

သြစတြီးယားကလပ်ရက်ဘူးလ်ဆဲလ်ဘတ်ကို အဝေးကွင်းမှာ ၂-၃ ဂိုးနဲ့အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ နာပိုလီတိုက်စစ်မှူးမာတန်းစ်ဟာ မှတ်တမ်းကောင်းတစ်ခုစိုက်ထူနိုင်ခဲ့ပါတယ်။ နာပိုလီအသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးကြီးမာရာဒိုနာကိုကျော်ဖြတ်ပြီး ဒုတိယဂိုးအများဆုံးသွင်းသူဖြစ်လာခဲ့တာပါ။ဆဲလ်ဘတ်နဲ့ပွဲမှာ ၂ဂိုးသွင်းနိုင်ခဲ့တာကြောင့် ဘယ်လ်ဂျီယံကြယ်ပွင့်ဟာ နာပိုလီအတွက် စုစုပေါင်းသွင်းဂိုး ၁၁၆ဂိုးရှိလာခဲ့ပါတယ်။

ဒါဟာ အာဂျင်တီးနားသားကြီးသွင်းယူပေးခဲ့တဲ့ ၁၁၅ဂိုးမှတ်တမ်းကို ကျော်ဖြတ်နိုင်ခဲ့တာပါပဲ။နာပိုလီအတွက် ဂိုးအများဆုံးသွင်းပေးထားသူကတော့ ဆလိုဗက်ကီးယားကွင်းလယ်လူ မာရက်ဟမ်ဆစ်ဖြစ်ပြီး ၁၂၁ဂိုး သွင်းယူပေးထားတာပါ။အသက် ၃၂နှစ်ရှိပြီဖြစ်တဲ့ မာတန်းစ်ဟာ ၂၀၁၃ခုနှစ်မှာ ပီအက်စ်ဂျီကနေ ပြောင်းရွှေ့ကြေးယူရို ၁၀သန်းနဲ့ စတင်ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။သူဟာ နာပိုလီအတွက် ပွဲပေါင်း ၂၉၂ ပွဲကစား၊၁၁၆ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၆၉ကြိမ်ပြုလုပ်ပေးထားပါတယ်။

အခုလို အသင်းက အထင်ကရတိုက်စစ်မှူးကြီးရဲ့ဂိုးသွင်းမှတ်တမ်းကို ကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် မာတန်းစ်ကို နည်းပြအန်ဆယ်လော့တီကလည်း ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။” သူ့အတွက်ရော ကျွန်တော်တို့အတွက်ပါ သိပ်ကိုကြီးမြတ်တဲ့ညပါပဲ။ကျွန်တော်တို့ ခက်ခက်ခဲခဲတိုက်ပွဲဝင်ခဲ့ရတယ်။ပွဲချိန်ပြည့် အာရုံစိုက်ခဲ့ရတယ်။အဲဒီအတွက် ကောင်းမွန်တဲ့ရလဒ်ကိုလည်း ရယူနိုင်ခဲ့ပါတယ် ” လို့ အန်ဆယ်လော့တီကဆိုပါတယ်။

မာတန်းစ်ရဲ့ နာပိုလီအတွက် အကောင်းဆုံးရာသီကတော့ ၂၀၁၆-၁၇ရာသီဖြစ်ပြီး စီးရီးအေမှာ ၂၈ဂိုးသွင်းနိုင်ခဲ့သလို အခြားပြိုင်ပွဲတွေမှာလည်း ၆ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
(zawgyi)
ၾသစႀတီးယားကလပ္ရက္ဘူးလ္ဆဲလ္ဘတ္ကို အေ၀းကြင္းမွာ ၂-၃ ဂိုးနဲ႔အႏိုင္ရတဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ နာပိုလီတိုက္စစ္မွဴးမာတန္းစ္ဟာ မွတ္တမ္းေကာင္းတစ္ခုစိုက္ထူႏိုင္ခဲ့ပါတယ္။ နာပိုလီအသင္းရဲ႕ ဂႏၳ၀င္တိုက္စစ္မွဴးႀကီးမာရာဒိုနာကိုေက်ာ္ျဖတ္ၿပီး ဒုတိယဂိုးအမ်ားဆံုးသြင္းသူျဖစ္လာခဲ့တာပါ။ဆဲလ္ဘတ္နဲ႔ပြဲမွာ ၂ဂိုးသြင္းႏိုင္ခဲ့တာေၾကာင့္ ဘယ္လ္ဂ်ီယံၾကယ္ပြင့္ဟာ နာပိုလီအတြက္ စုစုေပါင္းသြင္းဂိုး ၁၁၆ဂိုးရွိလာခဲ့ပါတယ္။ဒါဟာ အာဂ်င္တီးနားသားႀကီးသြင္းယူေပးခဲ့တဲ့ ၁၁၅ဂိုးမွတ္တမ္းကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာပါပဲ။နာပိုလီအတြက္ ဂိုးအမ်ားဆံုးသြင္းေပးထားသူကေတာ့ ဆလိုဗက္ကီးယားကြင္းလယ္လူ မာရက္ဟမ္ဆစ္ျဖစ္ၿပီး ၁၂၁ဂိုး သြင္းယူေပးထားတာပါ။အသက္ ၃၂ႏွစ္ရွိၿပီျဖစ္တဲ့ မာတန္းစ္ဟာ ၂၀၁၃ခုႏွစ္မွာ ပီအက္စ္ဂ်ီကေန ေျပာင္းေရႊ႔ေၾကးယူရို ၁၀သန္းနဲ႔ စတင္ေရာက္ရွိလာခဲ့သူျဖစ္ပါတယ္။သူဟာ နာပိုလီအတြက္ ပြဲေပါင္း ၂၉၂ ပြဲကစား၊၁၁၆ဂိုးသြင္းၿပီး ဂိုးဖန္တီးမႈ ၆၉ႀကိမ္ျပဳလုပ္ေပးထားပါတယ္။အခုလို အသင္းက အထင္ကရတိုက္စစ္မွဴးႀကီးရဲ႕ဂိုးသြင္းမွတ္တမ္းကို ေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့အတြက္ မာတန္းစ္ကို နည္းျပအန္ဆယ္ေလာ့တီကလည္း ခ်ီးက်ဴးဂုဏ္ျပဳလိုက္ပါတယ္။” သူ႔အတြက္ေရာ ကၽြန္ေတာ္တို႔အတြက္ပါ သိပ္ကိုႀကီးျမတ္တဲ့ညပါပဲ။ကၽြန္ေတာ္တို႔ ခက္ခက္ခဲခဲတိုက္ပြဲ၀င္ခဲ့ရတယ္။ပြဲခ်ိန္ျပည့္ အာရံုစိုက္ခဲ့ရတယ္။အဲဒီအတြက္ ေကာင္းမြန္တဲ့ရလဒ္ကိုလည္း ရယူႏိုင္ခဲ့ပါတယ္ ” လို႔ အန္ဆယ္ေလာ့တီကဆိုပါတယ္။မာတန္းစ္ရဲ႕ နာပိုလီအတြက္ အေကာင္းဆံုးရာသီကေတာ့ ၂၀၁၆-၁၇ရာသီျဖစ္ၿပီး စီးရီးေအမွာ ၂၈ဂိုးသြင္းႏိုင္ခဲ့သလို အျခားၿပိဳင္ပြဲေတြမွာလည္း ၆ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။