မိမိရဲ႕အေကာင္းဆုံးပုံစံကို ပရိသတ္ေတြ ျမင္ေတြ႕ရျခင္းမရွိေသးဘူးလုိ႔ ၿပိဳင္ဘက္ေတြကို လာကာဇက္ သတိေပး

Photo Credit

Photo Credit ; Getty Images / AFP

အာဆင္နယ္အသင္းတုိက္စစ္မွဴး လာကာဇက္က ပရီးမီးယားလိဂ္မွာ ပရိသတ္ေတြအေနနဲ႔ မိမိရဲ႕အေကာင္းဆုံးပုံစံကို ျမင္ေတြ႕ရျခင္းမရွိေသးေၾကာင္းနဲ႔ ယခုရာသီမွာ အာဆင္နယ္အသင္းနဲ႔အတူ ပိုမိုေကာင္းမြန္တဲ့မိမိကို ေတြ႕ျမင္ရလိမ့္မယ္လို႔ ၿပိဳင္ဘက္ေတြကို သတိေပးလုိက္ပါတယ္။

Photo Credit ; Getty Images

အသက္ ၂၈ႏွစ္အရြယ္ရွိ လာကာဇက္ဟာ ၂၀၁၇ ေႏြရာသီက လီယြန္ကေန ေရာက္ရွိလာၿပီးေနာက္ အာဆင္နယ္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၈၉ပြဲမွာ ၃၇ဂိုးသြင္းယူေပးထားၿပီး တုိက္စစ္မွာ အူဘာမီယန္းနဲ႔အတူ ေၾကာက္စရာအေကာင္းဆုံးတိုက္စစ္အတြဲကို ပုံေဖာ္ထားႏိုင္ပါတယ္။

Photo Credit

လာကာဇက္ဟာ စေနေန႔က ဘန္ေလကို ၂-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ၂၀၁၉-၂၀ ရာသီ သူ႕ရဲ႕ပထမဆုံးဂိုးအျဖစ္ အာဆင္နယ္အသင္းအတြက္ ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး အထူးသျဖင့္ ပင္နယ္တီဧရိယာအတြင္း လဲက်ေနရာကေန ေနာက္ခံလူႏွစ္ေယာက္ရဲ႕တားဆီးမႈကို ေက်ာ္ျဖတ္ကာ ႀကံဳသလုိပုံစံမ်ိဳးနဲ႔ ကန္သြင္းယူခဲ့တာပါ။

Photo Credit

ျပင္သစ္လက္ေရြးစင္ လာကာဇက္ဟာ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္မွာ ၁၄ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ပူးတြဲဂိုးသြင္းဘုရင္ျဖစ္ခဲ့တဲ့ အူဘာမီယန္းရဲ႕ ၇ဂိုးပိုနည္းခဲ့ေပမယ့္ အသင္းအေပၚ သူ႕ရဲ႕ေပးဆပ္ကစားမႈ၊ အသင္းေဖာ္ေတြနဲ႔အတူ လုိက္ေလ်ာညီေထြစြာကစားႏုိင္စြမ္းရွိမႈေတြေၾကာင့္ ပရိသတ္ေတြနဲ႔ ကၽြမ္းက်င္သူေတြရဲ႕ခ်ီးက်ဴးျခင္းခံေနရပါတယ္။

Photo Credit

အခုလုိရာသီသစ္စတင္ခ်ိန္မွာ လာကာဇက္က ဂိုးေတြဒီထက္ပိုမိုသြင္းယူမယ္လု႔ိ ပရိသတ္ေတြကို ကတိျပဳခဲ့ၿပီး အာဆင္နယ္အသင္း ရာသီအကုန္မွာ ခ်န္ပီယံလိဂ္၀င္ခြင့္ရရွိေရးအတြက္ ေျခစြမ္းတစ္သမတ္တည္းရရွိေအာင္ ႀကိဳးစားသြားမယ္လုိ႔ ႀကံဳး၀ါးလုိက္ပါတယ္။

Photo Credit

”ပရီးမီးယားလိဂ္ၿပိဳင္ပြဲက အခုခ်ိန္အထိ လာကာဇက္ရဲ႕အေကာင္းဆုံးေျခစြမ္းကို မျမင္ေတြ႕ရေသးပါဘူး။ တစ္ခါတေလ အရမ္းေကာင္းတဲ့ေျခစြမ္းေတြျမင္ေတြ႕ရေပမယ့္ အေကာင္းဆုံးေတာ့မဟုတ္ေသးပါဘူး။ ကၽြန္ေတာ့္အေနနဲ႔ ဒီထက္ဂိုးမ်ားမ်ားပိုသြင္းႏုိင္သလို ဒီထက္လည္း ပိုမိုတည္ၿငိမ္တဲ့ေျခစြမ္းမ်ိဳး ထုတ္ျပႏိုင္ပါေသးတယ္”လုိ႔ လာကာဇက္က ေျပာပါတယ္။

Photo Credit ; Getty Images

လာကာဇက္ရဲ႕အသင္းေဟာင္း လီယြန္နဲ႔ အူဘာမီယန္းရဲ႕အသင္းေဟာင္း စိန္႔အက္တီယန္တုိ႔ဟာ ျပင္သစ္မွာ ခါးသီးၿပိဳင္ဘက္ေတြျဖစ္ၿပီး လာကာဇက္က ၿပီးခဲ့တဲ့ရာသီအတြင္း စိန္႔အက္တီယန္ကို လီယြန္အသင္း အႏုိင္ရေတာ့ အူဘာမီယန္းကို ေနာက္ေျပာင္က်ီစယ္ခဲ့ေၾကာင္း ဆုိပါတယ္။

Photo Credit

လီယြန္ဟာ ျပင္သစ္လီဂူး-၁ အဖြင့္ပြဲစဥ္အျဖစ္ မိုနာကိုအသင္းကို ၃-၀ ဂိုးနဲ႔အႏိုင္ရခဲ့သလို ၿပီးခဲ့တဲ့ေသာၾကာေန႔ကလည္း အန္ဂါးစ္ကို ၆-၀ ဂိုးနဲ႔အႏုိင္ယူကာ အေျခအေနေကာင္းေနၿပီး လာကာဇက္က ေနာက္လာမယ့္ ၁၁လအတြင္း နည္းျပဆယ္လ္ဗင္ညိဳဦးေဆာင္တဲ့လီယြန္အေနနဲ႔ လက္ရွိပုံစံေကာင္းကို ဆက္ထိန္းႏိုင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ဆုိပါတယ္။

Photo Credit

Unicode

မိမိရဲ့အကောင်းဆုံးပုံစံကို ပရိသတ်တွေ မြင်တွေ့ရခြင်းမရှိသေးဘူးလို့ ပြိုင်ဘက်တွေကို လာကာဇက် သတိပေး

အာဆင်နယ်အသင်းတိုက်စစ်မှူး လာကာဇက်က ပရီးမီးယားလိဂ်မှာ ပရိသတ်တွေအနေနဲ့ မိမိရဲ့အကောင်းဆုံးပုံစံကို မြင်တွေ့ရခြင်းမရှိသေးကြောင်းနဲ့ ယခုရာသီမှာ အာဆင်နယ်အသင်းနဲ့အတူ ပိုမိုကောင်းမွန်တဲ့မိမိကို တွေ့မြင်ရလိမ့်မယ်လို့ ပြိုင်ဘက်တွေကို သတိပေးလိုက်ပါတယ်။
အသက် ၂၈နှစ်အရွယ်ရှိ လာကာဇက်ဟာ ၂၀၁၇ နွေရာသီက လီယွန်ကနေ ရောက်ရှိလာပြီးနောက် အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၈၉ပွဲမှာ ၃၇ဂိုးသွင်းယူပေးထားပြီး တိုက်စစ်မှာ အူဘာမီယန်းနဲ့အတူ ကြောက်စရာအကောင်းဆုံးတိုက်စစ်အတွဲကို ပုံဖော်ထားနိုင်ပါတယ်။
လာကာဇက်ဟာ စနေနေ့က ဘန်လေကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ၂၀၁၉-၂၀ ရာသီ သူ့ရဲ့ပထမဆုံးဂိုးအဖြစ် အာဆင်နယ်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး အထူးသဖြင့် ပင်နယ်တီဧရိယာအတွင်း လဲကျနေရာကနေ နောက်ခံလူနှစ်ယောက်ရဲ့တားဆီးမှုကို ကျော်ဖြတ်ကာ ကြုံသလိုပုံစံမျိုးနဲ့ ကန်သွင်းယူခဲ့တာပါ။
ပြင်သစ်လက်ရွေးစင် လာကာဇက်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ၁၄ဂိုးသွင်းယူနိုင်ခဲ့ပြီး ပူးတွဲဂိုးသွင်းဘုရင်ဖြစ်ခဲ့တဲ့ အူဘာမီယန်းရဲ့ ၇ဂိုးပိုနည်းခဲ့ပေမယ့် အသင်းအပေါ် သူ့ရဲ့ပေးဆပ်ကစားမှု၊ အသင်းဖော်တွေနဲ့အတူ လိုက်လျောညီထွေစွာကစားနိုင်စွမ်းရှိမှုတွေကြောင့် ပရိသတ်တွေနဲ့ ကျွမ်းကျင်သူတွေရဲ့ချီးကျူးခြင်းခံနေရပါတယ်။
အခုလိုရာသီသစ်စတင်ချိန်မှာ လာကာဇက်က ဂိုးတွေဒီထက်ပိုမိုသွင်းယူမယ်လု့ိ ပရိသတ်တွေကို ကတိပြုခဲ့ပြီး အာဆင်နယ်အသင်း ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးအတွက် ခြေစွမ်းတစ်သမတ်တည်းရရှိအောင် ကြိုးစားသွားမယ်လို့ ကြုံးဝါးလိုက်ပါတယ်။
”ပရီးမီးယားလိဂ်ပြိုင်ပွဲက အခုချိန်အထိ လာကာဇက်ရဲ့အကောင်းဆုံးခြေစွမ်းကို မမြင်တွေ့ရသေးပါဘူး။ တစ်ခါတလေ အရမ်းကောင်းတဲ့ခြေစွမ်းတွေမြင်တွေ့ရပေမယ့် အကောင်းဆုံးတော့မဟုတ်သေးပါဘူး။ ကျွန်တော့်အနေနဲ့ ဒီထက်ဂိုးများများပိုသွင်းနိုင်သလို ဒီထက်လည်း ပိုမိုတည်ငြိမ်တဲ့ခြေစွမ်းမျိုး ထုတ်ပြနိုင်ပါသေးတယ်”လို့ လာကာဇက်က ပြောပါတယ်။
လာကာဇက်ရဲ့အသင်းဟောင်း လီယွန်နဲ့ အူဘာမီယန်းရဲ့အသင်းဟောင်း စိန့်အက်တီယန်တို့ဟာ ပြင်သစ်မှာ ခါးသီးပြိုင်ဘက်တွေဖြစ်ပြီး လာကာဇက်က ပြီးခဲ့တဲ့ရာသီအတွင်း စိန့်အက်တီယန်ကို လီယွန်အသင်း အနိုင်ရတော့ အူဘာမီယန်းကို နောက်ပြောင်ကျီစယ်ခဲ့ကြောင်း ဆိုပါတယ်။
လီယွန်ဟာ ပြင်သစ်လီဂူး-၁ အဖွင့်ပွဲစဉ်အဖြစ် မိုနာကိုအသင်းကို ၃-၀ ဂိုးနဲ့အနိုင်ရခဲ့သလို ပြီးခဲ့တဲ့သောကြာနေ့ကလည်း အန်ဂါးစ်ကို ၆-၀ ဂိုးနဲ့အနိုင်ယူကာ အခြေအနေကောင်းနေပြီး လာကာဇက်က နောက်လာမယ့် ၁၁လအတွင်း နည်းပြဆယ်လ်ဗင်ညိုဦးဆောင်တဲ့လီယွန်အနေနဲ့ လက်ရှိပုံစံကောင်းကို ဆက်ထိန်းနိုင်ဖို့ မျှော်လင့်ကြောင်း ဆိုပါတယ်။