မိမိမွာ ဒိုင္ဗင္သမားမဟုတ္ေၾကာင္း သူ႕အေပၚ ေ၀ဖန္မႈေတြကို ဟယ္ရီကိန္း ျပန္လည္တုံ႔ျပန္

Photo Credit ; PA

Photo Credit ; Getty Images

ေတာ့တင္ဟမ္တုိက္စစ္မွဴး ဟယ္ရီကိန္းက ဒုတိယေျမာက္ရက္သတၱပတ္အျဖစ္ ပင္နယ္တီအျငင္းပြားဖြယ္ျဖစ္ရပ္ေတြမွာ အဓိကေနရာကေန ပါ၀င္ခဲ့ၿပီးေနာက္ သူ႕အေပၚ ေ၀ဖန္မႈေတြကို ျပန္လည္တုံ႔ျပန္တဲ့အေနနဲ႔ မိမိမွာ ဒိုင္ဗင္သမားတစ္ဦးမဟုတ္ေၾကာင္း အခုိင္အမာေျပာၾကားလုိက္ပါတယ္။

Photo Credit ; PA

အဂၤလန္အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းဟာ တနဂၤေႏြေန႔ညက အာဆင္နယ္နဲ႔ ၂-၂ ဂိုးသေရက်ခဲ့တဲ့လန္ဒန္ေျမာက္ပိုင္းဒါဘီပြဲမွာ ပြဲၿပီးခါနီး အႏိုင္ဂိုးရဖို႔ ႀကိဳးစားေနတုန္း အာဆင္နယ္ေနာက္ခံလူ ဆုိကရာတစ္ရဲ႕ဖိအားေပးမႈေအာက္မွာ ျမက္ခင္းေပၚ လဲက်သြားတာျဖစ္ပါတယ္။

Photo Credit

ဟယ္ရီကိန္းအေနနဲ႔ ျမက္ခင္းေပၚ အရမ္းကိုလြယ္ကူစြာလဲက်သြားတယ္လုိ႔ ဆုိကရာတစ္က ဦးေဆာင္စြပ္စြဲခဲ့ၿပီး ဟယ္ရီကိန္းရဲ႕ပင္နယ္တီေပးဖို႔ ေတာင္းဆုိမႈကို ကြင္းလယ္ဒိုင္ မာတင္အက္ကင္ဆန္ကလည္း ျငင္းဆန္ပယ္ခ်ခဲ့ပါတယ္။ ဟယ္ရီကိန္းဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ကလည္း နယူးကာဆယ္ကို ၀-၁ ဂိုးနဲ႔အေရးနိမ့္ခဲ့ရတဲ့ပြဲမွာ VAR ျပန္ၾကည့္ကာ ပင္နယ္တီအခြင့္အေရးပယ္ခ်ခံခဲ့ရပါတယ္။

Photo Credit

အာဆင္နယ္အသင္းနဲ႔ပြဲမွျဖစ္ရပ္နဲ႔ပတ္သက္လုိ႔ ဟယ္ရီကိန္းက ”ဆုိကရာတစ္က ဖ်က္ထုတ္ဖို႔ ႀကိဳးစားခဲ့တာပါ။ အဲဒီျဖစ္ရပ္က ျပစ္ဒဏ္ေဘာလုိ႔ထင္ပါတယ္။ ဒုိင္လူႀကီးက ကၽြန္ေတာ့္အေနနဲ႔ အဲဒီလုိေမွ်ာ္လင့္ထားတယ္လုိ႔ အေတြး၀င္သြားေလာက္ပါတယ္။ ဒါက ၅၀-၅၀ ပါပဲ”လုိ႔ ေျပာၾကားခဲ့ပါတယ္။

Photo Credit

ဒီလုိဟယ္ရီကိန္းက ေျပာၾကားခဲ့ေပမယ့္ ေဘာလုံးေလာကရဲ႕ေ၀ဖန္သုံးသပ္သူအမ်ားစုကေတာ့ သူ႕ရဲ႕ေျပာၾကားခ်က္ကို သေဘာမတူညီၾကပါဘူး။ ”ကၽြန္ေတာ္ကေတာ့ သူ ပင္နယ္တီရဖုိ႔ ႀကိဳးစားခဲ့တာလုိ႔ ထင္ပါတယ္။ ဆိုကရာတစ္က အေနာက္ကေန လက္နဲ႔ထိလိုက္လုိ႔ ဒါက ပင္နယ္တီလုိ႔ ထင္စရာရွိေပမယ့္ ဟယ္ရီကိန္းက လဲက်ႏွင့္ေနၿပီးပါၿပီ”လုိ႔ ဂေရမီေဆာင္းနက္စ္က စကိုင္းစပို႔တ္သတင္းဌာနကို ေျပာပါတယ္။

Photo Credit

ယူႏုိက္တက္နဲ႔ ခ်ဲလ္ဆီးနည္းျပေဟာင္း ဟိုေဆးေမာ္ရင္ညိဳကလည္း အဲဒီျဖစ္ရပ္က ပင္နယ္တီမေပးသင့္ဘူးလုိ႔ သူ႕အျမင္ကို ဖြင့္ဟခဲ့ၿပီး တကယ္လုိ႔ VAR မရွိရင္ အျငင္းပြားႏုိင္ေပမယ့္ VAR နဲ႔ဆိုေတာ့ ေသခ်ာေၾကာင္း ေျပာပါတယ္။

Photo Credit

Unicode

မိမိမှာ ဒိုင်ဗင်သမားမဟုတ်ကြောင်း သူ့အပေါ် ဝေဖန်မှုတွေကို ဟယ်ရီကိန်း ပြန်လည်တုံ့ပြန်

တော့တင်ဟမ်တိုက်စစ်မှူး ဟယ်ရီကိန်းက ဒုတိယမြောက်ရက်သတ္တပတ်အဖြစ် ပင်နယ်တီအငြင်းပွားဖွယ်ဖြစ်ရပ်တွေမှာ အဓိကနေရာကနေ ပါဝင်ခဲ့ပြီးနောက် သူ့အပေါ် ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ မိမိမှာ ဒိုင်ဗင်သမားတစ်ဦးမဟုတ်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ တနင်္ဂနွေနေ့ညက အာဆင်နယ်နဲ့ ၂-၂ ဂိုးသရေကျခဲ့တဲ့လန်ဒန်မြောက်ပိုင်းဒါဘီပွဲမှာ ပွဲပြီးခါနီး အနိုင်ဂိုးရဖို့ ကြိုးစားနေတုန်း အာဆင်နယ်နောက်ခံလူ ဆိုကရာတစ်ရဲ့ဖိအားပေးမှုအောက်မှာ မြက်ခင်းပေါ် လဲကျသွားတာဖြစ်ပါတယ်။
ဟယ်ရီကိန်းအနေနဲ့ မြက်ခင်းပေါ် အရမ်းကိုလွယ်ကူစွာလဲကျသွားတယ်လို့ ဆိုကရာတစ်က ဦးဆောင်စွပ်စွဲခဲ့ပြီး ဟယ်ရီကိန်းရဲ့ပင်နယ်တီပေးဖို့ တောင်းဆိုမှုကို ကွင်းလယ်ဒိုင် မာတင်အက်ကင်ဆန်ကလည်း ငြင်းဆန်ပယ်ချခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကလည်း နယူးကာဆယ်ကို ဝ-၁ ဂိုးနဲ့အရေးနိမ့်ခဲ့ရတဲ့ပွဲမှာ VAR ပြန်ကြည့်ကာ ပင်နယ်တီအခွင့်အရေးပယ်ချခံခဲ့ရပါတယ်။
အာဆင်နယ်အသင်းနဲ့ပွဲမှဖြစ်ရပ်နဲ့ပတ်သက်လို့ ဟယ်ရီကိန်းက ”ဆိုကရာတစ်က ဖျက်ထုတ်ဖို့ ကြိုးစားခဲ့တာပါ။ အဲဒီဖြစ်ရပ်က ပြစ်ဒဏ်ဘောလို့ထင်ပါတယ်။ ဒိုင်လူကြီးက ကျွန်တော့်အနေနဲ့ အဲဒီလိုမျှော်လင့်ထားတယ်လို့ အတွေးဝင်သွားလောက်ပါတယ်။ ဒါက ၅၀-၅၀ ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။
ဒီလိုဟယ်ရီကိန်းက ပြောကြားခဲ့ပေမယ့် ဘောလုံးလောကရဲ့ဝေဖန်သုံးသပ်သူအများစုကတော့ သူ့ရဲ့ပြောကြားချက်ကို သဘောမတူညီကြပါဘူး။ ”ကျွန်တော်ကတော့ သူ ပင်နယ်တီရဖို့ ကြိုးစားခဲ့တာလို့ ထင်ပါတယ်။ ဆိုကရာတစ်က အနောက်ကနေ လက်နဲ့ထိလိုက်လို့ ဒါက ပင်နယ်တီလို့ ထင်စရာရှိပေမယ့် ဟယ်ရီကိန်းက လဲကျနှင့်နေပြီးပါပြီ”လို့ ဂရေမီဆောင်းနက်စ်က စကိုင်းစပို့တ်သတင်းဌာနကို ပြောပါတယ်။
ယူနိုက်တက်နဲ့ ချဲလ်ဆီးနည်းပြဟောင်း ဟိုဆေးမော်ရင်ညိုကလည်း အဲဒီဖြစ်ရပ်က ပင်နယ်တီမပေးသင့်ဘူးလို့ သူ့အမြင်ကို ဖွင့်ဟခဲ့ပြီး တကယ်လို့ VAR မရှိရင် အငြင်းပွားနိုင်ပေမယ့် VAR နဲ့ဆိုတော့ သေချာကြောင်း ပြောပါတယ်။