မာရှယ်ကို ရီးရဲလ်မှာ ကစားတာမြင်ချင်လို့ဆိုတဲ့ ဇနီးရဲ့စကားကြောင့် မန်ယူပရိသတ်များ ပွဲကျနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

တိုက်စစ်မှုးမာရှယ်ဟာ မိုနာကိုအသင်းကနေ မန်ယူကိုပြောင်းရွှေ့လာခဲ့ပြီး အစပိုင်းမှာ အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့သလို ဂိုးတွေလည်း သွင်းနိုင်ခဲ့တဲ့သူပါ။

ဒါပေမယ့် မန်ယူကိုရောက်ရှိပြီး ၆နှစ်တာ ကာလအတွင်း ရောက်ရှိလာတဲ့အချိန်မှာတော့ သူ့ရဲ့ ကစားအားနဲ့ ဂိုးသွင်းနှုန်းက အားရစရာမကောင်းလာတော့ဘဲ အသင်းပရိသတ်တွေကိုယ်တိုင် သူပါရင် ဂိုးမရတော့ဘူးလို့ လှောင်ပြောင်လာခဲ့ကြတာပါ။

ဒါပေမယ့် မာရှယ်ရဲ့ဇနီး မီလာနီမာရှယ်က သူ့ရဲ့ခင်ပွန်းဖြစ်သူဟာ ရီးရဲလ်မက်ဒရစ်မှာ ကစားနိုင်သူဖြစ်တယ်လို့ ပြောဆိုလိုက်တဲ့အတွက် မန်ယူ ပရိသတ်တွေအကြား ပွဲကျစရာဖြစ်သွားခဲ့ပါတယ်။

မိုနာကိုကစားသမားဘဝမှာ ထင်ရှားလာခဲ့တဲ့ မာရှယ်ကို မန်ယူက အဲ့အချိန်တုန်းက လူငယ်ကစားသမားတစ်ဦးအဖြစ် မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ ခံစားခွင့်တွေ ပေးချေခေါ်ယူခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ မာရှယ်ဟာ ရုန်းကန်နေရသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့တဲ့ မာရှယ်ဟာ ဒီရာသီမှာတော့ ရုန်းကန်နေရပြီး လက်ရှိမှာလည်း ဒဏ်ရာကြောင့် အနားယူနေရသူဖြစ်ပါတယ်။

ဒါပေမယ့် သူ့ရဲ့ဇနီးကတော့ မာရှယ်ဟာ တစ်နေ့မှာ ရီးရဲလ်မက်ဒရစ်အတွက် ကစားပေးနိုင်လိမ့်မယ်လို့ လတ်တလောပြလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ပြီး ပရိသတ်အများအပြားရဲ့ လှောင်ပြောင်ခြင်းကို ခံနေရပါတယ်။

မီလာနီမာရှယ်က “ကျွန်မကတော့ သူ ရီးရဲလ်မက်ဒရစ်မှာ ကစားနိုင်မယ်ဆိုတာကို ယုံကြည်ပါတယ်၊ ကစားခွင့်ရစေချင်တာကလည်း သူ့အတွက်ပါ၊

ကျွန်မရဲ့ ချစ်ခြင်းမေတ္တာအတွက်တော့ စိတ်မကောင်းပါဘူး၊ ဒါပေမယ့် တစ်ကိုယ်ကောင်းဆန်ဆန် တွေးနေမယ်ဆိုရင်တော့ အဲဒီလိုဖြစ်စေချင်တယ်လို့ပဲ ကျွန်မပြောရပါလိမ့်မယ်။

ကျွန်မဘဝကို ယောကျ်ားတစ်ဦးပေါ်မှီခိုပြီးတော့ ရပ်တည်မှာမဟုတ်ဘူးဆိုတာ ကျွန်မရဲ့ အတွေးပါပဲ၊

ဘောလုံးသမားတွေရဲ့ အမျိုးသမီးတွေကို လူတွေက ပုံသေကားချပ်သတ်မှတ်ထားတာ ကျွန်မနားလည်ပါတယ်၊

ဘာလို့လဲဆိုတော့ ကျွန်မလည်း သူတို့လိုမျိုးအမြင်ရှိခဲ့လို့ပါ “လို့ မာရှယ်ရဲ့ ဇနီးက ပြောဆိုခဲ့ပါတယ်။

မာရှယ်ဟာ မန်ယူအတွက် ၆်ရာသီ ကြာကစားပေးထားပြိး ပြိုင်ပွဲစုံ ၂၅၈ ပွဲမှာ ၇၈ ဂိုး သွင်းယူပေးထားပါတယ်။

မာရှယ်ဟာ ပြီးခဲ့တဲ့လက ကစားသွားခဲပတဲ့ နိုင်ငံတကာ ရက်သတ္တပတ်ကာလမှာ နိုင်ငံအသင်းပြင်သစ်အတွက် ကစားပေးရင်း ဒဏ်ရာရှိခဲ့တြဖြစ်ပြီး တောက်လျှောက်အနားယူနေခဲ့ရတဲ့သူပါ။

သူအနားယူနေရတဲ့ ကာလမှာ တိုက်ဆိုင်စွာပဲ မန်ယူအသင်းရဲ့ ရလဒ်တွေကလည်း ဆက်တိုက်ကောင်းမွန်နေတာပဲ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မာရွယ္ကို ရီးရဲလ္မွာ ကစားတာျမင္ခ်င္လို႔ဆိုတဲ့ ဇနီးရဲ႕စကားေၾကာင့္ မန္ယူပရိသတ္မ်ား ပြဲက်ေန

တိုက္စစ္မႈးမာရွယ္ဟာ မိုနာကိုအသင္းကေန မန္ယူကိုေျပာင္းေ႐ႊ႕လာခဲ့ၿပီး အစပိုင္းမွာ အသင္းအတြက္ ေျခစြမ္းျပကစားႏိုင္ခဲ့သလို ဂိုးေတြလည္း သြင္းႏိုင္ခဲ့တဲ့သူပါ။ ဒါေပမယ့္ မန္ယူကိုေရာက္ရွိၿပီး ၆ႏွစ္တာ ကာလအတြင္း ေရာက္ရွိလာတဲ့အခ်ိန္မွာေတာ့ သူ႔ရဲ႕ ကစားအားနဲ႔ ဂိုးသြင္းႏႈန္းက အားရမစရာမေကာင္းလာေတာ့ဘဲ အသင္းပရိသတ္ေတြကိုယ္တိုင္ သူပါရင္ ဂိုးမရေတာ့ဘူးလို႔ ေလွာင္ေျပာင္လာခဲ့ၾကတာပါ။

ဒါေပမယ့္ မာရွယ္ရဲ႕ဇနီး မီလာနီမာရွယ္က သူ႔ရဲ႕ခင္ပြန္းျဖစ္သူဟာ ရီးရဲလ္မက္ဒရစ္မွာ ကစားႏိုင္သူျဖစ္တယ္လို႔ ေျပာဆိုလိုက္တဲ့အတြက္ မန္ယူ ပရိသတ္ေတြအၾကား ပြဲက်စရာျဖစ္သြားခဲ့ပါတယ္။

မိုနာကိုကစားသမားဘဝမွာ ထင္ရွားလာခဲ့တဲ့ မာရွယ္ကို မန္ယူက အဲ့အခ်ိန္တုန္းက လူငယ္ကစားသမားတစ္ဦးအျဖစ္ ျမင့္မားတဲ့ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ခံစားခြင့္ေတြ ေပးေခ်ေခၚယူခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ မာရွယ္ဟာ ႐ုန္းကန္ေနရသူျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီမွာ အသင္းအတြက္ ေျခစြမ္းျပႏိုင္ခဲ့တဲ့ မာရွယ္ဟာ ဒီရာသီမွာေတာ့ ႐ုန္းကန္ေနရၿပီး လက္ရွိမွာလည္း ဒဏ္ရာေၾကာင့္ အနားယူေနရသူျဖစ္ပါတယ္။

ဒါေပမယ့္ သူ႔ရဲ႕ဇနီးကေတာ့ မာရွယ္ဟာ တစ္ေန႔မွာ ရီးရဲလ္မက္ဒရစ္အတြက္ ကစားေပးႏိုင္လိမ့္မယ္လို႔ လတ္တေလာျပလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာ ေျပာဆိုခဲ့ၿပီး ပရိသတ္အမ်ားအျပားရဲ႕ ေလွာင္ေျပာင္ျခင္းကို ခံေနရပါတယ္။

မီလာနီမာရွယ္က “ကြၽန္မကေတာ့ သူ ရီးရဲလ္မက္ဒရစ္မွာ ကစားႏိုင္မယ္ဆိုတာကို ယုံၾကည္ပါတယ္၊ ကစားခြင့္ရေစခ်င္တာကလည္း သူ႔အတြက္ပါ၊ ကြၽန္မရဲ႕ ခ်စ္ျခင္းေမတၱာအတြက္ေတာ့ စိတ္မေကာင္းပါဘူး၊ ဒါေပမယ့္ တစ္ကိုယ္ေကာင္းဆန္ဆန္ ေတြးေနမယ္ဆိုရင္ေတာ့ အဲဒီလိုျဖစ္ေစခ်င္တယ္လို႔ပဲ ကြၽန္မေျပာရပါလိမ့္မယ္။

ကြၽန္မဘဝကို ေယာက်္ားတစ္ဦးေပၚမွီခိုၿပီးေတာ့ ရပ္တည္မွာမဟုတ္ဘူးဆိုတာ ကြၽန္မရဲ႕ အေတြးပါပဲ၊ ေဘာလုံးသမားေတြရဲ႕ အမ်ိဳးသမီးေတြကို လူေတြက ပုံေသကားခ်ပ္သတ္မွတ္ထားတာ ကြၽန္မနားလည္ပါတယ္၊ ဘာလို႔လဲဆိုေတာ့ ကြၽန္မလည္း သူတို႔လိုမ်ိဳးအျမင္ရွိခဲ့လို႔ပါ “လို႔ မာရွယ္ရဲ႕ ဇနီးက ေျပာဆိုခဲ့ပါတယ္။

မာရွယ္ဟာ မန္ယူအတြက္ ၆္ရာသီ ၾကာကစားေပးထားၿပိး ၿပိဳင္ပြဲစုံ ၂၅၈ ပြဲမွာ ၇၈ ဂိုး သြင္းယူေပးထားပါတယ္။ မာရွယ္ဟာ ၿပီးခဲ့တဲ့လက ကစားသြားခဲပတဲ့ ႏိုင္ငံတကာ ရက္သတၱပတ္ကာလမွာ ႏိုင္ငံအသင္းျပင္သစ္အတြက္ ကစားေပးရင္း ဒဏ္ရာရွိခဲ့ၾတျဖစ္ၿပီး ေတာက္ေလွ်ာက္အနားယူေနခဲ့ရတဲ့သူပါ။

သူအနားယူေနရတဲ့ ကာလမွာပဲ တိုက္ဆိုင္စြာပဲ မန္ယူအသင္းရဲ႕ ရလဒ္ေတြကလည္း ဆက္တိုက္ေကာင္းမြန္ေနတာပဲ ျဖစ္ပါတယ္။