မာနေးရဲ့ဒဏ်ရာအခြေအနေကို ပြောပြလာတဲ့ ဂျာဂင်ကလော့ပ်

Photo-Internet
Photo-Internet

လီဗာပူးအသင်းရဲ့အဓိကတိုက်စစ်မှူ း မာနေးဟာဝုဗ်နဲ့ပွဲစဉ်မှာ ဒဏ်ရာရသွားတာကြောင့် သူ့အခြေအနေကိုစိုးရိမ်တကြီးစောင့် ကြည့်နေရတယ်လို့ သိရပါတယ်။ လီဗာပူးက ဝုဗ်ကို ၂-၁ နဲ့အနိုင်ရတဲ့ အဝေးကွင်းပွဲစဉ်မှာ မာနေးဟာ ပထမပိုင်ကတည်းက ဒဏ်ရာရပြီး မီနာမီနိုနဲ့ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။

သူဟာပွဲချိန်မိနစ် ၃၀ အကျော်မှာပြေးရင်းနဲ့ ဒဏ်ရာရခဲ့တာဖြစ်ပြီး ဆေးကုသမှုခံယူခဲ့ပေမယ့် ဆက်ကစားဖို့မဖြစ်နိုင်လို့ မီနာမီနိုနဲ့ လူစားလဲခံလိုက်ရတာဖြစ်ပါတယ်။ ဒီပွဲအနိုင်ကြောင့် လီဗာပူးဟာ ဒုတိယနေရာကမန်စီးတီးကို ၁၆ မှတ်ဖြတ်ပြီးဦးဆောင်နေတဲ့အပြင် ပရီးမီးယားလိဂ်မှာရှုံးပွဲမရှိခဲ့တာကလည်းပွဲ ၄၀ ဆက်တိုက်ရှိနေပြီဖြစ်ပါတယ်။

Photo-Internet

ဒါပေမယ့်လည်း မာနေးဒဏ်ရာရသွားမှုကြောင့် သူအခြေအနေဘယ်လိုရှိလာမလဲဆိုတာကိုတော့ စိုးရိမ်နေကြပါတယ်။လောလောဆယ်ဆေးစစ်မှုအရသူဟာ တံကောက်ကြောဒဏ်ရာရခဲ့တာဖြစ်ပြီး ပြင်းထန်ခြင်းရှိမရှိဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ်လို့ ကလော့ပ်ကဆိုပါတယ်။ မာနေးသာအနားယူရရင် အခက်အခဲတွေရှိလာနိုင်တယ်လို့လည်း ကလော့ပ်ကဆက်ပြောပါတယ်။

Photo-Internet

သူက”တံကောက်ကြောနေရာကို သူထိခိုက်ခဲ့တာပါ။ ဘာလိုအခြေအနေဆိုတာကိုတော့ မသိရသေးပါဘူး။ ကျွန်တော်တို့ ဆက်ပြီးစောင့်ကြည့်ရမှာပါ။ မာနေးသာအနားယူရမယ်ဆိုရင် ကျွန်တော်တို့အတွက် အခက်အခဲတွေရှိလာနိုင်ပါတယ်” လို့ပြောသွားပါတယ်။ မာနေးဟာ ဒီရာသီမှာလီဗာပူးအတွက် အဓိကကျသူဖြစ်ပြီး ပြိုင်ပွဲအရပ်ရပ်ပွဲပေါင်း ၃၀ ကစားခဲ့ရာမှာ ၁၅ ဂိုးသွင်းယူထားသူဖြစ်ပါတယ်။

Photo-Internet

ကလော့ပ်ကတော့ လာမယ့်ပွဲတွေမှာ အခက်အခဲတွေရှိလာမှာဖြစ်လို့ မာနေးရဲ့ဒဏ်ရာမပြင်းထန်ဖို့ကိုဘဲမျှော်လင့်တယ်လို့ ဆက်ပြောပါတယ်။ လီဗာပူးဟာ ပရီးမီးယားလိဂ်မှာ မန်စီးတီးနဲ့ အာဆင်နယ်တို့ကို အဝေးကွင်း၊ ချဲလ်ဆီးကိုအိမ်ကွင်းကစားဖို့ကျန်နေသေးတဲ့အပြင် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာလည်း အက်သလက်တီကိုနဲ့ ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။

Photo-Internet

Zawgyi

မာေနးရဲ႕ဒဏ္ရာအေျခအေနကို ေျပာျပလာတဲ႔ ဂ်ာဂင္ကေလာ႔ပ္

လီဗာပူးအသင္းရဲ႕အဓိကတိုက္စစ္မွဴ း မာေနးဟာ၀ုဗ္နဲ႔ပြဲစဥ္မွာ ဒဏ္ရာရသြားတာေၾကာင့္ သူ႔အေျခအေနကိုစိုးရိမ္တႀကီးေစာင့္ ၾကည့္ေနရတယ္လို႔ သိရပါတယ္။ လီဗာပူးက ၀ုဗ္ကို ၂-၁ နဲ႔အႏိုင္ရတဲ႔ အေ၀းကြင္းပြဲစဥ္မွွာ မာေနးဟာ ပထမပိုင္ကတည္းက ဒဏ္ရာရၿပီး မီနာမီႏိုနဲ႔ လူစားလဲခံခဲ့ရတာျဖစ္ပါတယ္။

သူဟာပြဲခ်ိန္မိနစ္ ၃၀ အေက်ာ္မွာေျပးရင္းနဲ႔ ဒဏ္ရာရခဲ့တာျဖစ္ၿပီး ေဆးကုသမႈခံယူခဲ့ေပမယ္႔ ဆက္ကစားဖို႔မျဖစ္ႏိုင္လို႔ မီနာမီႏိုနဲ႔ လူစားလဲခံလိုက္ရတာျဖစ္ပါတယ္။ ဒီပြဲအႏိုင္ေၾကာင့္ လီဗာပူးဟာ ဒုတိယေနရာကမန္စီးတီးကို ၁၆ မွတ္ျဖတ္ၿပီးဦးေဆာင္ေနတဲ႔အျပင္ ပရီးမီးယားလိဂ္မွာရႈံးပြဲမရွိခဲ့တာကလည္းပြဲ ၄၀ ဆက္တိုက္ရွိေနၿပီျဖစ္ပါတယ္။

ဒါေပမယ္႔လည္း မာေနးဒဏ္ရာရသြားမႈေၾကာင့္ သူအေျခအေနဘယ္လိုရွိလာမလဲဆိုတာကိုေတာ႔ စိုးရိမ္ေနၾကပါတယ္။ေလာေလာဆယ္ေဆးစစ္မႈအရသူဟာ တံေကာက္ေၾကာဒဏ္ရာရခဲ့တာျဖစ္ၿပီး ျပင္းထန္ျခင္းရွိမရွိဆိုတာကိုေတာ႔ ေစာင့္ၾကည့္ရဦးမယ္လို႔ ကေလာ႔ပ္ကဆိုပါတယ္။ မာေနးသာအနားယူရရင္ အခက္အခဲေတြရွိလာႏိုင္တယ္လို႔လည္း ကေလာ႔ပ္ကဆက္ေျပာပါတယ္။

သူက”တံေကာက္ေၾကာေနရာကို သူထိခိုက္ခဲ့တာပါ။ ဘာလိုအေျခအေနဆိုတာကိုေတာ႔ မသိရေသးပါဘူး။ ကၽြန္ေတာ္တို႔ ဆက္ၿပီးေစာင့္ၾကည့္ရမွာပါ။ မာေနးသာအနားယူရမယ္ဆိုရင္ က်ြန္ေတာ္တို႔အတြက္ အခက္အခဲေတြရွိလာႏိုင္ပါတယ္” လို႔ေျပာသြားပါတယ္။ မာေနးဟာ ဒီရာသီမွာလီဗာပူးအတြက္ အဓိကက်သူျဖစ္ၿပီး ၿပိဳင္ပြဲအရပ္ရပ္ပြဲေပါင္း ၃၀ ကစားခဲ့ရာမွာ ၁၅ ဂိုးသြင္းယူထားသူျဖစ္ပါတယ္။

ကေလာ႔ပ္ကေတာ႔ လာမယ္႔ပြဲေတြမွာ အခက္အခဲေတြရွိလာမွာျဖစ္လို႔ မာေနးရဲ႕ဒဏ္ရာမျပင္းထန္ဖို႔ကိုဘဲေမွ်ာ္လင့္တယ္လို႔ ဆက္ေျပာပါတယ္။ လီဗာပူးဟာ ပရီးမီးယားလိဂ္မွာ မန္စီးတီးနဲ႔ အာဆင္နယ္တို႔ကို အေ၀းကြင္း၊ ခ်ဲလ္ဆီးကိုအိမ္ကြင္းကစားဖို႔က်န္ေနေသးတဲ႔အျပင္ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မွာလည္း အက္သလက္တီကိုနဲ႔ ရင္ဆိုင္ရဦးမွာျဖစ္ပါတယ္။