

လီဗာပူးအသင်းဟာ အသက် ၂၈နှစ်အရွယ်ဂျာမနီဖွား ကင်မရွန်းနောက်ခံလူ ဂျိုရယ်မာတစ်ကို ၅နှစ်သက်တမ်းရှိစာချုပ်သစ်တစ်ရပ်ထပ်မံချုပ်ဆိုသွားခဲ့ပါတယ်။ မာတစ်ဟာ ဗဟိုခံစစ်မှာ ဗန်ဒိုက်နဲ့အတူတွဲ ဖက်ပြီး ချန်ပီယံလိဂ်ဆုဖလားရအောင်အဓိကနေရာမှပါဝင်ပေးခဲ့သလို ၂၀၁၆မှာ ရှော်ကေးကနေ လီဗာပူးကိုပြောင်းရွှေ့လာခဲ့ပြီးတဲ့နောက် မာဆေးဆိုက်ဒ်ကလပ်အတွက် ၁၀၇ပွဲအထိပါဝင်ကစားပေးထား သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့မှာတော့ မာတစ်ဟာ ၂၀၂၄နွေရာသီအထိဆက်ရှိနေမယ့် စာချုပ်သစ်ကိုအသင်းရဲ့ မဲလ်ဝုဒ်လေ့ကျင့်ရေးကွင်းမှာလက်မှတ်ထိုးခဲ့တာပါ။

လီဗာပူးအသင်းတရားဝင်ဝက်ဘ် ဆိုက်ဒ်မှတစ်ဆင့် မာတစ်က “ကာလရှည်ပါဝင်ခွင့်ရမယ်ဆိုတဲ့ခံစားချက်ကကြီးကျယ်ပါတယ်။ အပြင်ကနေကြည့်ရင် လီဗာပူးကိုအသင်းကြီးတစ်သင်းအဖြစ်သိကြမှာပါ။ အတွင်းဘက်ကိုဝင်လာခွင့်ရမယ်ဆိုရင်တော့ ဘယ်လောက်အထိကြီးကျယ်တဲ့ခံစားချက်မျိုးရမလဲဆိုတာကိုခင်ဗျားတို့သိပါလိမ့်မယ်။ ဒီနိုင်ငံမှာ လီဗာပူးရဲ့ပရိသတ်ကနေရာတိုင်းမှာရှိပါတယ်။ ကစားသမားတိုင်းကလည်း ဒီအသင်းမှာပါဝင်ကစားချင်မှာ သေချာပါတယ်။ ကျွန်တော်တို့မှာ ငယ်ရွယ်ပြီး အရည်အချင်းရှိသလို ဆာလောင်စိတ်ပြင်းပြတဲ့အသင်းရှိနေပါတယ်။

လုပ်ဆောင်စရာတွေအများကြီးကျန်ပါသေးတယ်။ အလုပ်ကြိုးစားပြီး အကောင်းဆုံးတွေကို လုပ်ဆောင်နိုင်မယ်ဆိုရင် အောင်မြင်မှုကဘယ်အထိဆက်သွားမလဲဆိုတာ ခင်ဗျားတို့မသိနိုင်ပါဘူး။ ကျွန်တော်တို့စောင့်ကြည့်ရမှာပါ။ ဒီအသင်းမှာပါဝင်ခွင့်ရတာဟာဂုဏ်ယူစရာကောင်းပါတယ်။ စာချုပ် သစ်အတွက်ပျော်ရွှင်မိသလို ကျွန်တော့်ဘက်ကအကောင်းဆုံးလုပ်ပြနိုင်ခဲ့လို့ အသင်းဘက်ကကျွန်တော်တို့ဆက်ထိန်းခဲ့တယ်လို့ထင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
(zawgyi)
လီဗာပူးအသင္းဟာ အသက္ ၂၈ႏွစ္အရြယ္ဂ်ာမနီဖြား ကင္မရြန္းေနာက္ခံလူ ဂ်ိဳရယ္မာတစ္ကို ၅ႏွစ္သက္တမ္းရွိစာခ်ဳပ္သစ္တစ္ရပ္ထပ္မံခ်ဳပ္ဆိုသြားခဲ့ပါတယ္။ မာတစ္ဟာ ဗဟိုခံစစ္မွာ ဗန္ဒိုက္နဲ႔အတူတြဲ ဖက္ျပီး ခ်န္ပီယံလိဂ္ဆုဖလားရေအာင္အဓိကေနရာမွပါ၀င္ေပးခဲ့သလို ၂၀၁၆မွာ ေရွာ္ေကးကေန လီဗာပူးကိုေျပာင္းေရႊ႔လာခဲ့ျပီးတဲ့ေနာက္ မာေဆးဆိုက္ဒ္ကလပ္အတြက္ ၁၀၇ပြဲအထိပါ၀င္ကစားေပးထား သူျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ေသာၾကာေန႔မွာေတာ့ မာတစ္ဟာ ၂၀၂၄ေႏြရာသီအထိဆက္ရွိေနမယ့္ စာခ်ဳပ္သစ္ကိုအသင္းရဲ့ မဲလ္၀ုဒ္ေလ့က်င့္ေရးကြင္းမွာလက္မွတ္ထိုးခဲ့တာပါ။ လီဗာပူးအသင္းတရား၀င္၀က္ဘ္ ဆိုက္ဒ္မွတစ္ဆင့္ မာတစ္က “ကာလရွည္ပါ၀င္ခြင့္ရမယ္ဆိုတဲ့ခံစားခ်က္ကၾကီးက်ယ္ပါတယ္။ အျပင္ကေနၾကည့္ရင္ လီဗာပူးကိုအသင္းၾကီးတစ္သင္းအျဖစ္သိၾကမွာပါ။ အတြင္းဘက္ကို၀င္လာခြင့္ရမယ္ဆိုရင္ေတာ့ ဘယ္ေလာက္အထိၾကီးက်ယ္တဲ့ခံစားခ်က္မ်ိဳးရမလဲဆိုတာကိုခင္ဗ်ားတို႔သိပါလိမ့္မယ္။ ဒီႏိုင္ငံမွာ လီဗာပူးရဲ့ပရိသတ္ကေနရာတိုင္းမွာရွိပါတယ္။ ကစားသမားတိုင္းကလည္း ဒီအသင္းမွာပါ၀င္ကစားခ်င္မွာ ေသခ်ာပါတယ္။ ကၽြန္ေတာ္တို႔မွာ ငယ္ရြယ္ျပီး အရည္အခ်င္းရွိသလို ဆာေလာင္စိတ္ျပင္းျပတဲ့အသင္းရွိေနပါတယ္။ လုပ္ေဆာင္စရာေတြအမ်ားၾကီးက်န္ပါေသးတယ္။ အလုပ္ၾကိဳးစားျပီး အေကာင္းဆံုးေတြကို လုပ္ေဆာင္ႏိုင္မယ္ဆိုရင္ ေအာင္ျမင္မႈကဘယ္အထိဆက္သြားမလဲဆိုတာ ခင္ဗ်ားတို႔မသိႏိုင္ပါဘူး။ ကၽြန္ေတာ္တို႔ေစာင့္ၾကည့္ရမွာပါ။ ဒီအသင္းမွာပါ၀င္ခြင့္ရတာဟာဂုဏ္ယူစရာေကာင္းပါတယ္။ စာခ်ဳပ္ သစ္အတြက္ေပ်ာ္ရႊင္မိသလို ကၽြန္ေတာ့္ဘက္ကအေကာင္းဆံုးလုပ္ျပႏိုင္ခဲ့လို႔ အသင္းဘက္ကကၽြန္ေတာ္တို႔ဆက္ထိန္းခဲ့တယ္လို႔ထင္ပါတယ္” လို႔ေျပာၾကားခဲ့ပါတယ္။