
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
တိုကျို အိုလံပစ် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဘရာဇီး ယူ -၂၃ အသင်းဟာ စပိန်ယူ-၂၃ အသင်းကို ၂-၁ နဲ့ အနိုင်ရသွားခဲ့ပါတယ်။
ဘရာဇီး ယူ-၂၃ အသင်း နဲ့ စပိန် ယူ-၂၃ အသင်းဟာ သာမန် ပွဲချိန် အတွင်း ၁-၁ နဲ့ သရေကျနေတာကြောင့် အချိန်ပို မိနစ် ၃၀ ကစား ခဲ့ရပြီး ပွဲချိန် ၁၀၈ မိနစ်မှာ ဘာစီလိုနာ ကစားသမားဟောင်း မယ်လ်ကွန် က အနိုင်ဂိုး သွင်းယူ ပေးခဲ့တာပါ။
ဗွေဆော်ဦး ဂိုးတွေကို ဘရာဇီးဘက်က မားသီးယပ်စ်ကွမ်ညာက (၄၅’)မှာ သွင်းခဲ့ပြီး၊ စပိန် ဘက်ကတော့ အော်ယာဇာဘယ်လ်က (၆၁’)မှာ သွင်းခဲ့ပါတယ်။
ပွဲတိုင်း အရန်ကစားသမားအဖြစ်နဲ့သာ ပါဝင်ကစားခဲ့ရတဲ့ မယ်လ်ကွန်ရဲ့ အချိန်ပို ပွဲကစားချိန်အတွင်း အသည်းခွဲဂိုးကြောင့် အခုဆိုရင် ဘရာဇီးတို့ဟာ ရီယိုအိုလံပစ်မှာရော တိုကျိုအိုလံပစ်မှာပါ (၂)ကြိမ်ဆက်တိုက် ရွှေတံဆိပ်ဆုတွေကို ပိုင်ဆိုင်ခဲ့ရပါပြီ။
မနေ့ညကပင်နယ်တီ လွဲချော်ခဲ့တဲ့အပြင် အခွင့်အရေးတချို့ကိုပါ အသုံးမချနိုင်ခဲ့တဲ့ ဘရာဇီး တိုက်စစ်ကစားသမား ရစ်ချာလီဆန်ကတော့ သွင်းဂိုး(၅)ဂိုးနဲ့ တိုကျိုအိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။
ဘရာဇီးအသင်းဟာ အိုလံပစ်ရွှေတံဆိပ်ဆုအား (၂)ကြိမ်ဆက် ရယူနိုင်ခဲ့တာကြောင့်ဂရိတ်ဗြိတိန် (၁၉၀၈၊ ၁၉၁၂)၊ ဥရုဂွေး (၁၉၂၄၊ ၁၉၂၈)၊ ဟန်ဂေရီ(၁၉၆၄၊ ၁၉၆၈)၊ အာဂျင်တီးနား (၂၀၀၄၊ ၂၀၀၈)တို့ရဲ့ (၂)ကြိမ်ဆက်ရွှေတံဆိပ်မှတ်တမ်းများအား လိုက်မီခဲ့ပါပြီ။
စပိန်အသင်းအတွက်ငွေတံဆိပ်ကတော့ အိုလံပစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် (၃)ကြိမ်မြောက် (၁၉၂၀၊ ၂၀၀၀၊ ၂၀၂၀) ငွေတံဆိပ်ဖြစ်ခဲ့ပြီး ၁၉၉၂ ဘာစီလိုနာအိုလံပစ်မှာ ရွှေတံဆိပ်ရယူပြီးနောက်ပိုင်း တစ်ကျော့ပြန်ရွှေတံဆိပ်ရယူဖို့ အခွင့်အရေးရခဲ့ပေမယ့် လွဲချော်ခဲ့ရတာပါ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyiမယ္လ္ကြန္ေၾကာင့္ အိုလံပစ္ေ႐ႊတံဆိပ္ဆုကို (၂) ႀကိမ္ဆက္တိုက္ ဆြတ္ခူးႏိုင္ခဲ့တဲ့ ဘရာဇီး
တိုက်ိဳ အိုလံပစ္ အမ်ိဳးသား ေဘာလုံးၿပိဳင္ပြဲ ဗိုလ္လုပြဲမွာ ဘရာဇီး ယူ -၂၃ အသင္းဟာ စပိန္ယူ-၂၃ အသင္းကို ၂-၁ နဲ႔ အႏိုင္ရသြား ခဲ့ပါတယ္ ။ဘရာဇီး ယူ-၂၃ အသင္း နဲ႔ စပိန္ ယူ-၂၃ အသင္းဟာ သာမန္ ပြဲခ်ိန္ အတြင္း ၁-၁ နဲ႔ သေရက်ေနတာေၾကာင့္ အခ်ိန္ပို မိနစ္ ၃၀ ကစား ခဲ့ရၿပီး ပြဲခ်ိန္ ၁၀၈ မိနစ္မွာ ဘာစီလိုနာ ကစားသမားေဟာင္း မယ္လ္ကြန္ က အႏိုင္ဂိုး သြင္းယူ ေပးခဲ့တာပါ။ေဗြေဆာ္ဦး ဂိုးေတြကို ဘရာဇီးဘက္က မားသီးယပ္စ္ကြမ္ညာက (၄၅’)မွာ သြင္းခဲ့ၿပီး၊ စပိန္ ဘက္ကေတာ့ ေအာ္ယာဇာဘယ္လ္က (၆၁’)မွာ သြင္းခဲ့ပါတယ္။
ပြဲတိုင္း အရန္ကစားသမားအျဖစ္နဲ႔သာ ပါဝင္ကစားခဲ့ရတဲ့ မယ္လ္ကြန္ရဲ႕ အခ်ိန္ပို ပြဲကစားခ်ိန္အတြင္း အသည္းခြဲဂိုးေၾကာင့္ အခုဆိုရင္ ဘရာဇီးတို႔ဟာ ရီယိုအိုလံပစ္မွာေရာ တိုက်ိဳအိုလံပစ္မွာပါ (၂)ႀကိမ္ဆက္တိုက္ ေ႐ႊတံဆိပ္ဆုေတြကို ပိုင္ဆိုင္ခဲ့ရပါၿပီ။မေန႔ညကပင္နယ္တီ လြဲေခ်ာ္ခဲ့တဲ့အျပင္ အခြင့္အေရးတခ်ိဳ႕ကိုပါ အသုံးမခ်ႏိုင္ခဲ့တဲ့ ဘရာဇီး တိုက္စစ္ကစားသမား ရစ္ခ်ာလီဆန္ကေတာ့ သြင္းဂိုး(၅)ဂိုးနဲ႔ တိုက်ိဳအိုလံပစ္ အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲရဲ႕ သြင္းဂိုးအမ်ားဆုံး ကစားသမားအျဖစ္ သတ္မွတ္ခံရပါတယ္။
ဘရာဇီးအသင္းဟာ အိုလံပစ္ေ႐ႊတံဆိပ္ဆုအား (၂)ႀကိမ္ဆက္ ရယူႏိုင္ခဲ့တာေၾကာင့္ဂရိတ္ၿဗိတိန္ (၁၉၀၈၊ ၁၉၁၂)၊ ဥ႐ုေဂြး (၁၉၂၄၊ ၁၉၂၈)၊ ဟန္ေဂရီ(၁၉၆၄၊ ၁၉၆၈)၊ အာဂ်င္တီးနား (၂၀၀၄၊ ၂၀၀၈)တို႔ရဲ႕ (၂)ႀကိမ္ဆက္ေ႐ႊတံဆိပ္မွတ္တမ္းမ်ားအား လိုက္မီခဲ့ပါၿပီ။စပိန္အသင္းအတြက္ေငြတံဆိပ္ကေတာ့ အိုလံပစ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ (၃)ႀကိမ္ေျမာက္ (၁၉၂၀၊ ၂၀၀၀၊ ၂၀၂၀) ေငြတံဆိပ္ျဖစ္ခဲ့ၿပီး ၁၉၉၂ ဘာစီလိုနာအိုလံပစ္မွာ ေ႐ႊတံဆိပ္ရယူၿပီးေနာက္ပိုင္း တစ္ေက်ာ့ျပန္ေ႐ႊတံဆိပ္ရယူဖို႔ အခြင့္အေရးရခဲ့ေပမယ့္ လြဲေခ်ာ္ခဲ့ရတာပါ။