မယုံနိုင်ဖွယ်စံချိန်တင်ခဲ့ပြီးနောက် ဂိုးသွင်းစွဲနေပြီဆိုတာ ဝန်ခံလိုက်တဲ့ လီဝန်ဒေါစကီး

photo-gettyimages

photo-gettyimages

ဇဗက်ဒါကို ဂိုးဒါဇင်ဝက်နဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်မှာ အသင်းတိုက်စစ်ကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်တိုက်စစ်မှုးလီဝန်ဒေါစကီးက သူဟာ ဂိုးသွင်းရတာကို စွဲလန်းနေပြီ ဖြစ်ကြောင်း ဝန်ခံလိုက်ပါတယ်။ ၃၁ နှစ်အရွယ် အဲဒီပိုလန်ကြယ်ပွင့်ဟာ ဒုတိယပိုင်းပြန်စပြီးတဲ့နောက် ၁၄ မိနစ်တာကာလအတွင်းမှာပဲ ဘိုင်ယန်အတွက် ၄ ဂိုးဆက်တိုက်သွင်းပေးခဲ့ပြီး သူ့ကြောင့်သာ ဘိုင်ယန်ဟာ ပထမပိုင်း ၁ ဂိုးသာပြတ်နေရာကနေ ဂိုးပြတ်နိုင်ပွဲဖြစ်သွားခဲ့တာပါ။

photo-gettyimages

ဒါကြောင့်လည်း လီဝန်ဒေါစကီးဟာ ချန်ပီယံလိဂ်သမိုင်းမှာ ၄ ဂိုးဆက်တိုက် အမြန်ဆုံးသွင်းနိုင်တဲ့ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ချန်ပီယံလိဂ်မှာ တစ်ပွဲတည်း ၄ ဂိုးသွင်းနိုင်မှု တစ်ကြိမ်မကရှိသူအဖြစ် မက်ဆီနဲ့ စံချိန်တူညီသွားပါတယ်။ သူဟာ ဒေါ့မန်မှာ ရှိခဲ့စဉ် ၂၀၁၂-၁၃ ရာသီချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တုန်းကလည်း ရီးရဲလ်ဘက်ကို ၄ ဂိုးသွင်းနိုင်ခဲ့သေးတာပါ။ ဒါ့အပြင် ဘိုင်ယန်ရဲ့ချန်ပီယံလိဂ်ဂိုးအများဆုံးသွင်းသူအဖြစ် မူလာရဲ့စံချိန်ကို ချိုးနိုင်ခဲ့ပါတယ်။ နောက်ပြီး သူ့ရဲ့ ၃ ကြိမ်မြောက်ချန်ပီယံလိဂ်ဟက်ထရစ်ဖြစ်လို့ ပြိုင်ပွဲသမိုင်းမှာ သူ့ထက် ဟက်ထရစ်အကြိမ်ရေများတာဆိုလို့ ၈ ကြိမ်စီရှိထားကြတဲ့ စီရော်နယ်ဒိုနဲ့မက်ဆီတို့ပဲ ရှိပါတော့တယ်။

photo-gettyimages

ပွဲအပြီး ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter ပေါ်မှာ လီဝန်ဒေါစကီးက အခုလိုပဲ တင်ခဲ့ပါတယ်။ ”ကျွန်တော်ဝန်ခံရရင် ဂိုးသွင်းတာကို စွဲလန်းနေပြီဆိုတာပါ”လို့ လီဝန်ဒေါစကီးက ရေးခဲ့တာပါ။ အခုဆိုရင် လီဝန်ဒေါစကီးဟာ ဒီရာသီ ဘိုင်ယန်အတွက် ပြိုင်ပွဲအရပ်ရပ် ပွဲ ၂၀ မှာ ၂၇ ဂိုးတောင် သွင်းထားပြီး ဖြစ်ပါတယ်။

[Zawgyi]

မယုံႏိုင္ဖြယ္စံခ်ိန္တင္ခဲ့ၿပီးေနာက္ ဂိုးသြင္းစြဲေနၿပီဆိုတာ ၀န္ခံလိုက္တဲ့ လီ၀န္ေဒါစကီး

ဇဗက္ဒါကို ဂိုးဒါဇင္၀က္နဲ႔အႏုိင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္အေ၀းကြင္းပြဲစဥ္မွာ အသင္းတုိက္စစ္ကို အေကာင္းဆုံးဦးေဆာင္ႏိုင္ခဲ့ၿပီးေနာက္ ဘိုင္ယန္ျမဴးနစ္တုိက္စစ္မႈးလီ၀န္ေဒါစကီးက သူဟာ ဂိုးသြင္းရတာကို စြဲလန္းေနၿပီ ျဖစ္ေၾကာင္း ၀န္ခံလိုက္ပါတယ္။ ၃၁ ႏွစ္အရြယ္ အဲဒီပုိလန္ၾကယ္ပြင့္ဟာ ဒုတိယပိုင္းျပန္စၿပီးတဲ့ေနာက္ ၁၄ မိနစ္တာကာလအတြင္းမွာပဲ ဘိုင္ယန္အတြက္ ၄ ဂိုးဆက္တိုက္သြင္းေပးခဲ့ၿပီး သူ႔ေၾကာင့္သာ ဘုိင္ယန္ဟာ ပထမပိုင္း ၁ ဂိုးသာျပတ္ေနရာကေန ဂိုးျပတ္ႏိုင္ပြဲျဖစ္သြားခဲ့တာပါ။

ဒါေၾကာင့္လည္း လီ၀န္ေဒါစကီးဟာ ခ်န္ပီယံလိဂ္သမိုင္းမွာ ၄ ဂိုးဆက္တုိက္ အျမန္ဆုံးသြင္းႏုိင္တဲ့ကစားသမားအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ သူဟာ ခ်န္ပီယံလိဂ္မွာ တစ္ပြဲတည္း ၄ ဂိုးသြင္းႏိုင္မႈ တစ္ႀကိမ္မကရွိသူအျဖစ္ မက္ဆီနဲ႔ စံခ်ိန္တူညီသြားပါတယ္။ သူဟာ ေဒါ့မန္မွာ ရွိခဲ့စဥ္ ၂၀၁၂-၁၃ ရာသီခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္တုန္းကလည္း ရီးရဲလ္ဘက္ကို ၄ ဂိုးသြင္းႏိုင္ခဲ့ေသးတာပါ။ ဒါ့အျပင္ ဘုိင္ယန္ရဲ႕ခ်န္ပီယံလိဂ္ဂိုးအမ်ားဆုံးသြင္းသူအျဖစ္ မူလာရဲ႕စံခ်ိန္ကို ခ်ိဳးႏိုင္ခဲ့ပါတယ္။ ေနာက္ၿပီး သူ႔ရဲ႕ ၃ ႀကိမ္ေျမာက္ခ်န္ပီယံလိဂ္ဟက္ထရစ္ျဖစ္လုိ႔ ၿပိဳင္ပြဲသမုိင္းမွာ သူ႔ထက္ ဟက္ထရစ္အႀကိမ္ေရမ်ားတာဆုိလို႔ ၈ ႀကိမ္စီရွိထားၾကတဲ့ စီေရာ္နယ္ဒိုနဲ႔မက္ဆီတုိ႔ပဲ ရွိပါေတာ့တယ္။

ပြဲအၿပီး ဆုိရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Twitter ေပၚမွာ လီ၀န္ေဒါစကီးက အခုလုိပဲ တင္ခဲ့ပါတယ္။ ”ကၽြန္ေတာ္၀န္ခံရရင္ ဂိုးသြင္းတာကို စြဲလန္းေနၿပီဆုိတာပါ”လို႔ လီ၀န္ေဒါစကီးက ေရးခဲ့တာပါ။ အခုဆိုရင္ လီ၀န္ေဒါစကီးဟာ ဒီရာသီ ဘိုင္ယန္အတြက္ ၿပိဳင္ပြဲအရပ္ရပ္ ပြဲ ၂၀ မွာ ၂၇ ဂိုးေတာင္ သြငး္ထားၿပီး ျဖစ္ပါတယ္။