မာတာနဲ့ လီဂရန့်ကို စာချုပ်သက်တမ်းတိုးလို့ ကျောနံပါတ် ၈ ရဖို့ ဖာနန်ဒက်စ် ၁နှစ် ထပ်စောင့်ရမယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘောလုံးအားကစားမှာ ကျောနံပါတ်တွေဟာ ကိုယ်ကစားတဲ့နေရာကို ရည်ညွန်းရာရောက်ပါတယ်။

ဘောလုံးအသင်းတွေမှာ အနောက်နိုင်ငံအတော်များများရဲ့ Unlucky နံပါတ်အဖြစ် ယူဆထားတဲ့ နံပါတ် ၁၃ကို ဂိုးသမားတွေသာ အများဆုံး ဝတ်ဆင်လေ့ရှိပြီး

ကစားတဲ့ အခြားနေရာက လူတွေထဲက ဝတ်ဆင်တာ အရမ်းနည်းပါတယ်။

ယူနိုက်တက်က ပတ်ဂျီဆန်၊ ချဲလ်ဆီးနဲ့ ဂျာမနီကစားသမားဟောင်း မိုက်ကယ်ဘောလက်တို့လောက်ပဲ ကျောနံပါတ် ၁၃မှာ ထင်ရှားတဲ့သူေတွေဖြစ်ခဲ့တာပါ။

နံပါတ်၁ဆိုရင် ဂိုးသမားတွက် အော်တို သတ်မှတ်ထားပြီးသားဖြစ်ပါတယ်။

နံပါတ်အသေးတွေက နောက်တန်းကစားတဲ့သူတွေ အများစု ဝတ်ဆင်ကြပြီး ရှေ့တန်းတိုက်စစ်မှုးတွေကတော့ နံပါတ် ၉ ကို အဓိက ဝတ်ဆင်ပါတယ်။

ကွင်းလယ်လူတွေအတွက် နံပါတ် ၁၀ ဝတ်ဆင်တာမျိုးတွေရှိပေမယ့် ဒီနံပါတ်ကို တိုက်စစ်မှုးတွေ ဝတ်ဆင်ကြတာတွေလည်း ရှိပါတယ်။

ဒါကြောင့် အလယ်တန်းကစားသမားစစ်စစ်တွေအတွက် ကျောနံပါတ် ၈ က အရေးပါလာပါပြီ။

အထူးသဖြင့် ယူနိုက်တက်လို အစဉ်အလာကြီးတဲ့ အသင်းကြီးမှာ ကျောနံပါတ်တွေရဲ့ အစဉ်အလာကလည်း တကယ်ကို ကြီးကျယ်ခမ်းနားခဲ့တာပါ။

ယူနိုက်တက်အသင်းမှာ ကျောနံပါတ် ၇ ကို လူတိုင်းကို မပေးခဲ့သလို ကစားသမားတွေရဲ့ နောက်ကျောက ကျောနံပါတ်တွေရဲ့ တန်ဖိုးကို သိအောင် အရင်လုပ်စေခဲ့တာပါ။

ယူနိုက်တက်ရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားဖြစ်တဲ့ ဝိန်းရူနီဟာ အသင်းကို စရောက်လာတုန်းက ကျောနံပါတ် ၈ ဝတ်ဆင်ခဲ့ရပါတယ်။

ယူနိုက်တက်မှာ ကျောနံပါတ် ၈ ကို ပရီးမီးယားလိဂ်ခေတ်မှာ ပေါလ်အင့်၊ နစ်ကီဘတ်၊ အန်ဒါဆန်တို့ ဝတ်ဆင်ခဲ့ဖူးပြီး ၂၀၁၄ ခုနှစ်ကစပြီး ချလ်ဆီးက ပြောင်းလာတဲ့ မာတာက ဝတ်ဆင်ခဲ့ရတာပါ။

ယူနိုက်တက်ကိုရောက်လာတဲ့ အချိန်ကစပြီး ခြေစွမ်းပြနေတဲ့ ဘရူနိုဖာနန်ဒက်စ်ကလည်း ကျောနံပါတ် ၈ ကို ဝတ်ဆင်ကစားလိုပေမယ့် အခုတော့ သူ့ဆန္ဒပြည့်ဖို့ နောက်တစ်နှစ် ထပ်စောင့်ရမယ့် သဘောရှိပါတယ်။

ဘာလို့လဲဆိုတော့ ယူနိုက်တက်က မာတာကို စာချုပ်သက်တမ်း တစ်နှစ် တိုးလိုက်တဲ့အတွက် လက်ရှိမှာ အရင်ဂန္ထဝင်တစ်ဦးဖြစ်တဲ့

ပေါလ်စခိုးရဲ့ ကျောနံပါတ် ၁၈ ကိုပဲ ဖာနန်ဒက်စ် ဆက်ပြီး ဝတ်ဆင်သွားရဦးမှာပါ။

မာတာကို စာချုပ်သက်တမ်းတိုးခဲ့တာနဲ့ ပတ်သတ်ပြီး ဖာနန်ဒက်စ်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အခုလို အရွှန်းဖောက်ထားပါတယ်။

” ကျွန်တော့်အထင် ကျောနံပါတ် ၈ ကို ဝတ်ရဖို့ နောက်တစ်နှစ်ထပ်စောင့်ရဦးမယ်။ ဂုဏ်ယူပါတယ် bro! မင်းက ထိုက်တန်ပါတယ်။

ကွင်းတွင်းကွင်းပြင်မှာ စံနမူနာကောင်းတစ်ယောက်ပါ” လို့ ဖာနန်ဒက်စ်က မာတာကို ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ အသက် ၃၈နှစ်ရှိပြီဖြစ်တဲ့ တတိယဂိုးသမား လီဂရန့်ကိုလည်း သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ ပါသေးတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မာတာနဲ႔ လီဂရန႔္ကို စာခ်ဳပ္သက္တမ္းတိုးလို႔ ေက်ာနံပါတ္ ၈ ရဖို႔ ဖာနန္ဒက္စ္ ၁ႏွစ္ ထပ္ေစာင့္ရမယ္

ေဘာလုံးအားကစားမွာ ေက်ာနံပါတ္ေတြဟာ ကိုယ္ကစားတဲ့ေနရာကို ရည္ၫြန္းရာေရာက္ပါတယ္။

ေဘာလုံးအသင္းေတြမွာ အေနာက္ႏိုင္ငံအေတာ္မ်ားမ်ားရဲ႕ Unlucky နံပါတ္အျဖစ္ ယူဆထားတဲ့ နံပါတ္ ၁၃ကို ဂိုးသမားေတြသာ အမ်ားဆုံး ဝတ္ဆင္ေလ့ရွိၿပီး ကစားတဲ့ အျခားေနရာက လူေတြထဲက ဝတ္ဆင္တာ အရမ္းနည္းပါတယ္။

ယူႏိုက္တက္က ပတ္ဂ်ီဆန္၊ ခ်ဲလ္ဆီးနဲ႔ ဂ်ာမနီကစားသမားေဟာင္း မိုက္ကယ္ေဘာလက္တို႔ေလာက္ပဲ ေက်ာနံပါတ္ ၁၃မွာ ထင္ရွားတဲ့သူေေတြျဖစ္ခဲ့တာပါ။ နံပါတ္၁ဆိုရင္ ဂိုးသမားတြက္ ေအာ္တို သတ္မွတ္ထားၿပီးသားျဖစ္ပါတယ္။ နံပါတ္အေသးေတြက ေနာက္တန္းကစားတဲ့သူေတြ အမ်ားစု ဝတ္ဆင္ၾကၿပီး ေရွ႕တန္းတိုက္စစ္မႈးေတြကေတာ့ နံပါတ္ ၉ ကို အဓိက ဝတ္ဆင္ပါတယ္။

ကြင္းလယ္လူေတြအတြက္ နံပါတ္ ၁၀ ဝတ္ဆင္တာမ်ိဳးေတြရွိေပမယ့္ ဒီနံပါတ္ကို တိုက္စစ္မႈးေတြ ဝတ္ဆင္ၾကတာေတြလည္း ရွိပါတယ္။ ဒါေၾကာင့္ အလယ္တန္းကစားသမားစစ္စစ္ေတြအတြက္ ေက်ာနံပါတ္ ၈ က အေရးပါလာပါၿပီ။ အထူးသျဖင့္ ယူႏိုက္တက္လို အစဥ္အလာႀကီးတဲ့ အသင္းႀကီးမွာ ေက်ာနံပါတ္ေတြရဲ႕ အစဥ္အလာကလည္း တကယ္ကို ႀကီးက်ယ္ခမ္းနားခဲ့တာပါ။ ယူႏိုက္တက္အသင္းမွာ ေက်ာနံပါတ္ ၇ ကို လူတိုင္းကို မေပးခဲ့သလို ကစားသမားေတြရဲ႕ ေနာက္ေက်ာက ေက်ာနံပါတ္ေတြရဲ႕ တန္ဖိုးကို သိေအာင္ အရင္လုပ္ေစခဲ့တာပါ။

ယူႏိုက္တက္ရဲ႕ ထာဝရဂိုးသြင္းအမ်ားဆုံး ကစားသမားျဖစ္တဲ့ ဝိန္း႐ူနီဟာ အသင္းကို စေရာက္လာတုန္းက ေက်ာနံပါတ္ ၈ ဝတ္ဆင္ခဲ့ရပါတယ္။ ယူႏိုက္တက္မွာ ေက်ာနံပါတ္ ၈ ကို ပရီးမီးယားလိဂ္ေခတ္မွာ ေပါလ္အင့္၊ နစ္ကီဘတ္၊ အန္ဒါဆန္တို႔ ဝတ္ဆင္ခဲ့ဖူးၿပီး ၂၀၁၄ ခုႏွစ္ကစၿပီး ခ်လ္ဆီးက ေျပာင္းလာတဲ့ မာတာက ဝတ္ဆင္ခဲ့ရတာပါ။ ယူႏိုက္တက္ကိုေရာက္လာတဲ့ အခ်ိန္ကစၿပီး ေျခစြမ္းျပေနတဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ကလည္း ေက်ာနံပါတ္ ၈ ကို ဝတ္ဆင္ကစားလိုေပမယ့္ အခုေတာ့ သူ႔ဆႏၵျပည့္ဖို႔ ေနာက္တစ္ႏွစ္ ထပ္ေစာင့္ရမယ့္ သေဘာရွိပါတယ္။

ဘာလို႔လဲဆိုေတာ့ ယူႏိုက္တက္က မာတာကို စာခ်ဳပ္သက္တမ္း တစ္ႏွစ္ တိုးလိုက္တဲ့အတြက္ လက္ရွိမွာ အရင္ဂႏၴဝင္တစ္ဦးျဖစ္တဲ့ ေပါလ္စခိုးရဲ႕ ေက်ာနံပါတ္ ၁၈ ကိုပဲ ဖာနန္ဒက္စ္ ဆက္ၿပီး ဝတ္ဆင္သြားရဦးမွာပါ။

မာတာကို စာခ်ဳပ္သက္တမ္းတိုးခဲ့တာနဲ႔ ပတ္သတ္ၿပီး ဖာနန္ဒက္စ္က သူ႔ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွာ အခုလို အ႐ႊန္းေဖာက္ထားပါတယ္။ ” ကြၽန္ေတာ့္အထင္ ေက်ာနံပါတ္ ၈ ကို ဝတ္ရဖို႔ ေနာက္တစ္ႏွစ္ထပ္ေစာင့္ရဦးမယ္။ ဂုဏ္ယူပါတယ္ bro! မင္းက ထိုက္တန္ပါတယ္။ ကြင္းတြင္းကြင္းျပင္မွာ စံနမူနာေကာင္းတစ္ေယာက္ပါ” လို႔ ဖာနန္ဒက္စ္က မာတာကို ဂုဏ္ျပဳစကားဆိုခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ အသက္ ၃၈ႏွစ္ရွိၿပီျဖစ္တဲ့ တတိယဂိုးသမား လီဂရန႔္ကိုလည္း သက္တမ္းတိုး စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ ပါေသးတယ္။