မာတာရဲ့တစ်လုံးတည်းသောဂိုးနဲ့ ပြီးခဲ့တဲ့ရာသီအက်ဖ်အေရှုံးကြွေးပြန်ဆပ်ခဲ့တဲ့ မန်ယူ

photo-daily mail

photo-Ian Hodgson

မန်ယူဟာ အိုးလ်ထရက်ဖို့ဒ်က ဝုဗ်နဲ့ အက်ဖ်အေဖလားပြန်ကန်ပွဲစဉ်မှာ ညာတောင်ပံနေရာက ကစားသွားတဲ့ မာတာရဲ့တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရပြီး စတုတ္ထအဆင့်ကို တက်ရောက်သွားပါတယ်။ မန်ယူအနေနဲ့ ပြီးခဲ့တဲ့ရာသီ ကွာတားဖိုင်နယ်တုန်းက ဝုဗ်ကိုရှုံးပြီး ပြိုင်ပွဲကထွက်ခဲ့ရတာကို ပြန်လည်လက်စားချေနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

photo-soccerway

နှစ်သင်းစလုံးဟာ နောက်တစ်ဆင့်တက်လိုကြတဲ့အတွက် ဒီပွဲမှာ တောင့်တင့်တဲ့လူစာရင်းတွေကို အသုံးပြုခဲ့ကြပါတယ်။ မန်ယူဆိုရင် နော်ဝစ်ချ်နဲ့ပွဲက လူစာရင်းကို ၃ ယောက်သာအပြောင်းအလဲပြုလုပ်ခဲ့တာဖြစ်ပြီး ဂိုးသမားနေရာ ရိုမီရို၊ ဒန်နီရယ်ဂျိမ်းစ်နဲ့ ဂရင်းဝုဒ်တို့ ပွဲထွက်လာခဲ့ကြတာပါ။ ဝုဗ်ကလည်း နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲက လူစာရင်းကို တစ်ယောက်သာ အပြောင်းအလဲရှိခဲ့တာပါ။ ဝုဗ်ကွင်းကစားခဲတဲ့ ပထမပွဲတုန်းက မန်ယူဟာ ဂိုးပေါက်တည့်ကန်ချက်တစ်ချက်တောင် မရှိခဲ့ပေမယ့် အိုးလ်ထရက်ဖို့ဒ်က ဒီပွဲမှာတော့ အများကြီးပိုပြီး ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာကတည်းက ဝုဗ်ဂိုးသမားရဲ့သိပ်ကောင်းတဲ့ ကာကွယ်မှုတွေနဲ့ကြုံတွေ့ခဲ့ရတာပါ။

photo-Ian Hodgson

ဝုဗ်ဟာ နီတိုရဲ့သွင်းယူမှုနဲ့ စတင်ဦးဆောင်နိုင်ခဲ့သေးပေမယ့် ဂိုးမရခင် လက်ထိဘောဖြစ်တယ်ဆိုပြီး VAR နဲ့ ပယ်ဖျက်ခြင်း ခံလိုက်ရပါတယ်။ ဒါပေမဲ့ အကြိတ်အနယ်ပွဲတစ်ပွဲမှာ ပိုကောင်းတဲ့အခွင့်အလမ်းတွေရခဲ့တဲ့ အိမ်ရှင်အတွက် ထိုက်တန်တဲ့နိုင်ပွဲတစ်ပွဲဖြစ်ခဲ့တာပါ။ မန်ယူအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ၆၇ မိနစ်အရောက်မှာ မာရှယ်ရဲ့ထိုးပေးမှုကတစ်ဆင့် ၃၁ နှစ်အရွယ် မာတာက ဆွဲပြေးယူသွားပြီး ဂိုးသမားနဲ့တစ်ယောက်ချင်းအတွေ့ ကျော်ကန်သွင်းယူခဲ့တာပါ။ ရက်ရှ်ဖို့ဒ်လူစားဝင်လာပြီး ၃ မိနစ်အကြာမှာ သွင်းယူနိုင်ခဲ့တာဖြစ်ပေမယ့် အဲဒီမန်ယူရဲ့ဒီရာသီအဓိကတိုက်စစ်မှုးဟာ ဒဏ်ရာရသွားလို့ နောက် ၁၆ မိနစ်အကြာမှာ လင်ဂတ်နဲ့ လူစားပြန်လဲလိုက်ရပါတယ်။ မန်ယူဟာ နောက်တစ်ဆင့်မှာ ဝက်ဖို့ဒ်နဲ့ထရမ်းမီးယားတို့ရဲ့ပြန်ကန်ပွဲက အနိုင်ရတဲ့အသင်းနဲ့ အဝေးကွင်းကစားရမှာပါ။ အဲဒီပြန်ကန်ပွဲဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က ကစားရမှာဖြစ်ပေမယ့် မိုးကြီးမှုကြောင့် ရွှေ့ဆိုင်းလိုက်ရတာပါ။

[Zawgyi]

မာတာရဲ႕တစ္လုံးတည္းေသာဂိုးနဲ႔ ၿပီးခဲ့တဲ့ရာသီအက္ဖ္ေအရႈံးေၾကြးျပန္ဆပ္ခဲ့တဲ့ မန္ယူ

မန္ယူဟာ အုိးလ္ထရက္ဖို႔ဒ္က ၀ုဗ္နဲ႔ အက္ဖ္ေအဖလားျပန္ကန္ပြဲစဥ္မွာ ညာေတာင္ပံေနရာက ကစားသြားတဲ့ မာတာရဲ႕တစ္လုံးတည္းေသာဂိုးနဲ႔ အႏိိုင္ရၿပီး စတုတၳအဆင့္ကို တက္ေရာက္သြားပါတယ္။ မန္ယူအေနနဲ႔ ၿပီးခဲ့တဲ့ရာသီ ကြာတားဖိုင္နယ္တုန္းက ၀ုဗ္ကိုရႈံးၿပီး ၿပိဳင္ပြဲကထြက္ခဲ့ရတာကို ျပန္လည္လက္စားေခ်ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

ႏွစ္သင္းစလုံးဟာ ေနာက္တစ္ဆင့္တက္လုိၾကတဲ့အတြက္ ဒီပြဲမွာ ေတာင့္တင့္တဲ့လူစာရင္းေတြကုိ အသုံးျပဳခဲ့ၾကပါတယ္။ မန္ယူဆိုိရင္ ေနာ္၀စ္ခ်္န႔ဲပြဲက လူစာရင္းကို ၃ ေယာက္သာအေျပာင္းအလဲျပဳလုပ္ခဲ့တာျဖစ္ၿပီး ဂိုးသမားေနရာ ရိုမီရို၊ ဒန္နီရယ္ဂ်ိမ္းစ္နဲ႔ ဂရင္း၀ုဒ္တို႔ ပြဲထြက္လာခဲ့ၾကတာပါ။ ၀ုဗ္ကလည္း ေနာက္ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ္ပြဲက လူစာရင္းကို တစ္ေယာက္သာ အေျပာင္းအလဲရွိခဲ့တာပါ။ ၀ုဗ္ကြင္းကစားခဲတဲ့ ပထမပြဲတုန္းက မန္ယူဟာ ဂိုးေပါက္တည့္ကန္ခ်က္တစ္ခ်က္ေတာင္ မရွိခဲ့ေပမယ့္ အိုးလ္ထရက္ဖို႔ဒ္က ဒီပြဲမွာေတာ့ အမ်ားႀကီးပိုၿပီး ၿခိမ္းေျခာက္ႏိုင္ခဲ့ပါတယ္။ ပထမပိုင္းမွာကတည္းက ၀ုဗ္ဂိုးသမားရဲ႕သိပ္ေကာင္းတဲ့ ကာကြယ္မႈေတြနဲ႕ႀကဳံေတြ႕ခဲ့ရတာပါ။

၀ုဗ္ဟာ နီတိုရဲ႕သြင္းယူမႈနဲ႔ စတင္ဦးေဆာင္ႏိုင္ခဲ့ေသးေပမယ့္ ဂိုးမရခင္ လက္ထိေဘာျဖစ္တယ္ဆိုၿပီး VAR နဲ႔ ပယ္ဖ်က္ျခင္း ခံလိုက္ရပါတယ္။ ဒါေပမဲ့ အႀကိတ္အနယ္ပြဲတစ္ပြဲမွာ ပိုေကာင္းတဲ့အခြင့္အလမ္းေတြရခဲ့တဲ့ အိမ္ရွင္အတြက္ ထိုက္တန္တဲ့ႏိုင္ပြဲတစ္ပြဲျဖစ္ခဲ့တာပါ။ မန္ယူအတြက္ တစ္လုံးတည္းေသာအႏိုင္ဂိုးကို ၆၇ မိနစ္အေရာက္မွာ မာရွယ္ရဲ႕ထိုးေပးမႈကတစ္ဆင့္ ၃၁ ႏွစ္အရြယ္ မာတာက ဆြဲေျပးယူသြားၿပီး ဂိုးသမားနဲ႔တစ္ေယာက္ခ်င္းအေတြ႕ ေက်ာ္ကန္သြင္းယူခဲ့တာပါ။ ရက္ရွ္ဖုိ႔ဒ္လူစား၀င္လာၿပီး ၃ မိနစ္အၾကာမွာ သြင္းယူႏိုင္ခဲ့တာျဖစ္ေပမယ့္ အဲဒီမန္ယူရဲ႕ဒီရာသီအဓိကတိုက္စစ္မႈးဟာ ဒဏ္ရာရသြားလုိ႔ ေနာက္ ၁၆ မိနစ္အၾကာမွာ လင္ဂတ္နဲ႔ လူစားျပန္လဲလုိက္ရပါတယ္။ မန္ယူဟာ ေနာက္တစ္ဆင့္မွာ ၀က္ဖို႔ဒ္နဲ႔ထရမ္းမီးယားတုိ႔ရဲ႕ျပန္ကန္ပြဲက အႏိုင္ရတဲ့အသင္းနဲ႔ အေ၀းကြင္းကစားရမွာပါ။ အဲဒီျပန္ကန္ပြဲဟာ ၿပီးခဲ့တဲ့အဂၤါေန႔က ကစားရမွာျဖစ္ေပမယ့္ မိုးႀကီးမႈေၾကာင့္ ေရႊ႕ဆိုင္းလုိက္ရတာပါ။