မာယော့ကာကို ရှုံးနိမ့်တဲ့ပွဲဟာ ရီးရဲလ်အတွက် အလှည့်အပြောင်းဖြစ်ခဲ့တယ်လို့ ဇီဒန်းဖွင့်ဟ

PC ; Internet

တန်းတက်မာယော့ကာကို မထင်မှတ်ဘဲရှုံးနိမ့်ခဲ့တဲ့ ပြီးခဲ့တဲ့လ လာလီဂါပွဲစဉ်ဟာ ရီးရဲလ်အတွက်အလှည့်အပြောင်းတစ်ရပ်ဖြစ်စေခဲ့တယ်လို့ နည်းပြဇီဒန်းကဆိုပါတယ်။ရီးရဲလ်ဟာ အဲဒီပွဲနောက်ပိုင်း ပြိုင်ပွဲစုံ ၅ပွဲမှာ ရှုံးပွဲမရှိခဲ့ဘဲ ၄ပွဲအထိ အနိုင်ရခဲ့သလို ပေးဂိုးလည်းမရှိခဲ့ပါဘူး။

PC ; Internet

အသင်းရဲ့အနေအထားက ရုတ်တရက်ပြောင်းလဲခဲ့သလို အားနည်းနေတဲ့ခံစစ်ပိုင်းလည်း အံ့အားသင့်စရာပြန်ကောင်းလာရခြင်းနောက်ကွယ်က အဓိကအကြောင်းရင်းတစ်ရပ်ဟာ မာယော့ကာကိုရှုံးနိမ့်ခဲ့တာကြောင့်လို့ ဇီဒန်းက အီဘာကို ၄ဂိုးပြတ်အနိုင်ရတဲ့ပွဲအပြီးမှာ ဖွင့်ဟသွားခဲ့တာပါ။

PC ; Internet

”ကျွန်တော်တို့တိုးတက်မှုရှိလာဖို့အတွက် ခက်ခက်ခဲခဲကြိုးစားခဲ့ရပါတယ်။ မာယော့ကာကိုရှုံးတဲ့ပွဲကတော့ တကယ့်ကိုခံစားရခက်ခဲ့တာမှန်ပေမယ့် အကောင်းဆုံးတွေဖြစ်ဖို့စတင်ခဲ့တာလို့ဆိုရမှာပါ။ အရည်အသွေးရှိတဲ့အသင်းရှိပြီးသားမို့ လွယ်ကူခဲ့ပါတယ်။ စွမ်းဆောင်ရည်အဆင့်ကိုလည်း မြှင့်တင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လုပ်ဆောင်ဆဲဖြစ်သလို တိုးတက်နေတဲ့ခြေစွမ်းကိုလည်းဆက်ထိန်းနိုင်ဖို့လိုပါတယ်” လို့ ဇီဒန်းက Marca သတင်းစာကို ပြောသွားခဲ့ပါတယ်။

PC ; Internet

ရီးရဲလ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက်ဆုံး ၂ပွဲဆက်အနိုင်ရပြီး ၁၆သင်းအဆင့်ကိုတက်ဖို့ အခြေအနေကောင်းပိုင်ဆိုင်နိုင်ခဲ့သလို လာလီဂါမှာလည်း အမှတ်ပေးဇယားထိပ်ဆုံးက ဘာစီလိုနာကို ရမှတ်တူနဲ့အနေအထားနဲ့ ဖိအားပေးနိုင်ခဲ့ပါတယ်။

(zawgyi)

တန္းတက္မာေယာ့ကာကို မထင္မွတ္ဘဲရံႈးနိမ့္ခဲ့တဲ့ ၿပီးခဲ့တဲ့လ လာလီဂါပြဲစဥ္ဟာ ရီးရဲလ္အတြက္အလွည့္အေျပာင္းတစ္ရပ္ျဖစ္ေစခဲ့တယ္လို႔ နည္းျပဇီဒန္းကဆိုပါတယ္။ရီးရဲလ္ဟာ အဲဒီပြဲေနာက္ပိုင္း ၿပိဳင္ပြဲစံု ၅ပြဲမွာ ရံႈးပြဲမရွိခဲ့ဘဲ ၄ပြဲအထိ အႏိုင္ရခဲ့သလို ေပးဂိုးလည္းမရွိခဲ့ပါဘူး။အသင္းရဲ႕အေနအထားက ရုတ္တရက္ေျပာင္းလဲခဲ့သလို အားနည္းေနတဲ့ခံစစ္ပိုင္းလည္း အံ့အားသင့္စရာျပန္ေကာင္းလာရျခင္းေနာက္ကြယ္က အဓိကအေၾကာင္းရင္းတစ္ရပ္ဟာ မာေယာ့ကာကိုရံႈးနိမ့္ခဲ့တာေၾကာင့္လို႔ ဇီဒန္းက အီဘာကို ၄ဂိုးျပတ္အႏိုင္ရတဲ့ပြဲအၿပီးမွာ ဖြင့္ဟသြားခဲ့တာပါ။”ကၽြန္ေတာ္တို႔တိုးတက္မႈရွိလာဖို႔အတြက္ ခက္ခက္ခဲခဲၾကိဳးစားခဲ့ရပါတယ္။ မာေယာ့ကာကိုရွံဳးတဲ့ပြဲကေတာ့ တကယ့္ကိုခံစားရခက္ခဲ့တာမွန္ေပမယ့္ အေကာင္းဆံုးေတြျဖစ္ဖို႔စတင္ခဲ့တာလို႔ဆိုရမွာပါ။ အရည္အေသြးရွိတဲ့အသင္းရွိျပီးသားမို႔ လြယ္ကူခဲ့ပါတယ္။ စြမ္းေဆာင္ရည္အဆင့္ကိုလည္း ျမွင့္တင္ႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္လုပ္ေဆာင္ဆဲျဖစ္သလို တိုးတက္ေနတဲ့ေျခစြမ္းကိုလည္းဆက္ထိန္းႏိုင္ဖို႔လိုပါတယ္” လို႔ ဇီဒန္းက Marca သတင္းစာကို ေျပာသြားခဲ့ပါတယ္။ရီးရဲလ္ဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ေနာက္ဆံုး ၂ပြဲဆက္အႏိုင္ရၿပီး ၁၆သင္းအဆင့္ကိုတက္ဖို႔ အေျခအေနေကာင္းပိုင္ဆိုင္ႏိုင္ခဲ့သလို လာလီဂါမွာလည္း အမွတ္ေပးဇယားထိပ္ဆံုးက ဘာစီလိုနာကို ရမွတ္တူနဲ႔အေနအထားနဲ႔ ဖိအားေပးႏိုင္ခဲ့ပါတယ္။