မာန်တက်ချေမိုးလွန်နေရင် ယူနိုက်တက်နဲ့ လမ်းခွဲရမယ့် ပေါ့ဘာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာဟာ ယူနိုက်တက်က ထွက်ခွာဖို့ သေချာသွားပြီလို့ မပြောနိုင်သေးဘဲ စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့အတွက် ရွေးချယ်စရာတွေ သတ်မှတ်ထားကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။

ပေါ့ဘာနဲ့ယူနိုက်တက်တို့အကြား စာချုပ်က လာမယ့်နွေရာသီမှာ ကုန်ဆုံးမှာပါ။

ယူနိုက်တက်အနေနဲ့ ပေါ့ဘာကို စာချုပ်သစ်မချုပ်ဖြစ်ခဲ့ရင် လာမယ့်ဆောင်းရာသီမှာတင် ပေါ့ဘာက အခြားအသင်းတစ်သင်းနဲ့ အကြိုသဘောတူညီမှုရယူနိုင်မှာဖြစ်ပြီး

နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာပါလိမ့်မယ်။

ဒါပေမယ့် အဲဒီစာချုပ်သစ်ကိစ္စက အခုထိ သောင်မတင် ရေမကျ ဖြစ်နေဆဲပါ။

Daily Mail သတင်းဌာန ကတော့ ပေါ့ဘာဟာ သူ့ကို စာချုပ်သစ် ချုပ်ဆိုချင်ပါက ပရီးမီးယားလိဂ်ရဲ့ စံချိန်တင် လုပ်ခလစာကို ပေးချေရမယ်လို့

ယူနိုက်တက် အသင်းထံ အသိပေးထားကြောင်းနဲ့ ယူနိုက်တက်အသင်း ကတော့ ပေါ့ဘာကို အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဒေးဗစ် ဒီဂီယာနဲ့

တန်းတူ လုပ်ခလစာ ဖြစ်တဲ့ တစ်ပတ်လုပ်ခ ပေါင် ၃သိန်း ပမာဏသာ ပေးချေဖို့ ဆန္ဒရှိနေကြောင်း ထုတ်ဖော် ရေးသားခဲ့ပါတယ်။

မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရလည်း ယူနိုက်တက်အသင်း အနေနဲ့ ပေါ့ဘာကို စာချုပ်သစ် ချုပ်ဆိုဖို့ မလွယ်ကူတော့ကြောင်း သိထားရပြီး ၊

စာချုပ်သစ်သာ ချုပ်ဆိုနိုင်ခြင်း မရှိတော့ပါက လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာတင် ပေါ့ဘာကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားကြောင်းနဲ့ ပေါ့ဘာ အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ ဝန်းကျင် လိုချင်နေကြောင်း သိရှိရပါတယ်။

လက်ရှိမှာတော့ ပေါ့ဘာကို ခေါ်ယူဖို့ အတွက် သူ့ရဲ့ အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းနဲ့ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းတို့က စိတ်ဝင်စားနေကြပြီး

ဂျူဗင်တပ်စ်အသင်းဟာ ပေါ့ဘာကို ရာသီကုန်မှသာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စီစဉ်ထားတာကြောင့် ပီအက်စ်ဂျီအသင်းဟာ ပေါ့ဘာကို ခေါ်ယူနိုင်ဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မာန္တက္ေခ်မိုးလြန္ေနရင္ ယူႏိုက္တက္နဲ႔ လမ္းခြဲရမယ့္ ေပါ့ဘာ

ယူႏိုက္တက္ကြင္းလယ္လူ ေပါ့ဘာဟာ ယူႏိုက္တက္က ထြက္ခြာဖို႔ ေသခ်ာသြားၿပီလို႔ မေျပာႏိုင္ေသးဘဲ စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ဖို႔အတြက္ ေ႐ြးခ်ယ္စရာေတြ သတ္မွတ္ထားေၾကာင္း သတင္းေတြက ေဖာ္ျပေနပါတယ္။ ေပါ့ဘာနဲ႔ယူႏိုက္တက္တို႔အၾကား စာခ်ဳပ္က လာမယ့္ေႏြရာသီမွာ ကုန္ဆုံးမွာပါ။

ယူႏိုက္တက္အေနနဲ႔ ေပါ့ဘာကို စာခ်ဳပ္သစ္မခ်ဳပ္ျဖစ္ခဲ့ရင္ လာမယ့္ေဆာင္းရာသီမွာတင္ ေပါ့ဘာက အျခားအသင္းတစ္သင္းနဲ႔ အႀကိဳသေဘာတူညီမႈရယူႏိုင္မွာျဖစ္ၿပီး ေႏြရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာပါလိမ့္မယ္။ ဒါေပမယ့္ အဲဒီစာခ်ဳပ္သစ္ကိစၥက အခုထိ ေသာင္မတင္ ေရမက် ျဖစ္ေနဆဲပါ။

Daily Mail သတင္းဌာန ကေတာ့ ေပါ့ဘာဟာ သူ႔ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခ်င္ပါက ပရီးမီးယားလိဂ္ရဲ႕ စံခ်ိန္တင္ လုပ္ခလစာကို ေပးေခ်ရမယ္လို႔ ယူႏိုက္တက္ အသင္းထံ အသိေပးထားေၾကာင္းနဲ႔ ယူႏိုက္တက္အသင္း ကေတာ့ ေပါ့ဘာကို အသင္းရဲ႕ နံပါတ္တစ္ ဂိုးသမား ေဒးဗစ္ ဒီဂီယာနဲ႔ တန္းတူ လုပ္ခလစာ ျဖစ္တဲ့ တစ္ပတ္လုပ္ခ ေပါင္ ၃သိန္း ပမာဏသာ ေပးေခ်ဖို႔ ဆႏၵရွိေနေၾကာင္း ထုတ္ေဖာ္ ေရးသားခဲ့ပါတယ္။

မန္ခ်က္စတာ ညေနခင္း သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရလည္း ယူႏိုက္တက္အသင္း အေနနဲ႔ ေပါ့ဘာကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ မလြယ္ကူေတာ့ေၾကာင္း သိထားရၿပီး ၊ စာခ်ဳပ္သစ္သာ ခ်ဳပ္ဆိုႏိုင္ျခင္း မရွိေတာ့ပါက လာမယ့္ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕မွာတင္ ေပါ့ဘာကို ေရာင္းထုတ္ဖို႔ ဆုံးျဖတ္ထားေၾကာင္းနဲ႔ ေပါ့ဘာ အတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း ၅၀ ဝန္းက်င္ လိုခ်င္ေနေၾကာင္း သိရွိရပါတယ္။

လက္ရွိမွာေတာ့ ေပါ့ဘာကို ေခၚယူဖို႔ အတြက္ သူ႔ရဲ႕ အသင္းေဟာင္း ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ျပင္သစ္ အင္အားႀကီးကလပ္ ပီအက္စ္ဂ်ီအသင္းတို႔က စိတ္ဝင္စားေနၾကၿပီး ဂ်ဴဗင္တပ္စ္အသင္းဟာ ေပါ့ဘာကို ရာသီကုန္မွသာ အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူဖို႔ စီစဥ္ထားတာေၾကာင့္ ပီအက္စ္ဂ်ီအသင္းဟာ ေပါ့ဘာကို ေခၚယူႏိုင္ဖို႔ အလားအလာ အေကာင္းဆုံး ျဖစ္ေနပါတယ္။