မာရှယ်ဟာ ရွိုင်ကိန်းကိုအဖြေပေးနိုင်တဲ့ မန်ယူတိုက်စစ်မှူးလို့ ဆိုးလ်ရှား အခိုင်အမာယုံကြည်ထား

PC ; Internet

အန်သိုနီမာရှယ်ဟာ ခေါ်ယူဖို့တိုက်တွန်းရတဲ့ မန်ယူတိုက်စစ်မှူးဖြစ်လာလိမ့်မယ်လို့ နည်းပြဆိုးလ်ရှားက အခိုင်အမာယုံကြည်နေပါတယ်။မန်ယူဟာ အင်တာမီလန်ကို လူကာကူထွက်သွားပြီးကတည်းက ဒီရာသီပြိုင်ပွဲစုံ ၁၃ပွဲမှာ တစ်ဂိုးထက်ပိုမရတဲ့ပွဲ ၁၂ပွဲအထိရှိခဲ့ပါတယ်။ဒါကြောင့် အသင်းခေါင်းဆောင်ဟောင်းရွိုင်ကိန်းက စပါးတိုက်စစ်မှူးဟယ်ရီကိန်းကိုခေါ်ယူဖို့ အကြံပေးထားပေမယ့် ဆိုးလ်ရှားကတော့ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာတဲ့ မာရှယ်ကြောင့် အဲဒီလိုအပ်ချက်ကိုဖြေရှင်းလိုက်နိုင်ပြီလို့ ခံစားမိနေတာပါ။

PC ; Internet

ပြင်သစ်တိုက်စစ်မှူးဟာ ပါတီဇန်ဘဲလ်ဂရိတ်ကိုအနိုင်ရတဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အနိုင်ဂိုးသွင်းပေးနိုင်ခဲ့သလို ဒီညကစားမယ့် နောဝှစ်ချ်နဲ့ပွဲမှာလည်း ပွဲထွက်လာဖို့ရှိနေပါတယ်။“ ကျွန်တော်တို့ရဲ့ဂန္ထဝင်ကျောနံပါတ် ၉ အကြောင်းကို လူတစ်ချို့ပြောနေကြတာ ကြားပါတယ်။ဒါပေမဲ့ မာရှယ်မှာ အဲဒီအရည်အသွေးတွေ လုံးဝပြည့်စုံနေပါတယ်။သူဟာ ပစ်မှတ်ထားခံရတဲ့ ကစားသမားတစ်ယောက် ဖြစ်လာနိုင်တယ်။သူက မြန်တယ်။နည်းစနစ်ပိုင်တယ်။

PC ; Internet

ဒီနေရာမှာ သူဆက်နေချင်တဲ့ တစ်ခုတည်းသော အကြောင်းပြချက်က သူ့ကို ဗဟိုတိုက်စစ်မှူးတစ်ဦးလို့ မြင်မိတယ်လို့ ကျွန်တော်ပြောခဲ့လို့ပါပဲ။အပြင်ဘက်ကလူတွေကတော့ သူ ဘယ်လောက်ကောင်းတယ်ဆိုတာ ဘယ်သိနိုင်ပါ့မလဲ။ဒါပေမဲ့ အဝတ်လဲခန်းထဲက ကစားသမားတွေကတော့ ကောင်းကောင်းသိထားကြပါတယ်။ဂိုးတွေဘယ်လိုသွင်းမယ်ဆိုတဲ့အကြောင်း ကျွန်တော်တို့ပြောကြတိုင်း …ကျွန်တော်တို့ကတော့ မာရှယ်ကိုဘောလုံးပေးလိုက်ရုံပါပဲ…လို့ ကစားသမားတွေကပြောကြတယ်။

PC ; Internet

သူဟာ နည်းပြနဲ့ကစားသမားတွေရဲ့ ယုံကြည်မှုကိုရရှိထားသူပါ။ဘာကြောင့်လဲဆိုတော့ လေ့ကျင့်ကွင်းမှာ သူ့ကို ကျွန်တော်တို့ အမြဲတမ်းတွေ့နေရလို့ပါပဲ ” လို့ ဆိုးလ်ရှားက Daily Mirror သတင်းစာကို ဖွင့်ဟသွားပါတယ်။

(zawgyi)

အန္သိုနီမာရွယ္ဟာ ေခၚယူဖို႔တိုက္တြန္းရတဲ့ မန္ယူတိုက္စစ္မွဴးျဖစ္လာလိ္မ့္မယ္လို႔ နည္းျပဆိုးလ္ရွားက အခိုင္အမာယံုၾကည္ေနပါတယ္။မန္ယူဟာ အင္တာမီလန္ကို လူကာကူထြက္သြားၿပီးကတည္းက ဒီရာသီၿပိဳင္ပြဲစံု ၁၃ပြဲမွာ တစ္ဂိုးထက္ပိုမရတဲ့ပြဲ ၁၂ပြဲအထိရွိခဲ့ပါတယ္။ဒါေၾကာင့္ အသင္းေခါင္းေဆာင္ေဟာင္းရြိဳင္ကိန္းက စပါးတိုက္စစ္မွဴးဟယ္ရီကိန္းကိုေခၚယူဖို႔ အႀကံေပးထားေပမယ့္ ဆိုးလ္ရွားကေတာ့ ႀကံ့ခိုင္မႈျပန္လည္ျပည့္၀လာတဲ့ မာရွယ္ေၾကာင့္ အဲဒီလိုအပ္ခ်က္ကိုေျဖရွင္းလိုက္ႏိုင္ၿပီလို႔ ခံစားမိေနတာပါ။ျပင္သစ္တိုက္စစ္မွဴးဟာ ပါတီဇန္ဘဲလ္ဂရိတ္ကိုအႏိုင္ရတဲ့ ယူရိုပါလိဂ္ပြဲစဥ္မွာ အႏိုင္ဂိုးသြင္းေပးႏိုင္ခဲ့သလို ဒီညကစားမယ့္ ေနာ၀ွစ္ခ်္နဲ႔ပြဲမွာလည္း ပြဲထြက္လာဖို႔ရွိေနပါတယ္။“ ကၽြန္ေတာ္တို႔ရဲ႕ဂႏၳ၀င္ေက်ာနံပါတ္ ၉ အေၾကာင္းကို လူတစ္ခ်ိဳ႔ေျပာေနၾကတာ ၾကားပါတယ္။ဒါေပမဲ့ မာရွယ္မွာ အဲဒီအရည္အေသြးေတြ လံုး၀ျပည့္စံုေနပါတယ္။သူဟာ ပစ္မွတ္ထားခံရတဲ့ ကစားသမားတစ္ေယာက္ ျဖစ္လာႏိုင္တယ္။သူက ျမန္တယ္။နည္းစနစ္ပိုင္တယ္။ဒီေနရာမွာ သူဆက္ေနခ်င္တဲ့ တစ္ခုတည္းေသာ အေၾကာင္းျပခ်က္က သူ႔ကို ဗဟိုတိုက္စစ္မွဴးတစ္ဦးလို႔ ျမင္မိတယ္လို႔ ကၽြန္ေတာ္ေျပာခဲ့လို႔ပါပဲ။အျပင္ဘက္ကလူေတြကေတာ့ သူ ဘယ္ေလာက္ေကာင္းတယ္ဆိုတာ ဘယ္သိႏိုင္ပါ့မလဲ။ဒါေပမဲ့ အ၀တ္လဲခန္းထဲက ကစားသမားေတြကေတာ့ ေကာင္းေကာင္းသိထားၾကပါတယ္။ဂိုးေတြဘယ္လိုသြင္းမယ္ဆိုတဲ့အေၾကာင္း ကၽြန္ေတာ္တို႔ေျပာၾကတိုင္း …ကၽြန္ေတာ္တို႔ကေတာ့ မာရွယ္ကိုေဘာလံုးေပးလိုက္ရံုပါပဲ…လို႔ ကစားသမားေတြကေျပာၾကတယ္။သူဟာ နည္းျပနဲ႔ကစားသမားေတြရဲ႕ ယံုၾကည္မႈကိုရရွိထားသူပါ။ဘာေၾကာင့္လဲဆိုေတာ့ ေလ့က်င့္ကြင္းမွာ သူ႔ကို ကၽြန္ေတာ္တို႔ အၿမဲတမ္းေတြ႔ေနရလို႔ပါပဲ ” လို႔ ဆိုးလ္ရွားက Daily Mirror သတင္းစာကို ဖြင့္ဟသြားပါတယ္။