မာရှယ်မပါရင် ဆိုးလ်ရှားဆီးမီးကနေကျော်တက်မယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီနေ့ည ပရီးမီးယားလိဂ်အတွက် အိုးထရက်ဖို့ဒ်မှာ ကန်မယ့် အင်္ဂလန်ဒါဘီပွဲ မတိုင်ခင် တိုက်စစ်မှူးမာရှယ်က သူ့ပရိတ်သတ်တွေအတွက် သတင်းစကားပါးထားတယ်လို့သိရပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး မာရှယ်ဟာမတ်လက ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမယ် ဆိုပြီးသတင်းထွက်ခဲ့တာပါ။

ဒါပေမယ့် အခုတော့ ၂၀၂၀-၂၁ ရာသီ မကုန်မီလတ်တလောမှာ အကူအညီမလိုဘဲ လွတ်လွတ်လပ်လပ် လမ်းလျှောက်သွားနိုင်နေပြီ ဖြစ်ပါတယ်။

၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ မတ်လက ပြင်သစ်လက်ရွေးစင်အသင်းအတွက် ကစားပေးရင်း ဒဏ်ရာရရှိခဲ့တာကြောင့် ယူနိုက်တက်ရဲ့ ပြိုင်ပွဲစုံကစားပွဲတွေကို လွဲချော်ထားရပါတယ်။

ယူနိုက်တက်ဟာ ဖလားတစ်ခုရဖို့ နီးစပ်နေပြီဖြစ်ပြီး ၊ အဲဒီအတွက် မာရှယ်က သူမပါဝင်နိုင်တဲ့အတွက် တောင်းပန်စကားပြောကြားခဲ့တာလို့ သိရပါတယ်။

မာရှယ်က“ယူနိုက်တက်ဟာ အခုဆို ဖလားအိပ်မက်နဲ့နီးစပ်နေပါပြီ။ မကြာခင်မှာလည်း ပရီးမီးယားလိဂ်အတွက် လီဗာပူးနဲ့ ကစားရမှာဖြစ်ပါတယ်။”

“အခုအချိန် ကျွန်တော့်အတွက် ဆိုးဝါးစွာ ခံစားရတာကတော့ အသင်းရဲ့ အရေးကြီးပွဲတွေမှာ မပါဝင်နိုင်ခဲ့တာကိုပါ။

အဲဒီအတွက် ပရိတ်သတ်တွေကိုလည်း အားနာမိပါတယ်။

ဒါပေမယ့် မကြာခင်မှာ အကောင်းဆုံးပုံစံတွေနဲ့ ကျွန်တော်ပြန်လာနိုင်မယ်လို့ ထင်ပါတယ်”ဆိုပြီး ပြောထားတာပါ။

မာရှယ်က ဆိုးလ်ရှားအတွက် လာဘ်ကောင်ဆိုရင်တော့ အရန်ခုံ ဒါမှမဟုတ် ပွဲကြည့်စင်မှာ ထိုင်ခိုင်းပြီးအသင်းအတွက် ဆုတောင်းပေးနေမယ်ဆိုရင်တော့ အကောင်းဆုံး ကူညီရာရောက်စေပါလိမ့်မယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မာရွယ္မပါရင္ ဆိုးလ္ရွားဆီးမီးကေနေက်ာ္တက္မယ္

ဒီေန႔ည ပရီးမီးယားလိဂ္အတြက္ အိုးထရက္ဖို႔ဒ္မွာ ကန္မယ့္ အဂၤလန္ဒါဘီပြဲ မတိုင္ခင္ တိုက္စစ္မႉးမာရွယ္က သူ႔ပရိတ္သတ္ေတြအတြက္ သတင္းစကားပါးထားတယ္လို႔သိရပါတယ္။

ယူႏိုက္တက္ တိုက္စစ္မႉး မာရွယ္ဟာမတ္လက ျပင္းထန္တဲ့ ဒူးဒဏ္ရာေၾကာင့္ ရာသီကုန္အထိ အနားယူရမယ္ ဆိုၿပီးသတင္းထြက္ခဲ့တာပါ။ ဒါေပမယ့္ အခုေတာ့ ၂၀၂၀-၂၁ ရာသီ မကုန္မီလတ္တေလာမွာ အကူအညီမလိုဘဲ လြတ္လြတ္လပ္လပ္ လမ္းေလွ်ာက္သြားႏိုင္ေနၿပီ ျဖစ္ပါတယ္။

၂၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ မတ္လက ျပင္သစ္လက္ေ႐ြးစင္အသင္းအတြက္ ကစားေပးရင္း ဒဏ္ရာရရွိခဲ့တာေၾကာင့္ ယူႏိုက္တက္ရဲ႕ ၿပိဳင္ပြဲစုံကစားပြဲေတြကို လြဲေခ်ာ္ထားရပါတယ္။

ယူႏိုက္တက္ဟာ ဖလားတစ္ခုရဖို႔ နီးစပ္ေနၿပီျဖစ္ၿပီး ၊ အဲဒီအတြက္ မာရွယ္က သူမပါဝင္ႏိုင္တဲ့အတြက္ ေတာင္းပန္စကားေျပာၾကားခဲ့တာလို႔ သိရပါတယ္။

မာရွယ္က“ယူႏိုက္တက္ဟာ အခုဆို ဖလားအိပ္မက္နဲ႔နီးစပ္ေနပါၿပီ။ မၾကာခင္မွာလည္း ပရီးမီးယားလိဂ္အတြက္ လီဗာပူးနဲ႔ ကစားရမွာျဖစ္ပါတယ္။”

“အခုအခ်ိန္ ကြၽန္ေတာ့္အတြက္ ဆိုးဝါးစြာ ခံစားရတာကေတာ့ အသင္းရဲ႕ အေရးႀကီးပြဲေတြမွာ မပါဝင္ႏိုင္ခဲ့တာကိုပါ။ အဲဒီအတြက္ ပရိတ္သတ္ေတြကိုလည္း အားနာမိပါတယ္။ဒါေပမယ့္ မၾကာခင္မွာ အေကာင္းဆုံးပုံစံေတြနဲ႔ ကြၽန္ေတာ္ျပန္လာႏိုင္မယ္လို႔ ထင္ပါတယ္”ဆိုၿပီး ေျပာထားတာပါ။

မာရွယ္က ဆုိးလ္ရွားအတြက္ လာဘ္ေကာင္ဆိုရင္ေတာ့ အရန္ခုံ ဒါမွမဟုတ္ ပြဲၾကည့္စင္မွာ ထုိင္ခိုင္းၿပီးအသင္းအတြက္ ဆုေတာင္းေပးေနမယ္ဆိုရင္ေတာ့ အေကာင္းဆုံး ကူညီရာေရာက္ေစပါလိမ့္မယ္။