မိန်းကလေးတွေအတွက် အိပ်မက်ဆိုးဖြစ်စေတဲ့ မန်ချက်စတာမြို့က ကစားသမားဟောင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးစတားဘင်ဂျာမင်မင်ဒီဟာနောက်ထပ်ဗလက္ကာယမှုနှစ်မှုနှင့်ထပ်မံစွဲချက်တင်ခြင်းခံလာရပါတယ်။

ပြင်သစ်လက်ရွေးစင်ကစားသမားဟာအစောပိုင်းကတည်းကဗလက္ကာယအမှုတွေနှင့်ရင်ဆိုင်နေရတာဖြစ်ပြီးယခုအခါအမှုပေါင်း၆ခုဖြင့်စွဲချက်တင်ခံလာရပြီဖြစ်ပါတယ်။

မင်ဒီအနေနဲ့အဆိုပါပြစ်မှုတွေကို ၂၀၂၀ခုနှစ်အောက်တိုဘာကနေ ၂၀၂၁ခုနှစ်ဩဂုတ်လအတွင်းကျူးလွန်ခဲ့တာဖြစ်ပြီး ထပ်တိုးပြစ်မှုတွေကိုလည်း အဆိုပါအချိန်အတွင်းကျူးလွန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အသက်၂၇နှစ်အရွယ်ပြင်သစ်နောက်ခံလူဟာ စုံစမ်းစစ်ဆေးမှုတွေခံယူရမှာဖြစ်တာကြောင့် ပထမဆုံးအကြိမ်စွဲချက်တင်ခံရကတည်းက မန်စီးတီးအသင်းရဲ့ထုတ်ပယ်ခြင်းကိုခံထားရတာပါ။

ဒါ့အပြင်ဘင်ဂျာမင်မင်ဒီနှင့်အပေါင်းပါ အသက်၄၀နှစ်ရှိလူးဝစ်ဆာဟာမတ်ကျူရီမှာလည်းနောက်ထပ်ဗလက္ကာယမှု၂မှု၊လိင်အကြမ်းဖက်မှု၁မှုတို့နှင့်ထပ်မံစွဲချက်တင်ခံလာရပါတယ်။

မင်ဒီဟာလက်ရှိအချိန်တွင်လီဗာပူးရှိ HMP Alcourse တွင်ထိန်းသိမ်းခံထားရပြီးမတ်ကျူရီမှာယနေ့တွင်တရားရုံးမှာထွက်ဆိုမှုပြုလုပ်ရပါမယ်။

၎င်းတို့နှစ်ဦးလုံးဟာလာမယ့်၂၀၂၂ခုနှစ်၊ဇန်နဝါရီလ၂၄ရက်နေ့မှာရုံးတင်စစ်ဆေးခြင်းခံရပါမယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မိန္းကေလးေတြအတြက္ အိပ္မက္ဆိုးျဖစ္ေစတဲ့ မန္ခ်က္စတာၿမိဳ႕က ကစားသမားေဟာင္း

မန္စီးတီးစတားဘင္ဂ်ာမင္မင္ဒီဟာေနာက္ထပ္ဗလကၠာယမႈႏွစ္မႈႏွင့္ထပ္မံစြဲခ်က္တင္ျခင္းခံလာရပါတယ္။ျပင္သစ္လက္ေ႐ြးစင္ကစားသမားဟာအေစာပိုင္းကတည္းကဗလကၠာယအမႈ​ေတြႏွင့္ရင္ဆိုင္ေနရတာျဖစ္ၿပီးယခုအခါအမႈေပါင္း၆ခုျဖင့္စြဲခ်က္တင္ခံလာရၿပီျဖစ္ပါတယ္။

မင္ဒီအေနနဲ႔အဆိုပါျပစ္မႈေတြကို ၂၀၂၀ခုႏွစ္ေအာက္တိုဘာကေန ၂၀၂၁ခုႏွစ္ဩဂုတ္လအတြင္းက်ဴးလြန္ခဲ့တာျဖစ္ၿပီး ထပ္တိုးျပစ္မႈေတြကိုလည္း အဆိုပါအခ်ိန္အတြင္းက်ဴးလြန္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

အသက္၂၇ႏွစ္အ႐ြယ္ျပင္သစ္ေနာက္ခံလူဟာ စုံစမ္းစစ္ေဆးမႈေတြခံယူရမွာျဖစ္တာေၾကာင့္ ပထမဆုံးအႀကိမ္စြဲခ်က္တင္ခံရကတည္းက မန္စီးတီးအသင္းရဲ႕ထုတ္ပယ္ျခင္းကိုခံထားရတာပါ။ဒါ့အျပင္ဘင္ဂ်ာမင္မင္ဒီႏွင့္အေပါင္းပါ အသက္၄၀ႏွစ္ရွိလူးဝစ္ဆာဟာမတ္က်ဴရီမွာလည္းေနာက္ထပ္ဗလကၠာယမႈ၂မႈ၊လိင္အၾကမ္းဖက္မႈ၁မႈတို႔ႏွင့္ထပ္မံစြဲခ်က္တင္ခံလာရပါတယ္။

မင္ဒီဟာလက္ရွိအခ်ိန္တြင္လီဗာပူးရွိ HMP Alcourse တြင္ထိန္းသိမ္းခံထားရၿပီးမတ္က်ဴရီမွာယေန႔တြင္တရား႐ုံးမွာထြက္ဆိုမႈျပဳလုပ္ရပါမယ္။ ၎တို႔ႏွစ္ဦးလုံးဟာလာမယ့္၂၀၂၂ခုႏွစ္၊ဇန္နဝါရီလ၂၄ရက္ေန႔မွာ႐ုံးတင္စစ္ေဆးျခင္းခံရပါမယ္။