M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဟောင်းအဲရစ်ဂျမ်ဘာဂျမ်ဘာက သူ့မိခင်ဖြစ်သူ ဆုံးပါးသွားချိန်မှာ စီရော်နယ်လ်ဒိုဟာ သူငယ်ချင်းကောင်းတစ်ယောက်ပီသစွာ နှစ်သိမ့်ခဲ့တယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။
ယူနိုက်တက်ဂန္ထဝင်နည်းပြကြီးဖာဂူဆန်ဟာ ၂၀၀၃ ခုနှစ်က စီရော်နယ်လ်ဒို၊ ဂျမ်ဘာဂျမ်ဘာတို့ကို ယူနိုက်တက်အသင်းဆီခေါ်ယူခဲ့ပြီး မကြာခင်မှာပဲ သူတို့နှစ်ဦးဟာ ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်ခဲ့ပါတယ်။
အသက်(၄၀)အရွယ်ရှိပြီဖြစ်သူ ကင်မရွန်းလက်ရွေးစင်ကစားသမားဟောင်းဂျမ်ဘာဂျမ်ဘာဟာ စီရော်နယ်လ်ဒိုနဲ့ (၁)နှစ်တည်းမှာပဲ ယူနိုက်တက်အသင်းဆီရောက်ရှိခဲ့ပေမယ့် စီရော်နယ်လ်ဒိုလို အောင်မြင်မှုမရခဲ့ဘဲ ၂၀၀၅ ခုနှစ်မှာ အသင်းနဲ့လမ်းခွဲခဲ့ရတာပါ။
ဒါပေမဲ့ ယူနိုက်တက်ကစားသမားဘဝ (၂)နှစ်တာကာလအတွင်း စီရော်နယ်လ်ဒိုနဲ့ ဂျမ်ဘာဂျမ်ဘာတို့ဟာ တစ်ပူးတွဲတွဲရှိခဲ့ပြီး မန်ချက်စတာမှာရှိတဲ့ တောင်အာဖရိကနာမည်ကျော် Nando စားသောက်ဆိုင်မှာ မကြာခဏဆိုသလို သွားရောက်စားသောက်ခဲ့ကြပါတယ်။
ဂျမ်ဘာဂျမ်ဘာဟာ ယူနိုက်တက်နဲ့စောစောစီးစီးလမ်းခွဲခဲ့ရပေမယ့် စီရော်နယ်လ်ဒိုကတော့ သူ့သူငယ်ချင်းကို ဘယ်တော့မှမမေ့ဘဲ ၂၀၁၀ ခုနှစ်အတွင်းမှာ ဂျမ်ဘာဂျမ်ဘာရဲ့မိခင်ကွယ်လွန်ချိန်တုန်းက စီရော်နယ်လ်ဒိုဟာ ဂျမ်ဘာဂျမ်ဘာဆီ ချက်ချင်းဖုန်းဆက်ပြီးတော့ နှစ်သိမ့်စကားပြောကြားခဲ့တာဖြစ်ပါတယ်။
အဲဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ၂၀၁၈ ခုနှစ်တုန်းက The Sun သတင်းစာနဲ့အင်တာဗျူးမှာ ဂျမ်ဘာဂျမ်ဘာက အခုလိုဖွင့်ဟခဲ့ပါတယ်။
”၂၀၁၀ မှာ ကျွန်တော့်အမေကွယ်လွန်သွားတော့ စီရော်နယ်လ်ဒိုဟာ ကျွန်တော့်ကို အားပေးနှစ်သိမ့်ခဲ့ပါတယ်။
အဲဒီအချိန်တုန်းက သူဟာ ရီးယဲလ်အသင်းမှာကစားနေတာဖြစ်ပြီး ကျွန်တော့်အမေဆုံးသွားတာကို သိလိုက်ရချိန်မှာ ကျွန်တော့်ဆီချက်ချင်းဖုန်းခေါပြီးတော့ “တကယ်လို့ မင်း င့ါကို လိုအပ်တယ်ဆိုရင်၊ တစ်ယောက်ယောက်ကို ရင်ဖွင့်ချင်တယ်ဆိုရင် ငါအမြဲတမ်းရှိတယ်နော်..သူငယ်ချင်း”လို့ အားပေးခဲ့ပါတယ်။
အဲဒီအဖြစ်အပျက်ကို ကျွန်တော်ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ပါဘူး။
အဲဒီအချိန်မှာ ကျွန်တော်က အရမ်းဝမ်းနည်းနေတဲ့အချိန်ဖြစ်လို့ စီရော်နယ်လ်ဒိုရဲ့အားပေးစကားတွေက ကျွန်တော့်အတွက် အားဆေးတစ်ခွက်ဖြစ်ခဲ့ရပါတယ်”။
ဂျမ်ဘာဂျမ်ဘာဟာ ကင်မရွန်းမှာရှိတဲ့ မိဘမဲ့ကလေးငယ်လေးတွေအတွက် အထောက်အပံ့ရရှိအောင် လူမှုရေးလုပ်ငန်းတွေလုပ်ဆောင်နေပြီး စီရော်နယ်လ်ဒိုက ဘောလုံးကန်ဖိနပ်၊ အစားအစာ လိုအပ်သမျှကို ထောက်ပံ့လှူဒါန်းသွားမယ်ဆိုပြီးကတိပေးခဲ့တယ်လို့ ဂျမ်ဘာဂျမ်ဘာက ဆိုခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
မိခင်ဆုံးပါးသွားချိန်မှာ စီရော်နယ်လ်ဒိုက သူငယ်ချင်းကောင်းပီသစွာ အားပေးခဲ့တယ်လို့ ဂျမ်ဘာဂျမ်ဘာ ဖွင့်ဟ