မာရှယ် အပေါ် ဝေဖန်နေမှုများကို ဆိုးရှား တုံ့ပြန်ပြောကြား
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ချက်စတာ ယူနိုက်တက် နည်းပြ အိုလေ ဂန်နား ဆိုးရှာက အန်သိုနီ မာရှယ်အနေနဲ့ နောက်ပိုင်းပွဲစဥ်တွေမှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေပေမယ့့် အစွမ်းကုန် ကြိုးစားလျက်ရှိကြောင်း ချီးကျူးပြောဆိုခဲ့ပါတယ်။ ဆိုးရှားက ပြင်သစ်တိုက်စစ်မှူးအနေနဲ့ အချိန်တိုင်း တိုးတက်ဖို့ ပြင်ဆင်နေပြီး မကြာမီ ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းရရှိလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်နည်းပြက သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ မာရှယ်ဆီကနေ ဘာမျှော်လင့်ထားသလဲ ဆိုတဲ့ မေးခွန်းအပေါ် “ အန်သိုနီက ကျွန်တော်တို့ ဘာအလိုရှိလဲဆိုတာ သိပါတယ်။ သူက အသင်းအတွက် အကျိုးပြုနိုင်ဖို့ တကယ်ကြိုးစားနေပါတယ်။ အသင်းလေ့ကျင့်ရေးကွင်းမှ သူ့ရဲ့ အားထုတ်မှုတွေက ကျွန်တော့်ကို ကျေနပ်စေပါတယ်” လို့ ဆိုခဲ့ပါတယ်။
“ သူက ြဖစ်လာမယ့် အရာတွေကို စောင့်ဆိုင်းနေမှာတော့ မဟုတ်ပါဘူး ။ မိမိကိုယ်ကိုယ် စွမ်းဆောင်ရမယ်ဆိုတာ သူသိပါတယ်။ ကျွန်တော်တို့က သူ့ကို အားပေးတယ်၊ လမ်းညွှန်ပေးပါတယ်။ သူ့မှာ အရည်အချင်းရှိတယ်ဆိုတာာ ကျွန်တော်တို့သိပါတယ်။” “လူတိုင်းက ခက်ခဲတဲ့ ကာလတွေ ကြုံရစမြဲပါ။ သူက ကြိုးစာနေပါတယ်။ ဒါက အဓိကကျတဲ့ အရာပါ”
မာရှယ်အနေနဲ့ ဒီရာသီမှာ ပြိုင်ပွဲစုံ ( ၃၂ ) ပွဲ ကစားထားရာမှာ ( ၇ ) ဂိုးသာ သွင်းယူထားနိုင်ပြီး ပုံမှန်ခြေစွမ်း ပျောက်ဆုံးလျက်ရှိပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi