“မာတီနက်ဇ်က ကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးပါပဲ ” လီယွန်နယ် မက်ဆီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒေသတွင်းအဓိက ပြိုင်ဘက်အသင်းတစ်သင်းဖြစ်တဲ့ ဥရုဂွေးကို ၃ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အာဂျင်တီးနားအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ မက်ဆီဟာ

ပွဲပြီး အင်တာဗျူးအစီအစဉ်မှာ နိုင်ငံအသင်းရဲ့ ကစားဖော် ဂိုးသမား အမ်မလီယာနို မာတီနက်ဇ်ကို

ကမ္ဘာ့အကောင်းဆုံးဂိုးသမား‌တွေထဲက တစ်ဦးဖြစ်ကြောင်း ချီးကျုးပြောဆိုသွားခဲ့ပါတယ်။

ဂိုးသမား မာတီနက်ဇ်ဟာ ဥရုဂွေးတိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်ရဲ့ ဂိုးပေါက်ခြိမ်းခြောက်မှု နှစ်ကြိမ်ကိုလည်း ကာကွယ်နိုင်ခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ကိုလံဘီယာအသင်းနဲ့ ကစားခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်က ပင်နယ်တီအဆုံးအဖြတ် ခံယူရချိန်တုန်းကလည်း

ပင်နယ်တီ သုံးကြိမ်ကာကွယ်နိုင်ခဲ့ပြီး အာဂျင်တီးနားအသင်းကို ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

အခုတစ်ကြိမ်မှာလည်း အာဂျင်တီးနားအသင်းရဲ့ ဂိုးပေါက်ကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာကြောင့် မက်ဆီက အခုလိုပဲချီးကျုးခဲ့တာလည်းဖြစ်ပါတယ်။

“ အမ်မလီယာနို မာတီနက်ဇ်ဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးပါပဲ။ ပြိုင်ဘက်အသင်းက တိုက်စစ်မှူးတွေ သူ့ဆီရောက်လာရင်

သူက အမြဲတုံ့ပြန် ကာကွယ်ပေးနိုင်ပါတယ်။ သူဟာ အကောင်းဆုံးဂိုးသမားတစ်ဦး ဖြစ်တယ်ဆိုတာ ကို သက်သေပြပြီးဖြစ်သလို

ကျွန်တော်တို့အာဂျင်တီးနားအသင်းမှာလည်း ကမ္ဘာပေါ်က အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦး ရရှိထားပါတယ် ” လို့ မက်ဆီက ချီးကျုးပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မာတီနက်ဇ်ဟာ အာဆင်နယ်အသင်းမှာ ၁၀ နှစ်ကြာ ရှိနေခဲ့သူဖြစ်ပေမယ့် အသင်းကြီးမှာ ပွဲထွက်ခွင့်မရရှိခင် ခြောက်ကြိမ်တိုင်တိုင် အငှားချခံခဲ့ရသူပါ။

၂၀၁၉-၂၀ ရာသီမှာတော့ သူဟာ အသင်းမှာ ပွဲထွက်ခွင့် အခွင့်အရေးအချို့ရလာခဲ့ပြီး အာဆင်နယ် အတွက် လက်စွမ်းပြနိုင်ခဲ့ပေမယ့်လည်း

ပုံမှန် ပွဲထွက်ကစားရဖို့ အခွင့်အရေး မသေချာတာကြောင့် အက်စ်တွန်ဗီလာအသင်းဆီကို ပြောင်းရွှေ့ခဲ့ပါတယ်။

အက်စ်တွန်ဗီလာကို ရောက်ရှိပြီးချိန်မှာတော့ မာတီးနက်ဇ်ရဲ့ လက်စွမ်းဟာ တစ်ပွဲထက်တစ်ပွဲ ပိုမိုကောင်းမွန်လာခဲ့တာဖြစ်ပြီး

အာဂျင်တီးနားအသင်းမှာ မက်ဆီ သဘောအကျဆုံး ဂိုးသမားတစ်ဦးဖြစ်လာပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

“မာတီနက္ဇ္က ကမၻာ့အေကာင္းဆုံးဂိုးသမားေတြထဲက တစ္ဦးပါပဲ ” လီယြန္နယ္ မက္ဆီ

ေဒသတြင္းအဓိက ၿပိဳင္ဘက္အသင္းတစ္သင္းျဖစ္တဲ့ ဥရုေဂြးကို ၃ ဂိုးျပတ္နဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ အာဂ်င္တီးနားအတြက္ အဖြင့္ဂိုးသြင္းယူေပးခဲ့တဲ့ မက္ဆီဟာ ပြဲၿပီး အင္တာဗ်ဴးအစီအစဥ္မွာ

ႏိုင္ငံအသင္းရဲ႕ ကစားေဖာ္ ဂိုးသမား အမ္မလီယာႏို မာတီနက္ဇ္ကို ကမၻာ့အေကာင္းဆုံးဂိုးသမား‌ေတြထဲက တစ္ဦးျဖစ္ေၾကာင္း ခ်ီးက်ဳးေျပာဆိုသြားခဲ့ပါတယ္။

ဂိုးသမား မာတီနက္ဇ္ဟာ ဥ႐ုေဂြးတိုက္စစ္မႉး လူးဝစ္ ဆြာရက္ဇ္ရဲ႕ ဂိုးေပါက္ၿခိမ္းေျခာက္မႈ ႏွစ္ႀကိမ္ကိုလည္း ကာကြယ္ႏိုင္ခဲ့ပါတယ္။

သူဟာ ၿပီးခဲ့တဲ့ေႏြရာသီတုန္းက ကိုလံဘီယာအသင္းနဲ႔ ကစားခဲ့တဲ့ ကိုပါအေမရိကဖလားၿပိဳင္ပြဲ ဆီမီးဖိုင္နယ္ပြဲစဥ္က ပင္နယ္တီအဆုံးအျဖတ္ ခံယူရခ်ိန္တုန္းကလည္း

ပင္နယ္တီ သုံးႀကိမ္ကာကြယ္ႏိုင္ခဲ့ၿပီး အာဂ်င္တီးနားအသင္းကို ဗိုလ္လုပြဲဆီ ပို႔ေဆာင္ေပးႏိုင္ခဲ့ပါတယ္။

အခုတစ္ႀကိမ္မွာလည္း အာဂ်င္တီးနားအသင္းရဲ႕ ဂိုးေပါက္ကို လက္စြမ္းျပ ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ မက္ဆီက အခုလိုပဲခ်ီးက်ဳးခဲ့တာလည္းျဖစ္ပါတယ္။

“ အမ္မလီယာႏို မာတီနက္ဇ္ဟာ အသင္းအတြက္ အေရးပါတဲ့ ကစားသမားတစ္ဦးပါပဲ။ ၿပိဳင္ဘက္အသင္းက တိုက္စစ္မွဴးေတြ သူ႔ဆီေရာက္လာရင္၊ သူက အၿမဲတုံ႔ျပန္ ကာကြယ္ေပးႏိုင္ပါတယ္။ သူဟာ အေကာင္းဆုံးဂိုးသမားတစ္ဦး ျဖစ္တယ္ဆိုတာ ကို သက္ေသျပၿပီးျဖစ္သလို၊ ကြၽန္ေတာ္တို႔အာဂ်င္တီးနားအသင္းမွာလည္း ကမာၻေပၚက အေကာင္းဆုံးဂိုးသမားေတြထဲက တစ္ဦး ရရွိထားပါတယ္ ” လို႔ မက္ဆီက ခ်ီးက်ဳးေျပာဆိုလိုက္တာ ျဖစ္ပါတယ္။

မာတီနက္ဇ္ဟာ အာဆင္နယ္အသင္းမွာ ၁၀ ႏွစ္ၾကာ ရွိေနခဲ့သူျဖစ္ေပမယ့္ အသင္းႀကီးမွာ ပြဲထြက္ခြင့္မရရွိခင္ ေျခာက္ႀကိမ္တိုင္တိုင္ အငွားခ်ခံခဲ့ရသူပါ။ ၂၀၁၉-၂၀ ရာသီမွာေတာ့ သူဟာ အသင္းမွာ ပြဲထြက္ခြင့္ အခြင့္အေရးအခ်ိဳ႕ရလာခဲ့ၿပီး အာဆင္နယ္ အတြက္ လက္စြမ္းျပႏိုင္ခဲ့ေပမယ့္လည္း ပံုမွန္ ပြဲထြက္ကစားရဖို႕ အခြင့္အေရး မေသခ်ာတာေၾကာင့္ အက္စ္တြန္ဗီလာအသင္းဆီကို ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။ အက္စ္တြန္ဗီလာကို ေရာက္ရွိၿပီးခ်ိန္မွာေတာ့ မာတီးနက္ဇ္ရဲ႕ လက္စြမ္းဟာ တစ္ပြဲထက္တစ္ပြဲ ပိုမိုေကာင္းမြန္လာခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားအသင္းမွာ မက္ဆီ သေဘာအက်ဆံုး ဂိုးသမားတစ္ဦးျဖစ္လာပါတယ္။