြင့် အနိုင်မခံ၊အရှူံးမပေးပုံစံမျိုးပါ။

အိုဝင် ရဲ့ ဂိုးခန့်မှန်းရလဒ်ကတော့ ယူနိုက်တက် 1-1 လီဗာပူး ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မိုက္ကယ္အို၀င္ရဲ႕ စဥ္းစားစရာခန္႔မွန္းခ်က္မ်ား

ဒီတစ္ပတ္အတြက္ မိုက္ကယ္အို၀င္ရဲ႕ ခန္႔မွန္းခ်က္ေတြကို တင္ဆက္ေပးလုိက္ပါတယ္။ အို၀င္ရဲ႕ ခန္႔မွန္းခ်က္ေတြက ထုံးစံအတိုင္း တစ္ခါတေလ လြဲေနတတ္ပါတယ္။ ဒါေၾကာင့္ အတည့္ယူရမလား၊ ေျပာင္းျပန္ေကာက္ရမလားဆိုတာ ကိုယ့္ဘာသာ စဥ္းစားခန္း၀င္ရမယ့္ ခန္႔မွန္းခ်က္ေတြပါ။

– ပဲေလ့စ္ ႏွင့္ မန္စီးတီး

မၾကာခင္ ညေန 6 နာရီမွာစတင္ေတာ့မယ့္ပြဲပါ။ စီးတီးကေတာ့ ခရစၥတယ္ပဲေလ့စ္ကို အေဝးကြင္း သြားရင္ဆိုင္ရမယ့္ ပြဲမွာလည္း ႏိုင္ပြဲ ယူဖို႔ ပစ္မွတ္ထားေနပါလိမ့္မယ္။မန္စီးတီးဟာ သူတို႔ ဖလား ဆက္တိုက္ သိမ္းယူလိုတဲ့ အစီအစဥ္ မွာ ပုံစံအပ်က္မခံလိုပါဘူး။

ခရစၥတယ္ပဲေလ့စ္က အားနည္းခ်က္ေတြရွိၿပီး၊ အထူးသျဖင့္ ခံစစ္ျပႆနာေပၚေနတဲ့အသင္းပါ။ မန္စီးတီးပဲႏိုင္ပါလိမ့္မယ္။ အိုဝင္ရဲ႕ဂိုး ခန႔္မွန္းရလဒ္ကေတာ့ ခရစၥတယ္ပဲေလ့စ္ 0-2 မန္စီးတီး ျဖစ္ပါတယ္။

-ခ်ယ္လ္ဆီးႏွင့္ ဖူလ္ဟမ္

ဒီေန႔ည ၁၁ နာရီမွာကစားမယ့္ ပြဲျဖစ္ပါတယ္။ ခ်ယ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ စေနက ပြဲမွာလည္း လန္ဒန္ကြင္းမွာ ၁-၀ နဲ႔ အႏိုင္ရခဲ့ပါတယ္။ဖူလ္ဟမ္က လက္က်န္ (၅)ပြဲမွာ ဝက္စ္ဘ႐ြန္းကို မမီေအာင္ေျပးရမယ့္အျပင္ ဘ႐ိုက္တန္ကို (၇)မွတ္လိုက္ဖို႔လိုေနပါတယ္။

ခ်ယ္လ္ဆီးက ခ်န္ပီယံလိဂ္ဆီမီးဖိုင္ နယ္ဒုတိယအေက်ာ့ကို အာ႐ုံစိုက္ေနရတဲ့အသင္းဆိုေပမယ့္ ဒီရာသီခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္လည္း အမွတ္လိုေနတဲ့အသင္းပါ။ အိုဝင္ရဲ႕ဂိုး ခန႔္မွန္းရလဒ္ကေတာ့ ခ်ယ္လ္ဆီး 2-0 ဖူလ္ဟမ္ျဖစ္ပါတယ္။

-နယူးကာဆယ္ႏွင့္ အာဆင္နယ္

မနက္ျဖန္ ည ၇နာရီ ခြဲမွာ ကစားမယ့္ပြဲျဖစ္ပါတယ္။ ဂန္းနား ပရိသတ္ေတြ အတြက္ေတာ့ အေတာ္ စိတ္ပ်က္ဖြယ္ ေဘာလုံး ရာသီ ျဖစ္ေနမွာ ျဖစ္ၿပီး နယူးကာဆယ္နဲ႔ ေတြ႕တဲ့ ဒီပြဲမွာလည္း တစ္မွတ္ေလာက္နဲ႔ ေက်နပ္ရဖို႔ ရွိပါတယ္။အိုဝင္ရဲ႕ ဂိုးခန႔္မွန္းရလဒ္ကေတာ့ နယူးကာဆယ္ 1-1 အာဆင္နယ္ျဖစ္ပါတယ္။

-ယူႏိုက္တက္ ႏွင့္ လီဗာပူး

တကယ့္ပြဲၾကီးပြဲေကာင္းတစ္ပြဲကေတာ့ မနက္ျဖန္ ည ၁၀း၀၀ နာရီ မွာကန္ပါမယ္။ ဒီရာသီ အေစာပိုင္း အန္းဖီးလ္မွာ ဆုံခဲ့စဥ္ကေတာ့ ဝ-၀ သေရက်ခဲ့တာပါ။အက္ဖ္ေအ ဖလား ပြဲမွာေတာ့ ယူႏိုက္တက္က ၃-၂ နဲ႔ အႏိုင္ရခဲ့တာပါ။ ယူႏိုက္တက္က ဒီရာသီ အိမ္ကြင္းထက္ အေဝးကြင္းမွာ ပိုေကာင္းေနပါတယ္။

ဒါေပမယ့္ အခုကေတာ့ အိုးထရက္ဖို႔ဒ္မွာ ေနာက္ဆုံး ကစားထားတဲ့ လိဂ္ပြဲ ၆ ပြဲ က ရႈံးပြဲ မရွိပါဘူး။လီဗာပူးကလည္း ခပ္ၾကမ္းၾကမ္းကစားပါလိမ့္မယ္။ တစ္နည္းအားျဖင့္ အႏိုင္မခံ၊အရွံဴးမေပးပုံစံမ်ဳိးပါ။ အိုဝင္ရဲ႕ ဂိုးခန႔္မွန္းရလဒ္ကေတာ့ ယူႏိုက္တက္ 1-1 လီဗာပူးျဖစ္ပါတယ္။