မိမိကစားလုိတဲ့ပံုစံကို အသင္းေဖာ္ေတြထံေျပာျပထားတယ္လုိ႔ ဒန္နီရယ္ဂ်ိမ္းစ္ဖြင့္ဟခဲ့

မန္ယူအသင္းရဲ႕ ပထမဆံုးေျခစမ္းပြဲမွာ ေျခစြမ္းျပကစားႏုိင္ခဲ့တဲ့ ေ၀းလ္ေတာင္ပံတုိက္စစ္ကစားသမား ဂ်ိမ္းစ္ဒန္နီရယ္က သူ႔ကို ၿပိဳင္ဘက္ေနာက္ခံလူေတြၾကားေဘာလံုးေပးပို႔ေပးဖုိ႔ အသင္းေဖာ္ေတြထံ မွာၾကားထားတယ္လုိ႔ ထုတ္ေဖာ္ေျပာသြားခဲ့ပါတယ္။

ယခုေႏြရာသီမွာ ဆြမ္ဆီးကေန မန္ယူအသင္းကိုေျပာင္းေရႊ႕လာခဲ့တဲ့ ဒန္နီရယ္ဂ်ိမ္းစ္ဟာ မန္ယူအသင္းရဲ႕ ပါ့သ္ဂလုိရီနဲ႔ေျခစမ္းပြဲမွာ 45 မိနစ္ပါ၀င္ကစားခြင့္ရခဲ့ၿပီး အဲဒီပြဲမွာ ဂိုးမသြင္းႏုိင္ခဲ့ေပမယ့္ ၿပိဳင္ဘက္ေနာက္တန္းကို အလုပ္ရႈပ္ေစခဲ့တဲ့အထိ ေျခစြမ္းျပႏုိင္ခဲ့လို႔ မန္ယူအသင္းပရိသတ္ေတြရဲ႕ ႏွစ္သက္သေဘာက်ျခင္း ခံခဲ့ရပါတယ္။

ဒန္နီရယ္ဂ်ိမ္းစ္ဟာ မန္ယူအသင္းအတြက္ ပထမဆံုးပြဲထြက္ကစားခြင့္ရတဲ့ပြဲမွာပဲ ၿပိဳင္ဘက္အသင္းဂိုးေပါက္ကို ႏွစ္ႀကိမ္တုိင္တိုင္ ကန္သြင္းၿခိမ္းေျခာက္ႏုိင္ခဲ့တာျဖစ္ပါတယ္။ အဲဒီလုိ ကစားႏုိင္ဖုိ႔အတြက္ မန္ယူအသင္းကို ေျပာင္းေရႊ႕လာခ်ိန္မွာပဲ ကစားေဖာ္ေတြကို ေဘာလံုးေပးပို႔ရမယ့္ပံုစံ ေျပာျပထားခဲ့တာျဖစ္တယ္လုိ႔ သူက ေျပာသြားခဲ့တာျဖစ္ပါတယ္။

“ က်ေတာ္ မန္ယူအသင္းကို ေရာက္ရိွလာခ်ိန္မွာပဲ ေနာက္ခံလူေတြကို က်ေတာ္ႀကိဳက္တဲ့ ကစားပံုကို ေျပာျပထားတယ္။ အက္ရွ္ေလယန္းက က်ေတာ့္ကို အတြင္းဘက္အထိ ေဘာလံုးခ်ိဳးေပးတာမ်ိဳးကို ႀကိဳက္ပါတယ္။ ေနာက္ ရက္သတၱပတ္အနည္းငယ္ေလာက္ဆုိ သူတို႔နဲ႔ က်ေတာ္ အေကာင္းဆံုးတြဲဖက္ႏိုင္လိမ့္မယ္ ထင္ပါတယ္။ က်ေတာ္က ၿပိဳင္ဘက္ေတြရဲ႕ ေရွ႕မွာ ထက္ ေနာက္ဘက္မွာေနၿပီး ေဘာလံုးရယူတာကို ပိုႀကိဳက္တယ္။ ဒါကလည္း သူတုိ႔နဲ႔ က်ေတာ္ အကြာအေ၀းအေပၚ မူတည္ပါတယ္” လို႔ ဒန္နီရယ္ဂ်ိမ္းစ္က ေျပာသြားခဲ့တာပါ။

အသက္ 21 ႏွစ္အရြယ္သာရိွေသးတဲ့ ဒန္နီရယ္ဂ်ိမ္းစ္ဟာ ဘယ္ေတာင္ပံတုိက္စစ္ေနရာမွာ ကစားရတာကို ပိုႏွစ္သက္တယ္လုိ႔ ဆက္လက္ေျပာၾကားခဲ့ၿပီး နည္းျပဆိုးလ္ရွားကလည္း ဒန္နီရယ္ဂ်ိမ္းစ္ကစားတာကို စိတ္လႈပ္ရွားမိတယ္လို႔ ခ်ီးက်ဴးေျပာခဲ့ပါတယ္။

ဒန္နီရယ္ဂ်ိမ္းစ္နဲ႔ပတ္သက္ၿပီး ဆိုးလ္ရွားက “ သူက ျဖတ္ထိုးဥာဏ္ေကာင္းတယ္။ သူ႔ရဲ႕ ပထမဆံုးပြဲကို အေကာင္းဆံုး စတင္ႏုိင္ခဲ့ပါတယ္။ ေနာက္လာမယ့္ပြဲေတြ၊ ပြဲေတြမွာ စိတ္လႈပ္ရွားစရာျဖစ္လာဦးမွာပါ” လို႔ ေျပာသြားခဲ့ပါတယ္။

[Unicode]

မိမိကစားလိုတဲ့ပုံစံကို အသင်းဖော်တွေထံပြောပြထားတယ်လို့ ဒန်နီရယ်ဂျိမ်းစ်ဖွင့်ဟခဲ့
=====================================

မန်ယူအသင်းရဲ့ ပထမဆုံးခြေစမ်းပွဲမှာ ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ ဝေးလ်တောင်ပံတိုက်စစ်ကစားသမား ဂျိမ်းစ်ဒန်နီရယ်က သူ့ကို ပြိုင်ဘက်နောက်ခံလူတွေကြားဘောလုံးပေးပို့ပေးဖို့ အသင်းဖော်တွေထံ မှာကြားထားတယ်လို့ ထုတ်ဖော်ပြောသွားခဲ့ပါတယ်။

ယခုနွေရာသီမှာ ဆွမ်ဆီးကနေ မန်ယူအသင်းကိုပြောင်းရွှေ့လာခဲ့တဲ့ ဒန်နီရယ်ဂျိမ်းစ်ဟာ မန်ယူအသင်းရဲ့ ပါ့သ်ဂလိုရီနဲ့ခြေစမ်းပွဲမှာ 45 မိနစ်ပါဝင်ကစားခွင့်ရခဲ့ပြီး အဲဒီပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ပြိုင်ဘက်နောက်တန်းကို အလုပ်ရှုပ်စေခဲ့တဲ့အထိ ခြေစွမ်းပြနိုင်ခဲ့လို့ မန်ယူအသင်းပရိသတ်တွေရဲ့ နှစ်သက်သဘောကျခြင်း ခံခဲ့ရပါတယ်။

ဒန်နီရယ်ဂျိမ်းစ်ဟာ မန်ယူအသင်းအတွက် ပထမဆုံးပွဲထွက်ကစားခွင့်ရတဲ့ပွဲမှာပဲ ပြိုင်ဘက်အသင်းဂိုးပေါက်ကို နှစ်ကြိမ်တိုင်တိုင် ကန်သွင်းခြိမ်းခြောက်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီလို ကစားနိုင်ဖို့အတွက် မန်ယူအသင်းကို ပြောင်းရွှေ့လာချိန်မှာပဲ ကစားဖော်တွေကို ဘောလုံးပေးပို့ရမယ့်ပုံစံ ပြောပြထားခဲ့တာဖြစ်တယ်လို့ သူက ပြောသွားခဲ့တာဖြစ်ပါတယ်။

“ ကျတော် မန်ယူအသင်းကို ရောက်ရှိလာချိန်မှာပဲ နောက်ခံလူတွေကို ကျတော်ကြိုက်တဲ့ ကစားပုံကို ပြောပြထားတယ်။ အက်ရှ်လေယန်းက ကျတော့်ကို အတွင်းဘက်အထိ ဘောလုံးချိုးပေးတာမျိုးကို ကြိုက်ပါတယ်။ နောက် ရက်သတ္တပတ်အနည်းငယ်လောက်ဆို သူတို့နဲ့ ကျတော် အကောင်းဆုံးတွဲဖက်နိုင်လိမ့်မယ် ထင်ပါတယ်။ ကျတော်က ပြိုင်ဘက်တွေရဲ့ ရှေ့မှာ ထက် နောက်ဘက်မှာနေပြီး ဘောလုံးရယူတာကို ပိုကြိုက်တယ်။ ဒါကလည်း သူတို့နဲ့ ကျတော် အကွာအဝေးအပေါ် မူတည်ပါတယ်” လို့ ဒန်နီရယ်ဂျိမ်းစ်က ပြောသွားခဲ့တာပါ။

အသက် 21 နှစ်အရွယ်သာရှိသေးတဲ့ ဒန်နီရယ်ဂျိမ်းစ်ဟာ ဘယ်တောင်ပံတိုက်စစ်နေရာမှာ ကစားရတာကို ပိုနှစ်သက်တယ်လို့ ဆက်လက်ပြောကြားခဲ့ပြီး နည်းပြဆိုးလ်ရှားကလည်း ဒန်နီရယ်ဂျိမ်းစ်ကစားတာကို စိတ်လှုပ်ရှားမိတယ်လို့ ချီးကျူးပြောခဲ့ပါတယ်။

ဒန်နီရယ်ဂျိမ်းစ်နဲ့ပတ်သက်ပြီး ဆိုးလ်ရှားက “ သူက ဖြတ်ထိုးဉာဏ်ကောင်းတယ်။ သူ့ရဲ့ ပထမဆုံးပွဲကို အကောင်းဆုံး စတင်နိုင်ခဲ့ပါတယ်။ နောက်လာမယ့်ပွဲတွေ၊ ပွဲတွေမှာ စိတ်လှုပ်ရှားစရာဖြစ်လာဦးမှာပါ” လို့ ပြောသွားခဲ့ပါတယ်။