မာနီအတွက် ရာဖင်ဟာကို အတိအကျလက်စားချေပေးခဲ့တဲ့ ရောဘတ်ဆန်

photo-sport bible

မနေ့ည ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ လီဗာပူးနောက်ခံလူရောဘတ်ဆန်က ဖလာမင်ဂိုညာနောက်ခံလူရာဖင်ဟာကို လက်စားချေပေးမယ်လို့ ကစားဖော်မာနီကို ပြောခဲ့သလို သူကတိပေးခဲ့တဲ့အတိုင်းပဲ အတည်ဖြစ်အောင် လုပ်ပေးခဲ့ပါတယ်။ အဲဒီပွဲရဲ့ပထမပိုင်းမှာ ဘိုင်ယန်မြူးနစ်နောက်ခံလူဟောင်းရာဖင်ဟာနဲ့ ထိပ်တိုက်တွေ့မှုကနေ လီဗာပူးတိုက်စစ်မှုးမာနီဟာ အဲဒီပွဲရဲ့ပထမဆုံးအဝါကတ်ပြသခံခဲ့ရပါတယ်။ အဲဒီဆီနီဂေါတိုက်စစ်မှုးကို ရာဖင်ဟာက သိသိသာသာဆွဲခဲ့တာဖြစ်ပေမယ့် ၃၄ နှစ်အရွယ် အဲဒီဘရာဇီးသားကို ပြန်တွန်းလိုက်လို့ ဒိုင်လူကြီးက ဆုံးဖြတ်ချက်ပြောင်းပြီး ရာဖင်ဟာထက် သူ့ကိုသာ အဝါကတ်ပြခဲ့တာကြောင့် မာနီဟာ အတော်လေးဒေါသထွက်သွားခဲ့တာပါ။

ဒါပေမဲ့ ပထမပိုင်းပြီးချိန် ကွင်းထဲက ပြန်ထွက်လာတော့ ရောဘတ်ဆန်က ရာဖင်ဟာရှေ့မှာပဲ ”မာနီရေ မပူနဲ့ ငါ ဒီကောင့်ကို ပြန်လုပ်ပြမယ်”လို့ သူ့အသင်းဖော်ကို ပြောလိုက်ပါတယ်။ တကယ်လည်း ဒုတိယပိုင်းပြန်စပြီး ၇ မိနစ်အကြာမှာပဲ ရောဘတ်ဆန်ဟာ သူပြောတဲ့အတိုင်းလုပ်ခဲ့တာပါ။ ကွင်းဘေးစည်းနားမှာ ဘောလုံးမရှိဘဲနဲ့ ရာဖင်ဟာကို တမင်သက်သက်ကြီး Foul လုပ်ခဲ့ပါတယ်။

အဲဒီလောက်နဲ့တင် ပြီးမသွားသေးပါဘူး။ ဖာမီနိုရဲ့တစ်လုံးတည်းသောအချိန်ပိုသွင်းဂိုးနဲ့ လီဗာပူးအနိုင်ရလိုက်တဲ့ ပွဲသိမ်းခရာမှုတ်ပြီးချိန်မှာ ရောဘတ်ဆန်ဟာ ရာဖင်ဟာရဲ့မျက်နှာရှေ့ လှောင်သလိုပုံစံလုပ်ခဲ့လို့ ဒိုင်လူကြီးကတောင် ဝင်ဆွဲခဲ့ရပါတယ်။ အဲဒီအချိန်မှာ မာနီကလည်း မလှမ်းမကမ်းကနေ အဲဒီအဖြစ်အပျက်ကို မမှိတ်မသုန်လှမ်းကြည့်နေတာပါ။ စကော့တလန်အသင်းခေါင်းဆောင်ရောဘတ်ဆန်ဟာ ပြိုင်ဘက်ကစားသမားတွေကို ဆွကစားသလို လူကောင်နဲ့ မလိုက်အောင် ခပ်ကြမ်းကြမ်းရင်ဆိုင်တတ်သူလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း လီဗာပူးပရိသတ်တွေအရမ်းချစ်ကြတဲ့ ကစားသမားတစ်ယောက်ဖြစ်နေတာပါ။

[Zawgyi]

မာနီအတြက္ ရာဖင္ဟာကို အတိအက်လက္စားေခ်ေပးခဲ့တဲ့ ေရာဘတ္ဆန္

မေန႔ည ကလပ္ကမာၻ႔ဖလားဗုိလ္လုပြဲမွာ လီဗာပူးေနာက္ခံလူေရာဘတ္ဆန္က ဖလာမင္ဂိုညာေနာက္ခံလူရာဖင္ဟာကို လက္စားေခ်ေပးမယ္လုိ႔ ကစားေဖာ္မာနီကို ေျပာခဲ့သလုိ သူကတိေပးခဲ့တဲ့အတုိင္းပဲ အတည္ျဖစ္ေအာင္ လုပ္ေပးခဲ့ပါတယ္။ အဲဒီပြဲရဲ႕ပထမပိုင္းမွာ ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူေဟာင္းရာဖင္ဟာနဲ႔ ထိပ္တိုက္ေတြ႕မႈကေန လီဗာပူးတုိက္စစ္မႈးမာနီဟာ အဲဒီပြဲရဲ႕ပထမဆုံးအ၀ါကတ္ျပသခံခဲ့ရပါတယ္။ အဲဒီဆီနီေဂါတုိက္စစ္မႈးကို ရာဖင္ဟာက သိသိသာသာဆြဲခဲ့တာျဖစ္ေပမယ့္ ၃၄ ႏွစ္အရြယ္ အဲဒီဘရာဇီးသားကို ျပန္တြန္းလိုက္လုိ႔ ဒိုင္လူႀကီးက ဆုံးျဖတ္ခ်က္ေျပာင္းၿပီး ရာဖင္ဟာထက္ သူ႔ကိုသာ အ၀ါကတ္ျပခဲ့တာေၾကာင့္ မာနီဟာ အေတာ္ေလးေဒါသထြက္သြားခဲ့တာပါ။

ဒါေပမဲ့ ပထမပိုင္းၿပီးခ်ိန္ ကြင္းထဲက ျပန္ထြက္လာေတာ့ ေရာဘတ္ဆန္က ရာဖင္ဟာေရွ႕မွာပဲ ”မာနီေရ မပူနဲ႔ ငါ ဒီေကာင့္ကို ျပန္လုပ္ျပမယ္”လုိ႔ သူ႔အသင္းေဖာ္ကို ေျပာလုိက္ပါတယ္။ တကယ္လည္း ဒုတိယပိုင္းျပန္စၿပီး ၇ မိနစ္အၾကာမွာပဲ ေရာဘတ္ဆန္ဟာ သူေျပာတဲ့အတိုင္းလုပ္ခဲ့တာပါ။ ကြင္းေဘးစည္းနားမွာ ေဘာလုံးမရွိဘဲနဲ႔ ရာဖင္ဟာကို တမင္သက္သက္ႀကီး Foul လုပ္ခဲ့ပါတယ္။

အဲဒီေလာက္နဲ႔တင္ ၿပီးမသြားေသးပါဘူး။ ဖာမီႏုိရဲ႕တစ္လုံးတည္းေသာအခ်ိန္ပိုသြင္းဂိုးနဲ႔ လီဗာပူးအႏိုင္ရလိုက္တဲ့ ပြဲသိမ္းခရာမႈတ္ၿပီးခ်ိန္မွာ ေရာဘတ္ဆန္ဟာ ရာဖင္ဟာရဲ႕မ်က္ႏွာေရွ႕ ေလွာင္သလိုပုံစံလုပ္ခဲ့လုိ႔ ဒုိင္လူႀကီးကေတာင္ ၀င္ဆြဲခဲ့ရပါတယ္။ အဲဒီအခ်ိန္မွာ မာနီကလည္း မလွမ္းမကမ္းကေန အဲဒီအျဖစ္အပ်က္ကို မမွိတ္မသုန္လွမ္းၾကည့္ေနတာပါ။ စေကာ့တလန္အသင္းေခါင္းေဆာင္ေရာဘတ္ဆန္ဟာ ၿပိဳင္ဘက္ကစားသမားေတြကို ဆြကစားသလို လူေကာင္နဲ႔ မလိုက္ေအာင္ ခပ္ၾကမး္ၾကမ္းရင္ဆိုင္တတ္သူလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း လီဗာပူးပရိသတ္ေတြအရမ္းခ်စ္ၾကတဲ့ ကစားသမားတစ္ေယာက္ျဖစ္ေနတာပါ။