မာလ်မိုနဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ဗာနာနဲ့လူကာကူတို့ ရက်အနည်းငယ်ကြာအနားယူရဖို့ရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မာလ်မိုအသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ ဒဏ်ရာအသီးသီးရရှိခဲ့ကြတဲ့ ဗာနာနဲ့လူကာကူတို့ ရက်အတော်ကြာအနားယူရဖို့ရှိတယ်လို့ နည်းပြတူချယ်လ်က အတည်ပြုပြောကြားလိုက်ပါတယ်။

ဗာနာနဲ့လူကာကူတို့ဟာ ပထမပိုင်းမှာကတည်းက ဒဏ်ရာတွေရရှိခဲ့တာကြောင့် လူစားလဲခံခဲ့ရပြီး ချယ်လ်ဆီးအသင်းရဲ့လာမယ့်ပွဲစဉ်တချို့ကို လွဲချော်ဖို့ရှိနေပါပြီ။

အခုနောက်ပိုင်းပွဲတွေမှာ ဂိုးရဖို့ရုန်းကန်နေရတဲ့ တိုက်စစ်မှူးလူကာကူဟာ ပယ်နယ်တီဧရိယာအတွင်း မာလ်မိုကစားသမားနီလ်ဆင်ရဲ့ကြမ်းတမ်းတဲ့ကစားပုံကြောင့် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး

ချယ်လ်ဆီးအသင်းပယ်နယ်တီကန်ခွင့်ရရှိခဲ့ပေမယ့်လည်း လူကာကူကတော့ မတ်တပ်တောင်မထနိုင်တော့ဘဲ ဆေးအဖွဲ့ကဆေးကုသပေးခဲ့အပြီးမှာ ကွင်းထဲကနေ ခြေထော့နင်းနဲ့ထွက်သွားခဲ့ရပါတယ်။

လူကာကူ ဒဏ်ရာကြောင့်လူစားလဲခံခဲ့ရပြီး မကြာခင်မှာပဲ ဗာနာဟာ မာလ်မိုအသင်းဘက်ကို ထိုးဖောက်တိုက်စစ်ဆင်ဖို့ပြေးလွှားခဲ့တာကနေ ကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်သလို အိုဒွိုင်းနဲ့လူစားခံခဲ့ရတာဖြစ်ပါတယ်။

ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ တူချယ်လ်က “လူကာကူရဲ့ခြေချင်းဝတ်လည်သွားခဲ့ပြီး ဗာနာကတော့ တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရက်တော်တော်ကြာ အနားယူရဖို့ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။

အဲဒါကြောင့် အသင်းရဲ့လာမယ့်ပွဲတချို့ကို သူတို့နှစ်ယောက်လွဲချော်ဖို့ရှိနေပါပြီ။

မာလ်မိုနဲ့ပွဲမှာ လူကာကူကို ပွဲထွက်အသုံးပြုခဲ့တဲ့ဆုံးဖြတ်ချက်အပေါ် ကျွန်တော်နောင်တမရမိပါဘူး။

ဒီလိုပွဲမျိုးမှာ လူကာကူအတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရရှိအောင် ကြိုးစားနိုင်မယ့်အခွင့်အရေးရှိနေတာဖြစ်ပြီး ကံဆိုးစွာနဲ့ပဲ ဒဏ်ရာပြဿနာနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

လူကာကူဟာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇင်းနစ်နဲ့ကစားခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲစုံ(၇)ပွဲဆက်တိုက်ဂိုးပေါက်ပျောက်ဆုံးနေတာဖြစ်ပါတယ်။

အခုလောလောဆယ် ချယ်လ်ဆီးအသင်းရဲ့တိုက်စစ်မှာ အဓိက,ကစားသမားတွေဖြစ်တဲ့ လူကာကူ၊ ဗာနာ၊ ပူလီဆစ်တို့ ဒဏ်ရာရရှိနေတာကြောင့်

လာမယ့်ပွဲတွေကျရင် ချယ်လ်ဆီးအသင်းတိုက်စစ်က အားနည်းချက်တွေနဲ့ရင်ဆိုင်ရဖို့ရှိနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မာလ္မိုနဲ႔ပြဲမွာ ဒဏ္ရာရခဲ့တဲ့ ဗာနာနဲ႔လူကာကူတို႔ ရက္အနည္းငယ္ၾကာအနားယူရဖို႔ရွိေန

မာလ္မိုအသင္းကို ဂိုးျပတ္အႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာ ဒဏ္ရာအသီးသီးရရွိခဲ့ၾကတဲ့ ဗာနာနဲ႔လူကာကူတို႔ ရက္အေတာ္ၾကာအနားယူရဖို႔ရွိတယ္လို႔ နည္းျပတူခ်ယ္လ္က အတည္ျပဳေျပာၾကားလိုက္ပါတယ္။ ဗာနာနဲ႔လူကာကူတို႔ဟာ ပထမပိုင္းမွာကတည္းက ဒဏ္ရာေတြရရွိခဲ့တာေၾကာင့္ လူစားလဲခံခဲ့ရၿပီး ခ်ယ္လ္ဆီးအသင္းရဲ႕လာမယ့္ပြဲစဥ္တခ်ိဳ႕ကို လြဲေခ်ာ္ဖို႔ရွိေနပါၿပီ။

အခုေနာက္ပိုင္းပြဲေတြမွာ ဂိုးရဖို႔႐ုန္းကန္ေနရတဲ့ တိုက္စစ္မႉးလူကာကူဟာ ပယ္နယ္တီဧရိယာအတြင္း မာလ္မိုကစားသမားနီလ္ဆင္ရဲ႕ၾကမ္းတမ္းတဲ့ကစားပုံေၾကာင့္ ေျခခ်င္းဝတ္ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ခ်ယ္လ္ဆီးအသင္းပယ္နယ္တီကန္ခြင့္ရရွိခဲ့ေပမယ့္လည္း လူကာကူကေတာ့ မတ္တပ္ေတာင္မထႏိုင္ေတာ့ဘဲ ေဆးအဖြဲ႕ကေဆးကုသေပးခဲ့အၿပီးမွာ ကြင္းထဲကေန ေျခေထာ့နင္းနဲ႔ထြက္သြားခဲ့ရပါတယ္။

လူကာကူ ဒဏ္ရာေၾကာင့္လူစားလဲခံခဲ့ရၿပီး မၾကာခင္မွာပဲ ဗာနာဟာ မာလ္မိုအသင္းဘက္ကို ထိုးေဖာက္တိုက္စစ္ဆင္ဖို႔ေျပးလႊားခဲ့တာကေန ႂကြက္သားဒဏ္ရာရရွိခဲ့တာျဖစ္သလို အိုဒြိဳင္းနဲ႔လူစားခံခဲ့ရတာျဖစ္ပါတယ္။

ပြဲအၿပီးသတင္းစာရွင္းလင္းပြဲမွာ တူခ်ယ္လ္က “လူကာကူရဲ႕ေျခခ်င္းဝတ္လည္သြားခဲ့ၿပီး ဗာနာကေတာ့ တံေကာက္ေၾကာဒဏ္ရာရရွိခဲ့တာျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ရက္ေတာ္ေတာ္ၾကာ အနားယူရဖို႔ရွိတယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ အဲဒါေၾကာင့္ အသင္းရဲ႕လာမယ့္ပြဲတခ်ိဳ႕ကို သူတို႔ႏွစ္ေယာက္လြဲေခ်ာ္ဖို႔ရွိေနပါၿပီ။ မာလ္မိုနဲ႔ပြဲမွာ လူကာကူကို ပြဲထြက္အသုံးျပဳခဲ့တဲ့ဆုံးျဖတ္ခ်က္အေပၚ ကြၽန္ေတာ္ေနာင္တမရမိပါဘူး။

ဒီလိုပြဲမ်ိဳးမွာ လူကာကူအတြက္ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈရရွိေအာင္ ႀကိဳးစားႏိုင္မယ့္အခြင့္အေရးရွိေနတာျဖစ္ၿပီး ကံဆိုးစြာနဲ႔ပဲ ဒဏ္ရာျပႆနာနဲ႔ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။ လူကာကူဟာ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္အျဖစ္ ဇင္းနစ္နဲ႔ကစားခဲ့တဲ့ပြဲမွာ ဂိုးသြင္းယူခဲ့ၿပီးေနာက္ပိုင္း ၿပိဳင္ပြဲစုံ(၇)ပြဲဆက္တိုက္ဂိုးေပါက္ေပ်ာက္ဆုံးေနတာျဖစ္ပါတယ္။

အခုေလာေလာဆယ္ ခ်ယ္လ္ဆီးအသင္းရဲ႕တိုက္စစ္မွာ အဓိက,ကစားသမားေတြျဖစ္တဲ့ လူကာကူ၊ ဗာနာ၊ ပူလီဆစ္တို႔ ဒဏ္ရာရရွိေနတာေၾကာင့္ လာမယ့္ပြဲေတြက်ရင္ ခ်ယ္လ္ဆီးအသင္းတိုက္စစ္က အားနည္းခ်က္ေတြနဲ႔ရင္ဆိုင္ရဖို႔ရွိေနပါၿပီ။