မာယော့ကာနဲ့ပွဲမှ ဟက်ထရစ်ရှင်မက်ဆီ အင်တာမီလန်နဲ့ပွဲအတွက် လူစာရင်းမှာ မပါဝင်ဘဲ အနားပေးခံရ

Photo Credit

Photo Credit

ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အကုန်က မာယော့ကာကို ၅-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် ယနေ့ညကစားရမယ့် အင်တာမီလန်အသင်းနဲ့ကစားရမယ့်ချန်ပီယံလိဂ်ပွဲစဉ်အတွက် အနားပေးခံခဲ့ရကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်က Ballon d’Or ဆု ၆ကြိမ်မြောက်ရရှိခဲ့တဲ့ မက်ဆီဟာ ကစားသမားဘဝတစ်လျှောက် ၃၅ ကြိမ်မြောက် လာလီဂါဟက်ထရစ်ရယူနိုင်ခဲ့တာဖြစ်ပြီး ပြိုင်ဘက်ရော်နယ်ဒိုကို ကျော်ဖြတ်ကာ လာလီဂါသမိုင်းတစ်လျှောက် ဟက်ထရစ်အများဆုံးရရှိသူအဖြစ် စံချိန်တင်နိုင်ခဲ့သလို တွဲဘက်တိုက်စစ်မှူးတွေဖြစ်တဲ့ ဂရစ်ဇ်မန်းနဲ့ ဆွာရက်ဇ်တို့ကလည်း ဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit

မက်ဆီဟာ ရာသီအစက ကြံ့ခိုင်မှုပြဿာနာတွေကို အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့ပြီနောက် ယခုရာသီလာလီဂါ ၁၀ပွဲမှာ ၁၂ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၅ကြိမ်ပြုလုပ်ရင်း သူဘာကြောင့် ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် ဘာကြောင့် ထပ်မံရွေးချယ်ခံရတာလဲဆိုတဲ့မေးခွန်းကို လက်တွေ့အဖြေပေးသွားပါတယ်။ ဒါပေမဲ့ မက်ဆီဟာ ဆန်စီရိုမှာ ကစားရမယ့်အင်တာမီလန်နဲ့ပွဲမှာတော့ သူ့ရဲ့ဒီရာသီသွင်းဂိုးစာရင်းကို ထပ်ပေါင်းဖို့ အခွင့်အရေးမရခဲ့ပါဘူး။

Photo Credit

ဘာစီလိုနာအသင်းဟာ နိုဝင်ဘာလ ၂၇ရက်နေ့က ဒေါ့မွန်ကို ၃-၁ ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက် အုပ်စုနောက်ဆုံးပွဲတွေမတိုင်ခင်မှာပဲ အုပ်စုပထမရဖို့ သေချာသွားခဲ့လို့ နည်းပြဗယ်လ်ဗာဒီကလည်း သူ့ရဲ့ ၂၀ဦးပါ ကစားသမားစာရင်းမှာ မက်ဆီကို ချန်လှပ်ကာ အနားပေးခဲ့တာပါ။ နောက်ပြီး နောက်ခံလူပီကေးနဲ့ ဆာဂျီရောဘတ်တိုတု့ိလည်း အနားပေးခံခဲ့ရပြီး ဆီမီဒို၊ မက်အာသာ၊ ဒမ်ဘီလီနဲ့ အယ်လ်ဘာတို့ကတော့ ဒဏ်ရာကြောင့် ဆက်လက်လွဲချော်ရမှာဖြစ်ပါတယ်။

Photo Credit

အင်တာမီလန်အသင်းဟာ တတိယနေရာက ဒေါ့မွန်နဲ့ အမှတ်တူ၊ ထိပ်တိုက်တွေ့ဆုံမှုအသာရထားလို့ ဘာစီလိုနာကို အနိုင်ရရှိတာနဲ့ တစ်ဘက်မှာ ဒေါ့မွန်-ပရာဟာပွဲအဖြေကို စောင့်ကြည့်စရာမလိုဘဲ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။ မက်ဆီကတော့ ဘာစီလိုနာမှာပဲ ကျန်နေရစ်ခဲ့ပြီး စနေနေ့မှ ကစားရမယ့် ဆိုစီဒက်နဲ့လာလီဂါအဝေးကွင်းပွဲစဉ်အတွက် အခုကတည်းက အပြည့်အဝအနားယူကာ ပြင်ဆင်နိုင်ပြီဖြစ်ပါတယ်။

Photo Credit

ဘာစီလိုနာအသင်းလူစာရင်းမှာ မက်ဆီမပါဘူးဆိုတဲ့အတည်ပြုသတင်း ထွက်ပေါ်လာပြီးနောက် အင်တာမီလန်ရဲ့အကျောပေးမှုတွေကလည်း ထင်သာမြင်သာမြင့်တက်လာပြီး တနင်္လာနေ့ နေ့ခင်းပိုင်းက မူလဖွင့်လှစ်မှု ၁+၃၀ မှာပဲ ရှိနေခဲ့ပေမယ့် မက်ဆီမပါဝင်တာ သေချာသွားပြီးနောက် အင်တာမီလန်ရဲ့အကျောပေးမှုက ၁=ဖြစ်လာပါတယ်။ အင်တာက အနိုင်ရဖို့ လိုအပ်နေသလို ဘာစီလိုနာကလည်း မက်ဆီမပါရင် ဘယ်လိုအသင်းမျိုးလဲဆိုတာ အားလုံးလည်း သိနေပြီးဖြစ်လို့ မက်ဆီမပါနိုင်တဲ့သတင်းက ဖိုက်တာသမားတွေအတွက် အတော်လေးအကျိုးရှိလာနိုင်ပါတယ်။

Photo Credit

Zawgyi

မာေယာ့ကာနဲ႔ပဲြမွ ဟက္ထရစ္ရွင္မက္ဆီ အင္တာမီလန္နဲ႔ပြဲအတြက္ လူစာရင္းမွာ မပါ၀င္ဘဲ အနားေပးခံရ

ဘာစီလုိနာအသင္းတုိက္စစ္မွဴး မက္ဆီဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္အကုန္က မာေယာ့ကာကို ၅-၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပဲြမွာ ဟက္ထရစ္သြင္းယူႏုိင္ခဲ့ၿပီးေနာက္ ယေန႔ညကစားရမယ့္ အင္တာမီလန္အသင္းနဲ႔ကစားရမယ့္ခ်န္ပီယံလိဂ္ပြဲစဥ္အတြက္ အနားေပးခံခဲ့ရေၾကာင္း သိရပါတယ္။ ၿပီးခဲ့တဲ့ရက္သတၱပတ္က Ballon d’Or ဆု ၆ႀကိမ္ေျမာက္ရရွိခ့ဲတဲ့ မက္ဆီဟာ ကစားသမားဘ၀တစ္ေလွ်ာက္ ၃၅ ႀကိမ္ေျမာက္ လာလီဂါဟက္ထရစ္ရယူႏုိင္ခဲ့တာျဖစ္ၿပီး ၿပိဳင္ဘက္ေရာ္နယ္ဒိုကို ေက်ာ္ျဖတ္ကာ လာလီဂါသမုိင္းတစ္ေလွ်ာက္ ဟက္ထရစ္အမ်ားဆုံးရရွိသူအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့သလုိ တြဲဘက္တုိက္စစ္မွဴးေတြျဖစ္တဲ့ ဂရစ္ဇ္မန္းနဲ႔ ဆြာရက္ဇ္တုိ႔ကလည္း ဂိုးေတြသြင္းယူႏိုင္ခဲ့ပါတယ္။
မက္ဆီဟာ ရာသီအစက ႀက့ံခုိင္မႈျပႆာနာေတြကို အေကာင္းဆုံးေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီေနာက္ ယခုရာသီလာလီဂါ ၁၀ပြဲမွာ ၁၂ဂိုးသြင္းကာ ဂိုးဖန္တီးမႈ ၅ႀကိမ္ျပဳလုပ္ရင္း သူဘာေၾကာင့္ ကမၻာ့အေကာင္းဆုံးကစားသမားအျဖစ္ ဘာေၾကာင့္ ထပ္မံေရြးခ်ယ္ခံရတာလဲဆုိတ့ဲေမးခြန္းကို လက္ေတြ႕အေျဖေပးသြားပါတယ္။ ဒါေပမဲ့ မက္ဆီဟာ ဆန္စီ႐ိုမွာ ကစားရမယ့္အင္တာမီလန္နဲ႔ပြဲမွာေတာ့ သူ႕ရဲ႕ဒီရာသီသြင္းဂိုးစာရင္းကို ထပ္ေပါင္းဖို႔ အခြင့္အေရးမရခဲ့ပါဘူး။
ဘာစီလုိနာအသင္းဟာ ႏို၀င္ဘာလ ၂၇ရက္ေန႔က ေဒါ့မြန္ကို ၃-၁ ဂိုးနဲ႔အႏုိင္ရခဲ့ၿပီးေနာက္ အုပ္စုေနာက္ဆုံးပြဲေတြမတုိင္ခင္မွာပဲ အုပ္စုပထမရဖုိ႔ ေသခ်ာသြားခဲ့လုိ႔ နည္းျပဗယ္လ္ဗာဒီကလည္း သူ႕ရဲ႕ ၂၀ဦးပါ ကစားသမားစာရင္းမွာ မက္ဆီကို ခ်န္လွပ္ကာ အနားေပးခဲ့တာပါ။ ေနာက္ၿပီး ေနာက္ခံလူပီေကးနဲ႔ ဆာဂ်ီေရာဘတ္တိုတု႔ိလည္း အနားေပးခံခဲ့ရၿပီး ဆီမီဒို၊ မက္အာသာ၊ ဒမ္ဘီလီနဲ႔ အယ္လ္ဘာတုိ႔ကေတာ့ ဒဏ္ရာေၾကာင့္ ဆက္လက္လြဲေခ်ာ္ရမွာျဖစ္ပါတယ္။
အင္တာမီလန္အသင္းဟာ တတိယေနရာက ေဒါ့မြန္နဲ႔ အမွတ္တူ၊ ထိပ္တုိက္ေတြ႕ဆုံမႈအသာရထားလုိ႔ ဘာစီလုိနာကို အႏိုင္ရရွိတာနဲ႔ တစ္ဘက္မွာ ေဒါ့မြန္-ပရာဟာပြဲအေျဖကို ေစာင့္ၾကည့္စရာမလုိဘဲ ႐ံႈးထြက္အဆင့္ကို တက္ေရာက္ႏိုင္မွာျဖစ္ပါတယ္။ မက္ဆီကေတာ့ ဘာစီလုိနာမွာပဲ က်န္ေနရစ္ခဲ့ၿပီး စေနေန႔မွ ကစားရမယ့္ ဆုိစီဒက္နဲ႔လာလီဂါအေ၀းကြင္းပြဲစဥ္အတြက္ အခုကတည္းက အျပည့္အ၀အနားယူကာ ျပင္ဆင္ႏိုင္ၿပီျဖစ္ပါတယ္။
ဘာစီလုိနာအသင္းလူစာရင္းမွာ မက္ဆီမပါဘူးဆုိတဲ့အတည္ျပဳသတင္း ထြက္ေပၚလာၿပီးေနာက္ အင္တာမီလန္ရဲ႕အေက်ာေပးမႈေတြကလည္း ထင္သာျမင္သာျမင့္တက္လာၿပီး တနလၤာေန႔ ေန႔ခင္းပိုင္းက မူလဖြင့္လွစ္မႈ ၁+၃၀ မွာပဲ ရွိေနခဲ့ေပမယ့္ မက္ဆီမပါ၀င္တာ ေသခ်ာသြားၿပီးေနာက္ အင္တာမီလန္ရဲ႕အေက်ာေပးမႈက ၁=ျဖစ္လာပါတယ္။ အင္တာက အႏိုင္ရဖို႔ လိုအပ္ေနသလုိ ဘာစီလုိနာကလည္း မက္ဆီမပါရင္ ဘယ္လုိအသင္းမ်ိဳးလဲဆုိတာ အားလုံးလည္း သိေနၿပီးျဖစ္လုိ႔ မက္ဆီမပါႏိုင္တဲ့သတင္းက ဖုိက္တာသမားေတြအတြက္ အေတာ္ေလးအက်ိဳးရွိလာႏိုင္ပါတယ္။