မရဏအုပ္စုထဲေရာက္လုိ႔ ရယ္ပဲရယ္ႏိုင္ေတာ့တဲ့ ဆလားဗီးယားကိုယ္စားလွယ္အဖြဲ႕

photo-foxsportasia

photo-BT sport

မေန႔ညက ခ်န္ပီယံလိဂ္အုပ္စုေတြမဲခြဲေတာ့ ဆလားဗီးယားပရပ္ကုိယ္စားလွယ္အဖြဲ႕ရဲ႕သူတုိ႔အသင္းကံၾကမၼာကိုသိသြားၿပီးေနာက္တုံ႔ျပန္မႈဟာ ဆုိရွယ္မီဒီယာေတြမွာ အေတာ္ေလးကိုေနာက္ေျပာင္စရာတစ္ခုျဖစ္သြားပါတယ္။ ထြက္ေပၚလာတဲ့ခ်န္ပီယံလိဂ္အုပ္စုေတြထဲမွာ အမ်ားစုဟာ ညီမွ်ၾကၿပီး အေတာ္ေလးလည္း ခန္႔မွန္းဖို႔ လြယ္ကူခဲ့တာပါ။ ဒါေပမဲ့ သိၾကတဲ့အတိုင္း အက်ပ္ဆုံးအုပ္စုတစ္ခုကေတာ့ အၿမဲပါတတ္ၿပီး မရဏအုပ္စုရယ္လို႔ သတ္မွတ္ထားတဲ့အဲဒီအုပ္စုကေတာ့ ဘာစီလုိနာ၊ေဒါ့မန္၊အင္တာမီလန္နဲ႔ဆလားဗီးယားပရပ္တု႔ိပါတဲ့ အုပ္စု (F)ပါ။

photo-slavia

အုပ္စု(F)မွာ ေနာက္ဆုံးမဲက်တဲ့အသင္းက ဆလားဗီးယားျဖစ္ၿပီး ဆလားဗီးယားက်မယ့္အုပ္စုကို ေၾကညာေတာ့ တိုက္ရိုက္ထုတ္လႊင့္ေနတဲ့ရုပ္သံကင္မရာက ဆလားဗီးယားအသင္းကိုယ္စားလွယ္အဖြဲ႕ရွိရာကိုေရာက္သြားပါတယ္။ အက်ပ္ဆုံးအုပ္စုထဲေရာက္သြားၿပီလုိ႔ သူတို႔သိလိုက္ခ်ိန္မွာ မ်က္ႏွာတည္ႏုိင္ေအာင္ အေကာင္းဆုံးႀကိဳးစားခဲ့ၾကပါတယ္။ ဒါေပမဲ့ မရယ္ဘဲမေနႏိုင္ေတာ့ပါဘူး။ အထူးသျဖင့္ ခပ္၀၀တစ္ေယာက္ဟာ ဟန္မေဆာင္ႏိုင္ေလာက္ေအာင္ ထပ္ခါထပ္ခါရယ္ေနပါေတာ့တယ္။ ဟုတ္တယ္ေလ။ သူတုိ႔အဖုိ႔ကေတာ့ ရယ္ယုံကလြဲၿပီး မတတ္ႏိုင္ေတာ့ဘူး။ မရယ္ရင္လည္း ငိုဖု႔ိပဲရွိေတာ့တယ္မလား။

photo-slavia

ခ်က္ကလပ္ဆလားဗီးယားဟာ ေျခစစ္ပြဲအဆင့္ကေနျဖတ္သန္လာခဲ့တဲ့အသင္းျဖစ္ၿပီး play-offs တုန္းက ရိုေမးနီးယားကလပ္ကလုဂ်္ကို ႏွစ္ေက်ာ့ေပါင္း ၂-၀ ဂိုးနဲ႔ ေျခစစ္ပြဲေအာင္လာခဲ့တာပါ။ သူတို႔အသင္းသမုိင္းတစ္ေလွ်ာက္ ဒုတိယအႀကိမ္အျဖစ္ ခ်န္ပီယံလိဂ္မွာ အုပ္စုအဆင့္ယွဥ္ၿပိဳင္ႏိုင္တာပါ။ ဒီလိုရွားရွားပါးပါး ခ်န္ပီယံလိဂ္အုပ္စုကန္ရတဲ့အခ်ိန္မွာ ဘာစီလိုနာ၊ေဒ့ါမန္၊အင္တာမီလန္ဆိုတဲ့ ဥေရာပဟဲဗီး၀ိတ္ေတြနဲ႔ လာေတြ႕ေနတာပါ။ ဒါေၾကာင့္ ဆလားဗီးယားဟာ ယူရိုပါလိဂ္ဆက္ကန္ခြင့္ရမယ့္ အုပ္စုတတိယေနရာအတြက္ေတာင္ မေသခ်ာေတာ့ပါဘူး။

[Unicode]

မနေ့ညက ချန်ပီယံလိဂ်အုပ်စုတွေမဲခွဲတော့ ဆလားဗီးယားပရပ်ကိုယ်စားလှယ်အဖွဲ့ရဲ့သူတို့အသင်းကံကြမ္မာကိုသိသွားပြီးနောက်တုံ့ပြန်မှုဟာ ဆိုရှယ်မီဒီယာတွေမှာ အတော်လေးကိုနောက်ပြောင်စရာတစ်ခုဖြစ်သွားပါတယ်။ ထွက်ပေါ်လာတဲ့ချန်ပီယံလိဂ်အုပ်စုတွေထဲမှာ အများစုဟာ ညီမျှကြပြီး အတော်လေးလည်း ခန့်မှန်းဖို့ လွယ်ကူခဲ့တာပါ။ ဒါပေမဲ့ သိကြတဲ့အတိုင်း အကျပ်ဆုံးအုပ်စုတစ်ခုကတော့ အမြဲပါတတ်ပြီး မရဏအုပ်စုရယ်လို့ သတ်မှတ်ထားတဲ့အဲဒီအုပ်စုကတော့ ဘာစီလိုနာ၊ဒေါ့မန်၊အင်တာမီလန်နဲ့ဆလားဗီးယားပရပ်တု့ိပါတဲ့ အုပ်စု (F)ပါ။

အုပ်စု(F)မှာ နောက်ဆုံးမဲကျတဲ့အသင်းက ဆလားဗီးယားဖြစ်ပြီး ဆလားဗီးယားကျမယ့်အုပ်စုကို ကြေညာတော့ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ရုပ်သံကင်မရာက ဆလားဗီးယားအသင်းကိုယ်စားလှယ်အဖွဲ့ရှိရာကိုရောက်သွားပါတယ်။ အကျပ်ဆုံးအုပ်စုထဲရောက်သွားပြီလို့ သူတို့သိလိုက်ချိန်မှာ မျက်နှာတည်နိုင်အောင် အကောင်းဆုံးကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ မရယ်ဘဲမနေနိုင်တော့ပါဘူး။ အထူးသဖြင့် ခပ်၀၀တစ်ယောက်ဟာ ဟန်မဆောင်နိုင်လောက်အောင် ထပ်ခါထပ်ခါရယ်နေပါတော့တယ်။ ဟုတ်တယ်လေ။ သူတို့အဖို့ကတော့ ရယ်ယုံကလွဲပြီး မတတ်နိုင်တော့ဘူး။ မရယ်ရင်လည်း ငိုဖု့ိပဲရှိတော့တယ်မလား။

ချက်ကလပ်ဆလားဗီးယားဟာ ခြေစစ်ပွဲအဆင့်ကနေဖြတ်သန်လာခဲ့တဲ့အသင်းဖြစ်ပြီး play-offs တုန်းက ရိုမေးနီးယားကလပ်ကလုဂျ်ကို နှစ်ကျော့ပေါင်း ၂-၀ ဂိုးနဲ့ ခြေစစ်ပွဲအောင်လာခဲ့တာပါ။ သူတို့အသင်းသမိုင်းတစ်လျှောက် ဒုတိယအကြိမ်အဖြစ် ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ယှဉ်ပြိုင်နိုင်တာပါ။ ဒီလိုရှားရှားပါးပါး ချန်ပီယံလိဂ်အုပ်စုကန်ရတဲ့အချိန်မှာ ဘာစီလိုနာ၊ဒေ့ါမန်၊အင်တာမီလန်ဆိုတဲ့ ဥရောပဟဲဗီးဝိတ်တွေနဲ့ လာတွေ့နေတာပါ။ ဒါကြောင့် ဆလားဗီးယားဟာ ယူရိုပါလိဂ်ဆက်ကန်ခွင့်ရမယ့် အုပ်စုတတိယနေရာအတွက်တောင် မသေချာတော့ပါဘူး။