

ယူရို ၂၀၂၀မဲခွဲပွဲပြီးဆုံးသွားတဲ့နောက် ဂျာမနီ၊ ပြင်သစ်နဲ့ ပေါ်တူဂီတို့ပါဝင်နေတဲ့ အုပ်စု (F) ကိုမရဏအုပ်စုအဖြစ်တင်စားနေကြပေမယ့် စိတ်လှုပ်ရှားပြီးပျော်ရွှင်မိတယ်လို့ ဂျာမနီနည်းပြ ဂျိုအာချင်လိုကဖွင့်ဟလိုက်ပါတယ်။ ဂျာမနီဟာ ကမ္ဘာ့ချန်ပီယံ ပြင်သစ်၊ ယူရိုချန်ပီယံပေါ်တူဂီတို့နဲ့အတူ အိုက်စလန်၊ ရိုမေးနီးယား၊ ဘူလ်ဂေးရီးယား၊ ဟန်ဂေရီတို့ရဲ့ပလေးအော့ဖ်ပွဲစဉ်ကအနိုင်ရတဲ့အသင်းနဲ့ တစ်အုပ်စုတည်းကစားရမှာဖြစ်ပါတယ်။

“ပထမဆုံးအနေနဲ့ပျော်ရွှင်မိပါတယ်။ ပြင်သစ်၊ ပေါ်တူဂီတို့နဲ့တစ် ပွဲတိုးကစားသွားရမှာဖြစ်လို့ပါ။ ကမ္ဘာ့ချန်ပီယံ၊ ယူရိုချန်ပီယံတို့နဲ့အားစမ်းခွင့်ရမှာဖြစ်ပါတယ်။ လူတွေအားလုံးကလည်းဒီပွဲစဉ်တွေကို စောင့်ကြည့်ချင်ကြပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မရဏအုပ်စုဖြစ်နေလို့ပါ။ ဒီအုပ်စုထဲကအသင်းတွေအားလုံး အကန့်အသတ်နဲ့သွားရတော့မှာပါ။ ကျွန်တော့်ဘက်ကတော့ ဒီပွဲစဉ်တွေကိုဘောလုံးပွဲတော်လို့ယူဆမိပါတယ်။ ဂျာမနီမြေမှာစတင်ကစားမှာဖြစ်လို့ ကျွန်တော်တို့ရှေ့ဆက်စောင့်ကြည့်ရမှာပါ” လို့ဂျိုအာချင်လိုကဆိုခဲ့ပါတယ်။

ပြင်သစ်နည်းပြဒမ်ချမ့်ကလည်း ဂျိုအာချင်လိုရဲ့အဆိုကိုထောက်ခံခဲ့ပြီး ဘူဒါပက်စ်နဲ့ မြူးနစ်ကပွဲတွေဟာ တကယ့်ကိုရင်ခုန်စရာကောင်းတဲ့ အစမ်းသပ်ခံပွဲစဉ်တွေဖြစ်လာလိမ့်မယ်လို့ဆိုခဲ့ပါတယ်။ “ခက်ခဲတဲ့အုပ်စုပါ။ ဒါပေမယ့် ဂျိုအာချင်လိုနဲ့ ဖာနန်ဒိုဆန်းတို့စ်တို့အတွက်လည်း ကျွန်တော့်လိုပါပဲ။ အရမ်းကိုခက်ခဲမယ့်အုပ်စုဖြစ်ပေမယ့် ဒါကိုလက်ခံပါတယ်။ ကျွန်တော်တို့အဆင်သင့်ဖြစ်ထားဖို့လိုပါတယ်။ ပထမဆုံးပွဲကိုမြူးနစ်မှာ ဂျာမနီနဲ့ကစားရမှာဖြစ်လို့ပါ။

သူတို့က အိမ်ကွင်းလေ။ စာရွက်ပေါ်မှာကတော့ အရမ်းကိုကျပ်တည်းတဲ့အုပ်စုပါ။ ပြိုင်ဘက်နှစ်သင်းစလုံးက အရည်အသွေးကောင်းတွေရှိပြီး ရလဒ်ကောင်းတွေဖန်တီးယူနိုင်စွမ်းရှိနေပါတယ်” လို့ ပြင်သစ်နည်းပြဒက်ချမ့်ကဖွင့်ဟခဲ့ပါတယ်။
(zawgyi)
ယူရို ၂၀၂၀မဲခြဲပြဲျပီးဆံုးသြားတဲ့ေနာက္ ဂ်ာမနီ၊ ျပင္သစ္နဲ႔ ေပၚတူဂီတို႔ပါ၀င္ေနတဲ့ အုပ္စု (F) ကိုမရဏအုပ္စုအျဖစ္တင္စားေနၾကေပမယ့္ စိတ္လႈပ္ရွားျပီးေပ်ာ္ရႊင္မိတယ္လို႔ ဂ်ာမနီနည္းျပ ဂ်ိဳအာခ်င္လိုကဖြင့္ဟလိုက္ပါတယ္။ ဂ်ာမနီဟာ ကမၻာ့ခ်န္ပီယံ ျပင္သစ္၊ ယူရိုခ်န္ပီယံေပၚတူဂီတို႔နဲ႔အတူ အိုက္စလန္၊ ရိုေမးနီးယား၊ ဘူလ္ေဂးရီးယား၊ ဟန္ေဂရီတို႔ရဲ႕ပေလးေအာ့ဖ္ပြဲစဥ္ကအႏိုင္ရတဲ့အသင္းနဲ႔ တစ္အုပ္စုတည္းကစားရမွာျဖစ္ပါတယ္။ “ပထမဆံုးအေနနဲ႔ေပ်ာ္ရႊင္မိပါတယ္။ ျပင္သစ္၊ ေပၚတူဂီတို႔နဲ႔တစ္ ပြဲတိုးကစားသြားရမွာျဖစ္လို႔ပါ။ ကမၻာ့ခ်န္ပီယံ၊ ယူရိုခ်န္ပီယံတို႔နဲ႔အားစမ္းခြင့္ရမွာျဖစ္ပါတယ္။ လူေတြအားလံုးကလည္းဒီပြဲစဥ္ေတြကို ေစာင့္ၾကည့္ခ်င္ၾကပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ မရဏအုပ္စုျဖစ္ေနလို႔ပါ။ ဒီအုပ္စုထဲကအသင္းေတြအားလံုး အကန္႔အသတ္နဲ႔သြားရေတာ့မွာပါ။ ကၽြန္ေတာ့္ဘက္ကေတာ့ ဒီပြဲစဥ္ေတြကိုေဘာလံုးပြဲေတာ္လို႔ယူဆမိပါတယ္။ ဂ်ာမနီေျမမွာစတင္ကစားမွာျဖစ္လို႔ ကၽြန္ေတာ္တို႔ေရွ႔ဆက္ေစာင့္ၾကည့္ရမွာပါ” လို႔ဂ်ိဳအာခ်င္လိုကဆိုခဲ့ပါတယ္။ ျပင္သစ္နည္းျပဒမ္ခ်မ့္ကလည္း ဂ်ိဳအာခ်င္လိုရဲ႕အဆိုကိုေထာက္ခံခဲ့ျပီး ဘူဒါပက္စ္နဲ႔ ျမဴးနစ္ကပြဲေတြဟာ တကယ့္ကိုရင္ခုန္စရာေကာင္းတဲ့ အစမ္းသပ္ခံပြဲစဥ္ေတြျဖစ္လာလိမ့္မယ္လို႔ဆိုခဲ့ပါတယ္။ “ခက္ခဲတဲ့အုပ္စုပါ။ ဒါေပမယ့္ ဂ်ိဳအာခ်င္လိုနဲ႔ ဖာနန္ဒိုဆန္းတို႔စ္တို႔အတြက္လည္း ကၽြန္ေတာ့္လိုပါပဲ။ အရမ္းကိုခက္ခဲမယ့္အုပ္စုျဖစ္ေပမယ့္ ဒါကိုလက္ခံပါတယ္။ ကၽြန္ေတာ္တို႔အဆင္သင့္ျဖစ္ထားဖို႔လိုပါတယ္။ ပထမဆံုးပြဲကိုျမဴးနစ္မွာ ဂ်ာမနီနဲ႔ကစားရမွာျဖစ္လို႔ပါ။ သူတို႔က အိမ္ကြင္းေလ။ စာရြက္ေပၚမွာကေတာ့ အရမ္းကိုက်ပ္တည္းတဲ့အုပ္စုပါ။ ျပိဳင္ဘက္ႏွစ္သင္းစလံုးက အရည္အေသြးေကာင္းေတြရွိျပီး ရလဒ္ေကာင္းေတြဖန္တီးယူႏိုင္စြမ္းရွိေနပါတယ္” လို႔ ျပင္သစ္နည္းျပဒက္ခ်မ့္ကဖြင့္ဟခဲ့ပါတယ္။