မာစီယဲလ်ကို အငှားနဲ့ခေါ်ဖို့ အင်တာမီလန်ပစ်မှတ်ထားနေပြီး ယူနိုက်တက်အသင်းကလည်း သဘောတူသွားဖို့ရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်တာမီလန်အသင်းဟာ ချယ်လ်ဆီးအသင်းဆီပြောင်းရွှေ့ဖို့နီးစပ်နေပြီဖြစ်တဲ့ တိုက်စစ်မှူးလူကာကူရဲ့နေရာမှာအစားထိုးဖို့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးမာစီယဲလ်ကို ပစ်မှတ်ထားနေပါတယ်။

ပြီးခဲ့တဲ့ရာသီစီးရီးအေပြိုင်ပွဲမှာ အင်တာမီလန်အသင်း (၁၁)နှစ်ကြာဝေးကွာနေတဲ့ ချန်ပီယံဆုရရှိအောင် သွင်းဂိုးတွေနဲ့ကူညီပေးခဲ့တဲ့လူကာကူဟာ အသင်းဟောင်းချယ်လ်ဆီးကို ပေါင်(၉၈)သန်းနဲ့ပြောင်းရွှေ့တော့မှာဖြစ်ပြီး

အင်တာမီလန်အသင်းကလည်း ဘဏ္ဍာရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရတာကြောင့် လူကာကူကို မရောင်းချင်ဘဲနဲ့ရောင်းချလိုက်ရတာဖြစ်ပါတယ်။

တကယ်လို့ ချယ်လ်ဆီးအသင်းနဲ့လူကာကူတို့ အပြောင်းအရွှေ့ကိစ္စအပြီးသတ်နိုင်ခဲ့ရင် အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ယူနိုက်တက်အသင်းမှာ ပွဲထွက်ခွင့်ရဖို့ရုန်းကန်ခဲ့ရတဲ့ မာစီယဲလ်ကို

တစ်ရာသီအငှားနဲ့ခေါ်ယူဖို့ကြိုးပမ်းသွားမှာဖြစ်ပြီး ယူနိုက်တက်အသင်းကလည်း လက်ခံသွားမယ့်အနေအထားရှိနေပါပြီ။

ဒါပေမဲ့ ယူနိုက်တက်အသင်းဟာ အငှားစာချုပ်သက်တမ်းကုန်ရင် အင်တာမီလန်အသင်းအနေနဲ့ မာစီယဲလ်ကို အပြီးသတ်စာချုပ်ချုပ်ဆိုရမယ်ဆိုတဲ့အချက်ကိုလည်း ထည့်သွင်းသွားဖို့ရှိတယ်လို့ ဗြိတိန်သတင်းစာ The Sun ကဖော်ပြခဲ့ပါတယ်။

အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ မာစီယဲလ်ဟာ ၂၀၁၅ ခုနှစ်တုန်းက မိုနာကိုအသင်းကနေ ယူနိုက်တက်အသင်းဆီ ပေါင်သန်း(၅၀)နဲ့ပြောင်းရွှေ့ခဲ့ပြီး အဲဒီအချိန်က ဆယ်ကျော်သက်ကစားသမားတွေထဲမှာ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်ခဲ့တာပါ။

အခုလောလောဆယ် မာစီယဲလ်ဟာ ယူနိုက်တက်အသင်းမှာ တစ်ပတ်ကို ပေါင်(၂၀၀,၀၀၀)ရရှိနေသလို စာချုပ်သက်တမ်း(၃)နှစ်ကျန်ရှိနေပြီး ယူနိုက်တက်အသင်းကတော့ သူ့အတွက် အသုံးပြုခဲ့ရတဲ့ပြောင်းရွှေ့ကြေးအတိုင်းရမယ်ဆိုရင် အင်တာမီလန်အသင်းဆီ အပြီးသတ်ရောင်းချဖို့ဆန္ဒရှိနေတာဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ယူနိုက်တက်ကစားသမားတွေဖြစ်တဲ့ လူကာကူ၊ အက်ရှ်လေယန်း၊ ဆန်းချက်ဇ်၊ ဒါမီယန်တို့ကို ခေါ်ယူခဲ့ဖူးသလို နှစ်သင်းအကြားမှာဆက်ဆံရေးကောင်းတွေရှိတဲ့အတွက်

မာစီယဲလ်ရဲ့အပြောင်းအရွှေ့ကဖြစ်ပေါ်လာဖို့ရှိပေမယ့် မာစီယဲလ်ကို ပေါင်သန်း(၅၀)အထိပေးပြီး ခေါ်ယူဖို့က သိပ်တော့မသေချာပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မာစီယဲလ္ကို အငွားနဲ႔ေခၚဖို႔ အင္တာမီလန္ပစ္မွတ္ထားေနၿပီး ယူႏိုက္တက္အသင္းကလည္း သေဘာတူသြားဖို႔ရွိ

အင္တာမီလန္အသင္းဟာ ခ်ယ္လ္ဆီးအသင္းဆီေျပာင္းေ႐ႊ႕ဖို႔နီးစပ္ေနၿပီျဖစ္တဲ့ တိုက္စစ္မႉးလူကာကူရဲ႕ေနရာမွာအစားထိုးဖို႔ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးမာစီယဲလ္ကို ပစ္မွတ္ထားေနပါတယ္။ ၿပီးခဲ့တဲ့ရာသီစီးရီးေအၿပိဳင္ပြဲမွာ အင္တာမီလန္အသင္း (၁၁)ႏွစ္ၾကာေဝးကြာေနတဲ့ ခ်န္ပီယံဆုရရွိေအာင္ သြင္းဂိုးေတြနဲ႔ကူညီေပးခဲ့တဲ့လူကာကူဟာ အသင္းေဟာင္းခ်ယ္လ္ဆီးကို ေပါင္(၉၈)သန္းနဲ႔ေျပာင္းေ႐ႊ႕ေတာ့မွာျဖစ္ၿပီး အင္တာမီလန္အသင္းကလည္း ဘ႑ာေရးအခက္အခဲေတြနဲ႔ရင္ဆိုင္ေနရတာေၾကာင့္ လူကာကူကို မေရာင္းခ်င္ဘဲနဲ႔ေရာင္းခ်လိုက္ရတာျဖစ္ပါတယ္။ တကယ္လို႔ ခ်ယ္လ္ဆီးအသင္းနဲ႔လူကာကူတို႔ အေျပာင္းအေ႐ႊ႕ကိစၥအၿပီးသတ္ႏိုင္ခဲ့ရင္ အင္တာမီလန္အသင္းဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ယူႏိုက္တက္အသင္းမွာ ပြဲထြက္ခြင့္ရဖို႔႐ုန္းကန္ခဲ့ရတဲ့ မာစီယဲလ္ကို တစ္ရာသီအငွားနဲ႔ေခၚယူဖို႔ႀကိဳးပမ္းသြားမွာျဖစ္ၿပီး ယူႏိုက္တက္အသင္းကလည္း လက္ခံသြားမယ့္အေနအထားရွိေနပါၿပီ။

ဒါေပမဲ့ ယူႏိုက္တက္အသင္းဟာ အငွားစာခ်ဳပ္သက္တမ္းကုန္ရင္ အင္တာမီလန္အသင္းအေနနဲ႔ မာစီယဲလ္ကို အၿပီးသတ္စာခ်ဳပ္ခ်ဳပ္ဆိုရမယ္ဆိုတဲ့အခ်က္ကိုလည္း ထည့္သြင္းသြားဖို႔ရွိတယ္လို႔ ၿဗိတိန္သတင္းစာ The Sun ကေဖာ္ျပခဲ့ပါတယ္။ အသက္(၂၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ မာစီယဲလ္ဟာ ၂၀၁၅ ခုႏွစ္တုန္းက မိုနာကိုအသင္းကေန ယူႏိုက္တက္အသင္းဆီ ေပါင္သန္း(၅၀)နဲ႔ေျပာင္းေ႐ႊ႕ခဲ့ၿပီး အဲဒီအခ်ိန္က ဆယ္ေက်ာ္သက္ကစားသမားေတြထဲမွာ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးျဖစ္ခဲ့တာပါ။

အခုေလာေလာဆယ္ မာစီယဲလ္ဟာ ယူႏိုက္တက္အသင္းမွာ တစ္ပတ္ကို ေပါင္(၂၀၀,၀၀၀)ရရွိေနသလို စာခ်ဳပ္သက္တမ္း(၃)ႏွစ္က်န္ရွိေနၿပီး ယူႏိုက္တက္အသင္းကေတာ့ သူ႔အတြက္ အသုံးျပဳခဲ့ရတဲ့ေျပာင္းေ႐ႊ႕ေၾကးအတိုင္းရမယ္ဆိုရင္ အင္တာမီလန္အသင္းဆီ အၿပီးသတ္ေရာင္းခ်ဖို႔ဆႏၵရွိေနတာျဖစ္ပါတယ္။ အင္တာမီလန္အသင္းဟာ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ယူႏိုက္တက္ကစားသမားေတြျဖစ္တဲ့ လူကာကူ၊ အက္ရွ္ေလယန္း၊ ဆန္းခ်က္ဇ္၊ ဒါမီယန္တို႔ကို ေခၚယူခဲ့ဖူးသလို ႏွစ္သင္းအၾကားမွာဆက္ဆံေရးေကာင္းေတြရွိတဲ့အတြက္ မာစီယဲလ္ရဲ႕အေျပာင္းအေ႐ႊ႕ကျဖစ္ေပၚလာဖို႔ရွိေပမယ့္ မာစီယဲလ္ကို ေပါင္သန္း(၅၀)အထိေပးၿပီး ေခၚယူဖို႔က သိပ္ေတာ့မေသခ်ာပါဘူး။