စီးရီးအေမှာ မင်းမူနေတဲ့ ယူနိုက်တက်ရဲ့ ဂိုးသွင်းဘုရင်(၃)ပါး ကြောင့် စိတ်ဝင်စားမှုမြင့်တက်လာတဲ့ ဂိုးသွင်းဘုရင်အားပြိုင်ပွဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဥရောပရဲ့ထိပ်တန်းလိဂ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ စီးရီးအေမှာဒီနှစ်ရဲ့ရာသီသိမ်းချိန်မှာ ဂိုးသွင်းဘုရင်ဘယ်သူဖြစ်မလဲဆိုတာစိတ်ဝင်စားစရာပါပဲ။ ဘာကြောင့်လဲဆိုရင် ယူနိုက်တက်အသင်းမှာ ကစားခဲ့ဖူးပြီး ယူနိုက်တက် ပရိသတ်တွေက သူတို့နဲ့ပတ်သက်တဲ့အကြောင်းတွေနဲ့အောင်မြင်မှုတွေအကြောင်းကိုပြောနေကြဆဲဖြစ်တဲ့ ကစားသမားကြီးနှစ်ယောက်ဟာ အခုအချိန်မှာစီးရီးအေရဲ့ သွင်းဂိုးအများဆုံး ဇယားမှာဦးဆောင်နေလို့ပါပဲ။ ဝါရင့် တိုက်စစ်မှူးတွေဖြစ်တဲ့ အီဘရာဟီမိုဗစ်၊ စီရော်နယ်ဒိုတို့ဟာ ထိပ်တန်းဂိုးသွင်းရှင် တွေဖြစ်နေပြီး သူတို့ ၂ ယောက်ရဲ့နောက်မှာ ကပ်လိုက်ပါနေတဲ့သူဟာလည်း ယူနိုက်တက် အသင်းကနေ အင်တာမီလန်ကိုပြောင်းရွှေ့လာတဲ့ လူကာကူပါ။ သူတို့တွေထဲမှာ ယူနိုက်တက်နဲ့ ပတ်သက်ပြီးကောင်းမွန်တဲ့ဇာတ်လမ်းတွေရှိခဲ့တဲ့စီရော်နယ်ဒိုနဲ့၊ ယူနိုက်တက်ကိုရောက်တဲ့အချိန်မှာ သူ့ကိုယ်သူ ယူနိုက်တက်ရဲ့ နတ်ဘုရားဖြစ်လာမယ့်သူဆိုပြီး ကြွေးကြော်ခဲ့ကာ အသင်းမှာ၂ရာသီကြာကစားခဲ့ပြီး ဖာဂူဆန်နှောင်းပိုင်း ဖလားတွေပြန်လည်ရရှိခဲ့တဲ့သူပါ။ ယူနိုက်တက်မှာကစားခဲ့တဲ့ စီရော်နယ်ဒို၊မိုဗစ်တို့ဟာ အခုအချိန်အထိပရိသတ်တွေရင်ထဲက သူရဲကောင်းတွေဖြစ်နေဆဲပါ။ လူကာကူဟာလည်း ယူနိုက်တက်မှာကစားခဲ့ပြီး စီရော်နယ်ဒို၊မိုဗစ်တို့လိုမျိုး ပရိသတ်တွေ အရမ်း သဘောကျဖြစ်ခဲ့တဲ့ ကစားသမားတစ်ဦးမဟုတ်ခဲ့ပေမယ့် သူ့ရဲ့ကြိုးစားအားထုတ်မှုတွေကိုတော့ ပရိသတ်တွေကအသိအမှတ်ပြုပေးခဲ့ခြင်းခံခဲ့ရသူပါ။ ယူနိုက်တက်အသင်းမှာရှိစဉ်က ခန္ဓာကိုယ် အဝလွန်ခဲ့ကာ လေးလံခဲ့တယ်ဆိုပြီး ဝေဖန်ခံခဲ့ရပေမယ့် စီရီးအေမှာ ကွန်တီရဲ့ စည်းစနစ်အောက်မှာ သူဟာခန္ဓာကိုယ်ကြံခိုင်မှုတွေပြန်လည်ရရှိခဲ့ပြီးလေးပင်တဲ့ လှုပ်ရှားမှုတွေမရှိတော့ပဲ အင်တာမီလန်ရဲ့ အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်လာခဲ့ပါတယ်။

အရင်တုန်းက ဘောလုံးသမားတစ်ယောက်ရဲ့ ပျမ်းမျှကစား တဲ့သက်တမ်းဟာ ၃၅ နှစ် ဝန်းကျင်ပဲရှိပြီး တကယ်လို့ ဆက်ကစားခဲ့ရင်တောင် သူတို့ဟာ ထိပ်တန်းလိဂ်တွေမှာမဟုတ်တော့ဘဲ တစ်ဆင့်နိမ့်တဲ့လိဂ်တွေမှာ သွား ရောက်ကစားတာမျိုးတွေ များပါတယ်။

ဘရာဇီးစတားတွေဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ရော်နယ်ဒင်ဟိုတို့ဟာ အသက် ၃၅ နှစ်ဝန်းကျင်မှာ ဘရာဇီးပြည်တွင်းလိဂ်ကစား ရင်း အနားယူခဲ့ကြသလို အင်နီယေစတာဆိုရင် ဂျပန်ဂျေလိဂ်၊ အွန်နရီက အမေရိကန်မေဂျာလိဂ်တို့မှာ ကစားရင်း အနားယူခဲ့ကြတာပါ။

စီရော်နယ်ဒို(၃၆ နှစ်)၊ အီဘရာဟီမိုဗစ်(၃၉ နှစ်)တို့ကတော့ စီးရီးအေလို ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲမှာ ကစားနေတဲ့အပြင် ထိပ်တန်းဂိုးသွင်းရှင်တွေပါ ဖြစ်နေတာကတော့ ချီးကျူးစရာပါပဲ။

ပြီးခဲ့တဲ့အပတ်တုန်းက အီဘရာဟီမိုဗစ်နဲ့ စီရော်နယ်ဒိုတို့ဟာ ၂ ဂိုးစီ သွင်းနိုင်ခဲ့ သလို အင်တာတိုက်စစ်မှူး လူကာကူကလည်း ၂ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

သူတို့ ၃ ယောက်ထဲမှာ အီဘရာဟီမိုဗစ်က ၆ ပွဲကစားပြီး ၁၀ ဂိုးနဲ့ ဂိုးအများဆုံးသွင်းထား တဲ့ ကစားသမားအဖြစ်ရှိနေပြီး စီရော်နယ်ဒိုက ၅ ပွဲ၊ ၈ ဂိုး၊ လူကာကူက ၇ ပွဲ၊ ၇ ဂိုး သွင်းထားတာပါ။

စီရော်နယ်ဒိုဟာ ကိုဗစ်ရောဂါပိုးကူးစက်ခံရတာကြောင့် စီးရီး အေ ပွဲစဉ် ၃ ပွဲကို မကစားခဲ့ရဘဲ လွဲချော်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ တကယ်လို့ စီရော်နယ်ဒိုသာ အဲဒီ ၃ ပွဲမှာကစားဖြစ်ခဲ့ရင် အီဘရာဟီမိုဗစ်ကို ကျော်တက်နိုင်ဖို့ များနေပါတယ်။

သူတို့ ၃ ယောက်မှာ အီဘရာဟီမိုဗစ်က ပြေးပြေးလွှားလွှား မကစားတော့ဘဲ အသင်းဖော်တွေရဲ့ဖြတ်တင်ဘောတွေကို အကောင်းဆုံးအဆုံး သတ်အသုံးချနေပြီး

စီရော်နယ်ဒိုကတော့ မိုဗစ်ထက်အသက်ငယ်နေသေးသလို ကစားအားလည်း ရှိပြီး ကွင်းထဲမှာ ပွဲချိန်ပြည့်ကစားနိုင်ဖို့ သက်လုံနည်းနည်းချွေတာကလွဲပြီး ပြေး အား၊ တိုးအားနဲ့ အဆုံးသတ်ဂိုးသွင်းတာတွေကို လုပ်နေဆဲပါ။

စီးရီးအေမှာ ဆယ်စုနှစ်တစ်ခုနီးပါး ချန်ပီယံဆုကိုသိမ်းပိုက်ထားတဲ့ ဂျူဗင်တပ်ဆီကနေ အောင် မြင်မှုတွေမရတာကြာပြီဖြစ်တဲ့ အေစီမီလန်နဲ့ အင်တာမီလန်တို့က ပြန်လည်လုယူ နိုင်ဖို့အတွက် အီဘရာဟီမိုဗစ်နဲ့ လူကာကူတို့ဟာ အရေးပါတဲ့သူတွေဖြစ်ပြီး ဒီ ၃ ယောက်မှာ ဘယ်သူက စီးရီးအေရဲ့ဂိုးသွင်းဘုရင်ဖြစ်မလဲဆိုတာ ရင်ခုန်စရာပါပဲ။

ဒါပေမယ့် နာပိုလီနဲ့ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့်တော့ အီဘရာဟီမိုဗစ်က တစ်လလောက်အနားယူရနိုင်လို့ ဒီဂိုးသွင်းဘုရင် ပြိုင်ပွဲမှာ အငယ်နှစ်ယောက်ကိုအကျောပေးထားရအုံးမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စီးရီးေအမွာ မင္းမူေနတဲ့ ယူႏိုက္တက္ရဲ႕ ဂိုးသြင္းဘုရင္(၃)ပါး ေၾကာင့္ စိတ္ဝင္စားမႈျမင့္တက္လာတဲ့ ဂိုးသြင္းဘုရင္အားၿပိဳင္ပြဲ

ဥေရာပရဲ႕ထိပ္တန္းလိဂ္ေတြထဲမွာ တစ္ခုအပါအဝင္ျဖစ္တဲ့ စီးရီးေအမွာဒီႏွစ္ရဲ႕ရာသီသိမ္းခ်ိန္မွာ ဂိုးသြင္းဘုရင္ဘယ္သူျဖစ္မလဲဆိုတာစိတ္ဝင္စားစရာပါပဲ။ ဘာေၾကာင့္လဲဆိုရင္ ယူႏိုက္တက္အသင္းမွာ ကစားခဲ့ဖူးၿပီး ယူႏိုက္တက္ ပရိသတ္ေတြက သူတို႕နဲ႔ပတ္သက္တဲ့အေၾကာင္းေတြနဲ႕ေအာင္ျမင္မႈေတြအေၾကာင္းကိုေျပာေနၾကဆဲျဖစ္တဲ့ ကစားသမားၾကီးႏွစ္ေယာက္ဟာ အခုအခ်ိန္မွာစီးရီးေအရဲ႕ သြင္းဂိုးအမ်ားဆံုး ဇယားမွာဦးေဆာင္ေနလို႔ပါပဲ။ ဝါရင့္ တိုက္စစ္မႉးေတြျဖစ္တဲ့ အီဘရာဟီမိုဗစ္၊ စီေရာ္နယ္ဒိုတို႔ဟာ ထိပ္တန္းဂိုးသြင္းရွင္ ေတြျဖစ္ေနၿပီး သူတို႔ ၂ ေယာက္ရဲ႕ေနာက္မွာ ကပ္လိုက္ပါေနတဲ့သူဟာလည္း ယူႏိုက္တက္ အသင္းကေန အင္တာမီလန္ကိုေျပာင္းေရႊ႔လာတဲ့ လူကာကူပါ။ သူတို႕ေတြထဲမွာ ယူႏိုက္တက္နဲ႕ ပတ္သက္ၿပီးေကာင္းမြန္တဲ့ဇာတ္လမ္းေတြရွိခဲ့တဲ့စီေရာ္နယ္ဒိုနဲ႕၊ ယူႏိုက္တက္ကိုေရာက္တဲ့အခ်ိန္မွာ သူ႕ကိုယ္သူ ယူႏိုက္တက္ရဲ႕ နတ္ဘုရားျဖစ္လာမယ့္သူဆိုၿပီး ေၾကြးေၾကာ္ခဲ့ကာ အသင္းမွာ၂ရာသီၾကာကစားခဲ့ၿပီး ဖာဂူဆန္ေႏွာင္းပိုင္း ဖလားေတြျပန္လည္ရရွိခဲ့တဲ့သူပါ။ ယူႏိုက္တက္မွာကစားခဲ့တဲ့ စီေရာ္နယ္ဒို၊မိုဗစ္တို႕ဟာ အခုအခ်ိန္အထိပရိသတ္ေတြရင္ထဲက သူရဲေကာင္းေတြျဖစ္ေနဆဲပါ။ လူကာကူဟာလည္း ယူႏိုက္တက္မွာကစားခဲ့ၿပီး စီေရာ္နယ္ဒို၊မိုဗစ္တို႕လိုမ်ိုး ပရိသတ္ေတြ အရမ္း သေဘာက်ျဖစ္ခဲ့တဲ့ ကစားသမားတစ္ဦးမဟုတ္ခဲ့ေပမယ့္ သူ႕ရဲ႕ၾကိဳးစားအားထုတ္မႈေတြကိုေတာ့ ပရိသတ္ေတြကအသိအမွတ္ျပဳေပးခဲ့ျခင္းခံခဲ့ရသူပါ။ ယူႏိုက္တက္အသင္းမွာရွိစဥ္က ခႏၶာကိုယ္ အဝလြန္ခဲ့ကာ ေလးလံခဲ့တယ္ဆိုၿပီး ေဝဖန္ခံခဲ့ရေပမယ့္ စီရီးေအမွာ ကြန္တီရဲ႕ စည္းစနစ္ေအာက္မွာ သူဟာခႏၶာကိုယ္ၾကံခိုင္မႈေတြျပန္လည္ရရွိခဲ့ၿပီးေလးပင္တဲ့ လႈပ္ရွားမႈေတြမရွိေတာ့ပဲ အင္တာမီလန္ရဲ႕ အဓိကတိုက္စစ္မွူးတစ္ဦးျဖစ္လာခဲ့ပါတယ္။

အရင္တုန္းက ေဘာလုံးသမားတစ္ေယာက္ရဲ႕ ပ်မ္းမွ်ကစား တဲ့သက္တမ္းဟာ ၃၅ ႏွစ္ ဝန္းက်င္ပဲရွိၿပီး တကယ္လို႔ ဆက္ကစားခဲ့ရင္ေတာင္ သူတို႔ဟာ ထိပ္တန္းလိဂ္ေတြမွာမဟုတ္ေတာ့ဘဲ တစ္ဆင့္နိမ့္တဲ့လိဂ္ေတြမွာ သြား ေရာက္ကစားတာမ်ိဳးေတြ မ်ားပါတယ္။

ဘရာဇီးစတားေတြျဖစ္တဲ့ ေရာ္နယ္ဒိုနဲ႔ ေရာ္နယ္ဒင္ဟိုတို႔ဟာ အသက္ ၃၅ ႏွစ္ဝန္းက်င္မွာ ဘရာဇီးျပည္တြင္းလိဂ္ကစား ရင္း အနားယူခဲ့ၾကသလို အင္နီေယစတာဆိုရင္ ဂ်ပန္ေဂ်လိဂ္၊ အြန္နရီက အေမရိကန္ေမဂ်ာလိဂ္တို႔မွာ ကစားရင္း အနားယူခဲ့ၾကတာပါ။ စီေရာ္နယ္ဒို(၃၆ ႏွစ္)၊ အီဘရာဟီမိုဗစ္(၃၉ ႏွစ္)တို႔ကေတာ့ စီးရီးေအလို ဥေရာပထိပ္တန္းလိဂ္ၿပိဳင္ပြဲမွာ ကစားေနတဲ့အျပင္ ထိပ္တန္းဂိုးသြင္းရွင္ေတြပါ ျဖစ္ေနတာကေတာ့ ခ်ီးက်ဴးစရာပါပဲ။

ၿပီးခဲ့တဲ့အပတ္တုန္းက အီဘရာဟီမိုဗစ္နဲ႔ စီေရာ္နယ္ဒိုတို႔ဟာ ၂ ဂိုးစီ သြင္းႏိုင္ခဲ့ သလို အင္တာတိုက္စစ္မႉး လူကာကူကလည္း ၂ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ သူတို႔ ၃ ေယာက္ထဲမွာ အီဘရာဟီမိုဗစ္က ၆ ပြဲကစားၿပီး ၁၀ ဂိုးနဲ႔ ဂိုးအမ်ားဆုံးသြင္းထား တဲ့ ကစားသမားအျဖစ္ရွိေနၿပီး စီေရာ္နယ္ဒိုက ၅ ပြဲ၊ ၈ ဂိုး၊ လူကာကူက ၇ ပြဲ၊ ၇ ဂိုး သြင္းထားတာပါ။ စီေရာ္နယ္ဒိုဟာ ကိုဗစ္ေရာဂါပိုးကူးစက္ခံရတာေၾကာင့္ စီးရီး ေအ ပြဲစဥ္ ၃ ပြဲကို မကစားခဲ့ရဘဲ လြဲေခ်ာ္ခဲ့တဲ့သူလည္းျဖစ္ပါတယ္။ တကယ္လို႔ စီေရာ္နယ္ဒိုသာ အဲဒီ ၃ ပြဲမွာကစားျဖစ္ခဲ့ရင္ အီဘရာဟီမိုဗစ္ကို ေက်ာ္တက္ႏိုင္ဖို႔ မ်ားေနပါတယ္။

သူတို႔ ၃ ေယာက္မွာ အီဘရာဟီမိုဗစ္က ေျပးေျပးလႊားလႊား မကစားေတာ့ဘဲ အသင္းေဖာ္ေတြရဲ႕ျဖတ္တင္ေဘာေတြကို အေကာင္းဆုံးအဆုံး သတ္အသုံးခ်ေနၿပီး စီေရာ္နယ္ဒိုကေတာ့ မိုဗစ္ထက္အသက္ငယ္ေနေသးသလို ကစားအားလည္း ရွိၿပီး ကြင္းထဲမွာ ပြဲခ်ိန္ျပည့္ကစားႏိုင္ဖို႔ သက္လုံနည္းနည္းေခြၽတာကလြဲၿပီး ေျပး အား၊ တိုးအားနဲ႔ အဆုံးသတ္ဂိုးသြင္းတာေတြကို လုပ္ေနဆဲပါ။

စီးရီးေအမွာ ဆယ္စုႏွစ္တစ္ခုနီးပါး ခ်န္ပီယံဆုကိုသိမ္းပိုက္ထားတဲ့ ဂ်ဴဗင္တပ္ဆီကေန ေအာင္ ျမင္မႈေတြမရတာၾကာၿပီျဖစ္တဲ့ ေအစီမီလန္နဲ႔ အင္တာမီလန္တို႔က ျပန္လည္လုယူ ႏိုင္ဖို႔အတြက္ အီဘရာဟီမိုဗစ္နဲ႔ လူကာကူတို႔ဟာ အေရးပါတဲ့သူေတြျဖစ္ၿပီး ဒီ ၃ ေယာက္မွာ ဘယ္သူက စီးရီးေအရဲ႕ဂိုးသြင္းဘုရင္ျဖစ္မလဲဆိုတာ ရင္ခုန္စရာပါပဲ။

ဒါေပမယ့္ နာပိုလီနဲ႔ပြဲမွာ ရခဲ့တဲ့ ဒဏ္ရာေၾကာင့္ေတာ့ အီဘရာဟီမိုဗစ္က တစ္ လ ေလာက္အနားယူရႏိုင္လို႔ ဒီဂိုးသြင္းဘုရင္ ၿပိဳင္ပြဲမွာ အငယ္ႏွစ္ေယာက္ကိုအေက်ာေပးထားရအုံးမွာပါ။