
Photo Credit
ရှက်ဖီးယူနိုက်တက်အသင်းဂိုးသမား ဒင်းဟန်ဒါဆန်က တကယ်လို့ ရာသီသစ်မှာ မိခင်ကလပ် ယူနိုက်တက်ရဲ့ဦးစားပေးဂိုးသမားအဖြစ် ကစားခွင့်ရဖို့ အာမခံချက်မရရင် လက်ရှိအသင်းကို အငှားနဲ့ ထပ်လာကစားဦးမယ်လို့ ရှက်ဖီးအသင်းဖော်တွေကို ကတိပေးထားကြောင်း သိရပါတယ်။
Photo Credit
ယူနိုက်တက်ကတော့ လာမယ့်နွေရာသီမှာ ကြီးမားတဲ့ဆုံးဖြတ်ချက် ချမှတ်ရတော့မှာဖြစ်ပြီး ဖြစ်နိုင်ခြေရှိတာကတော့ စက်တင်ဘာလကမှ အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ ဒီဂီယာက အသင်းရဲ့ဦးစားပေးဂိုးသမားအဖြစ် ဆက်လက်ရပ်တည်နိုင်ဖွယ်ရှိနေပတယ်။
Photo Credit
ဒါပေမဲ့ ရီးရဲလ်က စပိန်လက်ရွေးစင် ဒီဂီယာကို ဆက်လက်စောင့်ကြည့်နေပြီး အက်သလက်တီကိုဂိုးသမားဟောင်းရဲ့လက်စွမ်းတည်ငြိမ်မှုကလည်း ပြီးခဲ့တဲ့ရာသီကတည်းက သံသယမေးခွန်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ ဟန်ဒါဆန်ကတော့ ရှက်ဖီးနဲ့အတူ အထူးလက်စွမ်းပြနေပြီး ပရီးမီးယားလိဂ်ရဲ့လက်စွမ်းအတည်ငြိမ်ဆုံးဂိုးသမားတစ်ဦးဖြစ်နေသလို မေလအတွင်း ယူနိုက်တက်ကို ပြန်ရောက်လာချိန်မှာ အင်္ဂလန်လက်ရွေးစင်ဖြစ်နေမှာကလည်း သေချာသလောက်ရှိနေပါတယ်။
Photo Credit
ကျွမ်းကျင်သူတချို့ကလည်း ယူနိုက်တက်အနေနဲ့ လာမယ့်နွေရာသီအတွင်း အသင်းအင်အားဖြည့်တင်းနိုင်ရေးအတွက် ဒီဂီယာကို ရောင်းထုတ်ပြီး ဟန်ဒါဆန်ကို ဦးစားပေးဂိုးသမားအဖြစ် အသုံးပြုသင့်တယ်လို့ တိုက်တွန်းနေပါတယ်။ ဟန်ဒါဆန်ဟာ နောဝစ်ချ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ အထူးလက်စွမ်းပြနိုင်ခဲ့သလို အဲဒီပွဲမှာအနိုင်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဘီလီရှပ်ကလည်း အသက် ၂၂နှစ်အရွယ်ရှိ ဟန်ဒါဆန်ကို အထူးချီးကျူးခဲ့ပါတယ်။
Photo Credit
”သိပ်မကြာခင် အင်္ဂလန်အသင်းရဲ့ဦးစားပေးဂိုးသမားအဖြစ် သူ့ကို မြင်တွေ့ရလိမ့်မယ်လို့ ပြောရဲပါတယ်။ သူကလည်း အသင်းနဲ့ ပြန်လည်ပူးပေါင်းချင်နေပါတယ်။ သူ့အနေနဲ့ ယူနိုက်တက်အတွက် ကစားပေးချင်နေတာ အားလုံးသိပေမယ့် ပုံမှန်ပွဲထွက်ခွင့်အတွက် အာမခံချက်မရှိရင်တော့ ရှက်ဖီးမှာ လာပြန်ကစားမယ်လို့ ကတိပြုထားပါတယ်”လို့ ဘီလီရှပ်က ပြောပါတယ်။
Photo Credit
ဟန်ဒါဆန်ဟာ နောဝစ်ချ်နဲ့ပွဲမှာ တုံ့ပြန်မှုကောင်းကောင်းနဲ့ ၃ဆင့်ဆက် ကာကွယ်မှုပြုလုပ်နိုင်ခဲ့ပြီး သူ့အတွက် ဒီရာသီပရီးမီးယားလိဂ်မှာ ၁၀ပွဲမြောက် Clean Sheets ပွဲရယူနိုင်ခဲ့ပါတယ်။
Photo Credit
Zawgyi
မိခင္ကလပ္ ယူႏိုက္တက္မွာရွိတဲ့သူ႕ရဲ႕အနာဂတ္အေပၚ ဆံုးျဖတ္ထားၿပီးျဖစ္တဲ့ ဟန္ဒါဆန္
ရွက္ဖီးယူႏုိက္တက္အသင္းဂိုးသမား ဒင္းဟန္ဒါဆန္က တကယ္လုိ႔ ရာသီသစ္မွာ မိခင္ကလပ္ ယူႏုိက္တက္ရဲ႕ဦးစားေပးဂိုးသမားအျဖစ္ ကစားခြင့္ရဖို႔ အာမခံခ်က္မရရင္ လက္ရွိအသင္းကို အငွားနဲ႔ ထပ္လာကစားဦးမယ္လုိ႔ ရွက္ဖီးအသင္းေဖာ္ေတြကို ကတိေပးထားေၾကာင္း သိရပါတယ္။
ယူႏုိက္တက္ကေတာ့ လာမယ့္ေႏြရာသီမွာ ႀကီးမားတဲ့ဆုံးျဖတ္ခ်က္ ခ်မွတ္ရေတာ့မွာျဖစ္ၿပီး ျဖစ္ႏိုင္ေျခရွိတာကေတာ့ စက္တင္ဘာလကမွ အသင္းနဲ႔စာခ်ဳပ္သစ္ခ်ဳပ္ဆုိခဲ့တဲ့ ဒီဂီယာက အသင္းရဲ႕ဦးစားေပးဂိုးသမားအျဖစ္ ဆက္လက္ရပ္တည္ႏိုင္ဖြယ္ရွိေနပတယ္။
ဒါေပမဲ့ ရီးရဲလ္က စပိန္လက္ေရြးစင္ ဒီဂီယာကို ဆက္လက္ေစာင့္ၾကည့္ေနၿပီး အက္သလက္တီကိုဂုိးသမားေဟာင္းရဲ႕လက္စြမ္းတည္ၿငိမ္မႈကလည္း ၿပီးခဲ့တဲ့ရာသီကတည္းက သံသယေမးခြန္းေတြ ထြက္ေပၚေနပါတယ္။ ဒါေပမဲ့ ဟန္ဒါဆန္ကေတာ့ ရွက္ဖီးနဲ႔အတူ အထူးလက္စြမ္းျပေနၿပီး ပရီးမီးယားလိဂ္ရဲ႕လက္စြမ္းအတည္ၿငိမ္ဆုံးဂိုးသမားတစ္ဦးျဖစ္ေနသလုိ ေမလအတြင္း ယူႏုိက္တက္ကို ျပန္ေရာက္လာခ်ိန္မွာ အဂၤလန္လက္ေရြးစင္ျဖစ္ေနမွာကလည္း ေသခ်ာသေလာက္ရွိေနပါတယ္။
ကၽြမ္းက်င္သူတခ်ိဳ႕ကလည္း ယူႏုိက္တက္အေနနဲ႔ လာမယ့္ေႏြရာသီအတြင္း အသင္းအင္အားျဖည့္တင္းႏိုင္ေရးအတြက္ ဒီဂီယာကို ေရာင္းထုတ္ၿပီး ဟန္ဒါဆန္ကို ဦးစားေပးဂိုးသမားအျဖစ္ အသုံးျပဳသင့္တယ္လုိ႔ တုိက္တြန္းေနပါတယ္။ ဟန္ဒါဆန္ဟာ ေနာ၀စ္ခ်္ကို အႏိုင္ရခဲ့တဲ့ပြဲမွာ အထူးလက္စြမ္းျပႏိုင္ခဲ့သလုိ အဲဒီပြဲမွာအႏိုင္ဂိုးသြင္းယူႏုိင္ခဲ့တဲ့ ဘီလီရွပ္ကလည္း အသက္ ၂၂ႏွစ္အရြယ္ရွိ ဟန္ဒါဆန္ကို အထူးခ်ီးက်ဴးခဲ့ပါတယ္။
”သိပ္မၾကာခင္ အဂၤလန္အသင္းရဲ႕ဦးစားေပးဂိုးသမားအျဖစ္ သူ႕ကို ျမင္ေတြ႕ရလိမ့္မယ္လုိ႔ ေျပာရဲပါတယ္။ သူကလည္း အသင္းနဲ႔ ျပန္လည္ပူးေပါင္းခ်င္ေနပါတယ္။ သူ႕အေနနဲ႔ ယူႏုိက္တက္အတြက္ ကစားေပးခ်င္ေနတာ အားလုံးသိေပမယ့္ ပုံမွန္ပဲြထြက္ခြင့္အတြက္ အာမခံခ်က္မရွိရင္ေတာ့ ရွက္ဖီးမွာ လာျပန္ကစားမယ္လုိ႔ ကတိျပဳထားပါတယ္”လုိ႔ ဘီလီရွပ္က ေျပာပါတယ္။
ဟန္ဒါဆန္ဟာ ေနာ၀စ္ခ်္နဲ႔ပြဲမွာ တု႔ံျပန္မႈေကာင္းေကာင္းနဲ႔ ၃ဆင့္ဆက္ ကာကြယ္မႈျပဳလုပ္ႏိုင္ခဲ့ၿပီး သူ႕အတြက္ ဒီရာသီပရီးမီးယားလိဂ္မွာ ၁၀ပြဲေျမာက္ Clean Sheets ပြဲရယူႏိုင္ခဲ့ပါတယ္။