မာရှယ်ရဲ့ချေပဂိုးနဲ့အတူ ဘရုဂျက်ကို အဝေးကွင်းသရေကစားနိုင်ခဲ့တဲ့ မန်ယူ

photo-daily mail

photo-gettyimages

မကြာသေးခင်နိုင်ပွဲအရှိန်တွေကို ဆက်မထိန်းနိုင်ခဲ့တဲ့မန်ယူဟာ ဘယ်လ်ဂျီယံကလပ်ဘရုဂျက်နဲ့ ယူရိုပါလိဂ် ၃၂ သင်းအဆင့်ပထမအကျော့အဝေးကွင်းမှာ အဝေးဂိုးတစ်ဂိုးနဲ့အတူ မရှုံးအောင်တော့ ကစားသွားခဲ့ပါတယ်။ ဒါဟာ ကျေနပ်စရာရလဒ်မဟုတ်ဘူးဆိုရင်တောင် မဆိုးလှဘူးလို့ပဲ ပြောရမှာပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီပွဲက မန်ယူရဲ့ခြေစွမ်းဟာ ပုံမှန်အောက် ရောက်နေခဲ့လို့ပါ။

photo-gettyimages

ဒီပွဲမတိုင် ပူပူနွေးနွေးအဖြစ် ချဲလ်ဆီးကို နိုင်ထားသလို နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲနိုင်၊ ၁ ပွဲသရေကစားထားပေမယ့် ဘရုဂျက်နဲ့ပွဲမှာ မန်ယူဟာ ကစားပုံအရ တာထွက်မကောင်းခဲ့ပါဘူး။ ပွဲချိန် ၁၅ မိနစ်မှာတင် ဦးဆောင်ဂိုးတောင် စပေးလိုက်ရပါတယ်။ လီဗာပူးဂိုးသမားဟောင်းဖြစ်တဲ့ ဘရုဂျက်ဂိုးသမားမစ်နိုလက်ကန်တင်ပေးတဲ့ဘောလုံးကို ချန်ပီယံလိဂ်အုပ်စုအဆင့်တုန်းက ရီးရဲလ်ဘက်ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှုးဒင်းနစ်က မန်ယူနောက်ခံလူနှစ်ယောက်ကြားထဲကနေထွက်ပြီး ဂိုးသမားကို ကျော်ကန်ခဲ့တာပါ။ ပင်နယ်တီဧရိယာအပြင်ဘက်ထိရောက်အောင် ရှေ့ထွက်လွန်းခဲ့တဲ့ မန်ယူဂိုးသမားရိုမီရိုရဲ့အမှားလည်း ဖြစ်ပါတယ်။

photo-gettyimages

မန်ယူဟာ ရုန်းကန်ခဲ့ရပေမယ့် ၃၆ မိနစ်အရောက်မှာတော့ တိုက်စစ်မှုးမာရှယ်က ဘရုဂျက်နောက်တန်းအမှားကနေ ဂိုးသမားနဲ့တစ်ယောက်ချင်းအတွေ့ ချေပဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ မာရှယ်ဟာ မန်ယူကိုရောက်လာပြီးကတည်းက မျှော်လင့်ထားသလောက် မဖြစ်လို့ မကြာခဏဆိုသလို ဝေဖန်ခံနေရပေမယ့် ဒီပွဲမှာတော့ မန်ယူရဲ့ခြေစွမ်းပြကစားသမားဖြစ်ပြီး ဒုတိယဂိုးတောင် သွင်းနိုင်လုနီးဖြစ်ခဲ့ကာ သူ့ကန်ချက်ကို မစ်နိုလက်ပုတ်ရာမှာ ဂိုးတိုင်ထိသွားခဲ့တာပါ။ မာရှယ်အနေနဲ့ ၂ ပွဲဆက်ဂိုးသွင်းနိုင်ခဲ့တာဖြစ်သလို ဒီရာသီ သူ့ရဲ့သွင်းဂိုးအရေအတွက်ဟာ ၁၄ ဂိုးရှိသွားပြီဖြစ်လို့ သူ့ရဲ့မန်ယူပွဲဦးထွက်ရာသီက အကောင်းဆုံးဂိုးသွင်းနှုန်းဖြစ်တဲ့ ၁၇ ဂိုးသွင်းနိုင်ခဲ့မှုကို ကျော်ဖြတ်နိုင်မယ့်အခြေအနေမှာ ရှိပါတယ်။

[Zawgyi]

မာရွယ္ရဲ႕ေခ်ပဂုိးနဲ႔အတူ ဘရုဂ်က္ကို အေ၀းကြင္းသေရကစားႏိုင္ခဲ့တဲ့ မန္ယူ

မၾကာေသးခင္ႏိုင္ပြဲအရွိန္ေတြကုိ ဆက္မထိန္းႏိုင္ခဲ့တဲ့မန္ယူဟာ ဘယ္လ္ဂ်ီယံကလပ္ဘရုဂ်က္နဲ႔ ယူရိုပါလိဂ္ ၃၂ သင္းအဆင့္ပထမအေက်ာ့အေ၀းကြင္းမွာ အေ၀းဂိုးတစ္ဂိုးနဲ႔အတူ မရႈံးေအာင္ေတာ့ ကစားသြားခဲ့ပါတယ္။ ဒါဟာ ေက်နပ္စရာရလဒ္မဟုတ္ဘူးဆိုရင္ေတာင္ မဆုိးလွဘူးလို႔ပဲ ေျပာရမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီပြဲက မန္ယူရဲ႕ေျခစြမ္းဟာ ပုံမွန္ေအာက္ ေရာက္ေနခဲ့လုိ႔ပါ။

ဒီပြဲမတိုင္ ပူပူေႏြးေႏြးအျဖစ္ ခ်ဲလ္ဆီးကို ႏိုင္ထားသလို ေနာက္ဆုံး ၄ ပြဲမွာ ၃ ပြဲႏုိင္၊ ၁ ပြဲသေရကစားထားေပမယ့္ ဘရုဂ်က္နဲ႔ပြဲမွာ မန္ယူဟာ ကစားပုံအရ တာထြက္မေကာင္းခဲ့ပါဘူး။ ပြဲခ်ိန္ ၁၅ မိနစ္မွာတင္ ဦးေဆာင္ဂိုးေတာင္ စေပးလိုက္ရပါတယ္။ လီဗာပူးဂိုးသမားေဟာင္းျဖစ္တဲ့ ဘရုဂ်က္ဂိုးသမားမစ္ႏိုလက္ကန္တင္ေပးတဲ့ေဘာလုံးကို ခ်န္ပီယံလိဂ္အုပ္စုအဆင့္တုန္းက ရီးရဲလ္ဘက္ဂိုးသြင္းခဲ့တဲ့ တိုက္စစ္မႈးဒင္းနစ္က မန္ယူေနာက္ခံလူႏွစ္ေယာက္ၾကားထဲကေနထြက္ၿပီး ဂိုးသမားကုိ ေက်ာ္ကန္ခဲ့တာပါ။ ပင္နယ္တီဧရိယာအျပင္ဘက္ထိေရာက္ေအာင္ ေရွ႕ထြက္လြန္းခဲ့တဲ့ မန္ယူဂိုးသမားရိုမီရိုရဲ႕အမွားလည္း ျဖစ္ပါတယ္။

မန္ယူဟာ ရုန္းကန္ခဲ့ရေပမယ့္ ၃၆ မိနစ္အေရာက္မွာေတာ့ တိုက္စစ္မႈးမာရွယ္က ဘရုဂ်က္ေနာက္တန္းအမွားကေန ဂိုးသမားနဲ႔တစ္ေယာက္ခ်င္းအေတြ႕ ေခ်ပဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။ မာရွယ္ဟာ မန္ယူကိုေရာက္လာၿပီးကတည္းက ေမွ်ာ္လင့္ထားသေလာက္ မျဖစ္လုိ႔ မၾကာခဏဆုိသလုိ ေ၀ဖန္ခံေနရေပမယ့္ ဒီပြဲမွာေတာ့ မန္ယူရဲ႕ေျခစြမ္းျပကစားသမားျဖစ္ၿပီး ဒုတိယဂိုးေတာင္ သြင္းႏိုင္လုနီးျဖစ္ခဲ့ကာ သူ႔ကန္ခ်က္ကို မစ္ႏိုလက္ပုတ္ရာမွာ ဂိုးတိုင္ထိသြားခဲ့တာပါ။ မာရွယ္အေနနဲ႔ ၂ ပြဲဆက္ဂိုးသြင္းႏိုင္ခဲ့တာျဖစ္သလုိ ဒီရာသီ သူ႔ရဲ႕သြင္းဂိုးအေရအတြက္ဟာ ၁၄ ဂိုးရွိသြားၿပီျဖစ္လုိ႔ သူ႔ရဲ႕မန္ယူပြဲဦးထြက္ရာသီက အေကာင္းဆုံးဂိုးသြင္းႏႈန္းျဖစ္တဲ့ ၁၇ ဂိုးသြင္းႏိုင္ခဲ့မႈကို ေက်ာ္ျဖတ္ႏိုင္မယ့္အေျခအေနမွာ ရွိပါတယ္။