မမျှော်လင့်ထားတဲ့ အခြေအနေမျိုးနဲ့ လမ်းခွဲကြရတော့မယ့် ရော်နယ်ဒိုနဲ့ ဂျူဗင်တပ်တို့ရဲ့ ဇာတ်သိမ်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ် အသင်းရဲ့ ဘဏ္ဏာရေးပြဿနာတွေဟာ အသင်းအတွက် ခြေစွမ်းပြနေပြီး အကျိုးရှိစေတဲ့ စီရော်နယ်ဒိုဆီကို ရိုက်ခက်လာခဲ့ပါပြီ။

စီရော်နယ်ဒိုဟာ ရီးရဲလ် ကနေ ဂျူဗင်တပ်ကို ၂၀၁၈ ဘောလုံးရာသီမှာ ပြောင်းရွှေ့လာခဲ့ပြီး သူပြောင်းရွှေ့လာခဲ့တာကြောင့် ဂျူဗင်တပ်အသင်းရဲ့ရှယ်ယာတွေတန်ဖိုးတက်သွားခဲ့သလို အသင်းဂျာစီရောင်းချမှုတွေမှာလည်းတိုးတက်လာခဲ့ပြီး ပရိသတ်တွေ ကွင်းထဲကိုပိုမိုရောက်ရှိလာခဲ့တာကြောင့် ဂျူဗင်တပ်ဟာအကျိုးအမြတ်များစွာရရှိခဲ့ပါတယ်။

၂၀၁၉ နှစ်ကုန်ပိုင်းမှာစတင်ခဲ့တဲ့ ကိုဗစ်ရောဂါဟာ အီတလီနိုင်ငံကို ကြီးစွာရိုက်ခက်လာခဲ့ပြီးနောက်မှာ ဘောလုံးကွင်းတွေထဲ ပရိသတ်တွေ လာရောက်ကြည့်ရှုခွင့်ပိတ်ပင်ခဲ့ပါတယ်။ သည့်နောက်မှာ ဂျူဗင်တပ်ဟာ အသင်းမှာငွေကြေးစီမံခန့်ခွဲရေးမှာ အခက်အခဲတွေရင်ဆိုင်လာခဲ့ရပါတယ်။ အသင်းရဲ့ လစာမြင့်ကစားတွေနဲ့ တွေ့ဆုံခဲ့ပြီး လစာလျှော့ချနိုင်ဖို့ကိုကြိုးစားခဲ့ကြပါတယ်။

အထူးသဖြင့် လစာငွေ အမြင့်မားဆုံးပေးချေနေရတဲ့ ရော်နယ်ဒို ကိုညှိနှိုင်းခဲ့ပါတယ်။ စီရော်နယ်ဒိုကလည်းပထမကိုဗစ်ကာလတုန်းက လစာငွေလျှော့ယူခဲ့ပေမယ့် အခုတစ်ကြိမ်မှာတော့ လစာ (၃၀%) လျှော့ချခံရမယ့်အရေးကိုငြင်းဆန်ထားပါတယ်။ ဒီနှစ်မှာ လစာငွေတွေကြောင့် ဘက်ဂျက်လိုငွေပြမှု့တိုးမြင့်လာပြီး စီရာ်နယ်ဒိုကြောင့် တစ်နှစ်ကို ယူရိုသန်း (၇၀) နီးပါး ဂျူဗီက နစ်နာနေရတယ်လို့ Tuto Sport မှာ ဖော်ပြထားပါတယ်။

စီရော်နယ်ဒိုသာ လစာလျှော့ချယူဖို့မဖြစ်နိုင်ရင်တော့ ဂျူဗင်တပ် အနေနဲ့ မဖြစ်မနေ ဒီပေါ်တူဂီ ကြယ်ပွင့်ကိုစွန့်လွှတ်ရဖို့ရှိနေပြီး အစောဆုံးလမ်းခွဲမှု့ဟာ လာမယ့် နွေရာသီဖြစ်နိုင်တယ်လို့ AS ကဖော်ပြလာပါတယ်။ တစ်ဘက်မှာလည်း စီရော်နယ်ဒိုအပြောင်းအရွှေ့သတင်းကို ခန့်မှန်းချက်တွေထွက်ပေါ်နေခဲ့ပြီး ပြောင်းရွှေ့သွားနိုင်တဲ့အသင်းတွေနဲ့အခြေအနေတွေကို လည်း ဖော်ပြနေကြပါတယ်။ ရီးရဲလ်ကတော့ ဇီဒန်းကခေါ်ယူခြင်နေပေမယ့် အသင်းပိုင်ရှင် ပီးရက်ဇ်နဲ့ ငြိခဲ့တာကြောင့် ဖြစ်လာနိုင်ခြေအတော်နဲနေပါတယ်။

ယူနိုက်တက်အသင်းက အက်ဝုဒ်ဝက်ဒ်တို့ကပ်စေးနဲ အုပ်စုတွေက ဒီတစ်ခါမှာ အတော်ကို တက်ကြွနေပြီး ကာဗာနီကိုပေးထားတဲ့ကျောနံပါတ်ကိုပါ ပေးမယ်ဆိုပြီး သတင်းတွေထွက်နေပါတယ်။ ငွေကြေးတောင့်တင်းတဲ့ ပီအက်စ်ဂျီ ကတော့ ဒီတစ်ခါထူးထူးခြားခြားပါပဲ စိတ်ဝင်စားမှုကိုပြနေပေမယ့် နေမာ၊ အမ်ဘာပေတစ်ဦးဦးအသင်းကထွက်ခွာတော့မှာ ခေါ်ယူနိုင်မယ်ဆိုပြီးတော့ပဲ စဉ်းစားတော့မယ်ဆိုတဲ့ သတင်းတွေမှာဖော်ပြထားပါတယ်။ အမေရိကန် အသင်းတွေကခေါ်ယူချင်ပေမယ့်လည်း စီရော်နယ်ဒိုကတော့ စိတ်ဝင်စားမှုမရှိပါဘူး။

ဂျူဗင်တပ်အသင်းအနေနဲ့လည်း ဒီရာသီမှာ စီရော်နယ်ဒိုမပါရင်နိုင်ပွဲပျောက်တဲ့အကြိမ်ရေတွေများနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်က ဘီနီဗန်တိုနဲ့ပွဲမှာ စီရော်နယ်ဒိုကို ချန်ပီယံလိဂ်ကစားဖို့ အနားပေးခဲ့ချိန်မှာ အသင်းက (၁-၁)နဲ့ သရေကျခဲ့ပြီး နိုင်ပွဲမရခဲ့တဲ့အပြင် တိုက်စစ်မှူး မိုရက်တာပါ အနီကဒ်ပြခံရတဲ့အခြေအနေနဲ့ ကြုံနေရပါတယ်။ အမှတ်ပေးဇယားမှာလဲ ထိပ်ဆုံးက အေစီမီလန်နဲ့ ၆ မှတ်အထိကွာဟသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မေမွ်ာ္လင့္ထားတဲ့ အေျခအေနမ်ိဳးနဲ႔ လမ္းခြဲၾကရေတာ့မယ့္ ေရာ္နယ္ဒိုနဲ႔ ဂ်ဴဗင္တပ္တို႔ရဲ႕ ဇာတ္သိမ္း

ဂ်ဴဗင္တပ္ အသင္းရဲ႕ ဘဏၰာေရးျပႆနာေတြဟာ အသင္းအတြက္ ေျခစြမ္းျပေနၿပီး အက်ိဳးရွိေစတဲ့ စီေရာ္နယ္ဒိုဆီကို ႐ိုက္ခက္လာခဲ့ပါၿပီ။ စီေရာ္နယ္ဒိုဟာ ရီးရဲလ္ ကေန ဂ်ဴဗင္တပ္ကို ၂၀၁၈ ေဘာလုံးရာသီမွာ ေျပာင္းေ႐ႊ႕လာခဲ့ၿပီး သူေျပာင္းေ႐ႊ႕လာခဲ့တာေၾကာင့္ ဂ်ဴဗင္တပ္အသင္းရဲ႕ရွယ္ယာေတြတန္ဖိုးတက္သြားခဲ့သလို အသင္းဂ်ာစီေရာင္းခ်မႈေတြမွာလည္းတိုးတက္လာခဲ့ၿပီး ပရိသတ္ေတြ ကြင္းထဲကိုပိုမိုေရာက္ရွိလာခဲ့တာေၾကာင့္ ဂ်ဴဗင္တပ္ဟာအက်ိဳးအျမတ္မ်ားစြာရရွိခဲ့ပါတယ္။

၂၀၁၉ ႏွစ္ကုန္ပိုင္းမွာစတင္ခဲ့တဲ့ ကိုဗစ္ေရာဂါဟာ အီတလီႏိုင္ငံကို ႀကီးစြာ႐ိုက္ခက္လာခဲ့ၿပီးေနာက္မွာ ေဘာလုံးကြင္းေတြထဲ ပရိသတ္ေတြ လာေရာက္ၾကည့္ရႈခြင့္ပိတ္ပင္ခဲ့ပါတယ္။ သည့္ေနာက္မွာ ဂ်ဴဗင္တပ္ဟာ အသင္းမွာေငြေၾကးစီမံခန႔္ခြဲေရးမွာ အခက္အခဲေတြရင္ဆိုင္လာခဲ့ရပါတယ္။ အသင္းရဲ႕ လစာျမင့္ကစားေတြနဲ႔ ေတြ႕ဆုံခဲ့ၿပီး လစာေလွ်ာ့ခ်ႏိုင္ဖို႔ကိုႀကိဳးစားခဲ့ၾကပါတယ္။ အထူးသျဖင့္ လစာေငြ အျမင့္မားဆုံးေပးေခ်ေနရတဲ့ ေရာ္နယ္ဒို ကိုညႇိႏႈိင္းခဲ့ပါတယ္။ စီေရာ္နယ္ဒိုကလည္းပထမကိုဗစ္ကာလတုန္းက လစာေငြေလွ်ာ့ယူခဲ့ေပမယ့္ အခုတစ္ႀကိမ္မွာေတာ့ လစာ (၃၀%) ေလွ်ာ့ခ်ခံရမယ့္အေရးကိုျငင္းဆန္ထားပါတယ္။ ဒီႏွစ္မွာ လစာေငြေတြေၾကာင့္ ဘက္ဂ်က္လိုေငြျပမႈ႕တိုးျမင့္လာၿပီး စီရာ္နယ္ဒိုေၾကာင့္ တစ္ႏွစ္ကို ယူ႐ိုသန္း (၇၀) နီးပါး ဂ်ဴဗီက နစ္နာေနရတယ္လို႔ Tuto Sport မွာ ေဖာ္ျပထားပါတယ္။

စီေရာ္နယ္ဒိုသာ လစာေလွ်ာ့ခ်ယူဖို႔မျဖစ္ႏိုင္ရင္ေတာ့ ဂ်ဴဗင္တပ္ အေနနဲ႔ မျဖစ္မေန ဒီေပၚတူဂီ ၾကယ္ပြင့္ကိုစြန႔္လႊတ္ရဖို႔ရွိေနၿပီး အေစာဆုံးလမ္းခြဲမႈ႕ဟာ လာမယ့္ ေႏြရာသီျဖစ္ႏိုင္တယ္လို႔ AS ကေဖာ္ျပလာပါတယ္။ တစ္ဘက္မွာလည္း စီေရာ္နယ္ဒိုအေျပာင္းအေ႐ႊ႕သတင္းကို ခန႔္မွန္းခ်က္ေတြထြက္ေပၚေနခဲ့ၿပီး ေျပာင္းေ႐ႊ႕သြားႏိုင္တဲ့အသင္းေတြနဲ႔အေျခအေနေတြကို လည္း ေဖာ္ျပေနၾကပါတယ္။ ရီးရဲလ္ကေတာ့ ဇီဒန္းကေခၚယူျခင္ေနေပမယ့္ အသင္းပိုင္ရွင္ ပီးရက္ဇ္နဲ႔ ၿငိခဲ့တာေၾကာင့္ ျဖစ္လာႏိုင္ေျခအေတာ္နဲေနပါတယ္။ ယူႏိုက္တက္အသင္းက အက္ဝုဒ္ဝက္ဒ္တို႔ကပ္ေစးနဲ အုပ္စုေတြက ဒီတစ္ခါမွာ အေတာ္ကို တက္ႂကြေနၿပီး ကာဗာနီကိုေပးထားတဲ့ေက်ာနံပါတ္ကိုပါ ေပးမယ္ဆိုၿပီး သတင္းေတြထြက္ေနပါတယ္။ ေငြေၾကးေတာင့္တင္းတဲ့ ပီအက္စ္ဂ်ီ ကေတာ့ ဒီတစ္ခါထူးထူးျခားျခားပါပဲ စိတ္ဝင္စားမႈကိုျပေနေပမယ့္ ေနမာ၊ အမ္ဘာေပတစ္ဦးဦးအသင္းကထြက္ခြာေတာ့မွာ ေခၚယူႏိုင္မယ္ဆိုၿပီးေတာ့ပဲ စဥ္းစားေတာ့မယ္ဆိုတဲ့ သတင္းေတြမွာေဖာ္ျပထားပါတယ္။ အေမရိကန္ အသင္းေတြကေခၚယူခ်င္ေပမယ့္လည္း စီေရာ္နယ္ဒိုကေတာ့ စိတ္ဝင္စားမႈမရွိပါဘူး။

ဂ်ဴဗင္တပ္အသင္းအေနနဲ႔လည္း ဒီရာသီမွာ စီေရာ္နယ္ဒိုမပါရင္ႏိုင္ပြဲေပ်ာက္တဲ့အႀကိမ္ေရေတြမ်ားေနခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ရက္က ဘီနီဗန္တိုနဲ႔ပြဲမွာ စီေရာ္နယ္ဒိုကို ခ်န္ပီယံလိဂ္ကစားဖို႔ အနားေပးခဲ့ခ်ိန္မွာ အသင္းက (၁-၁)နဲ႔ သေရက်ခဲ့ၿပီး ႏိုင္ပြဲမရခဲ့တဲ့အျပင္ တိုက္စစ္မႉး မိုရက္တာပါ အနီကဒ္ျပခံရတဲ့အေျခအေနနဲ႔ ႀကဳံေနရပါတယ္။ အမွတ္ေပးဇယားမွာလဲ ထိပ္ဆုံးက ေအစီမီလန္နဲ႔ ၆ မွတ္အထိကြာဟသြားခဲ့ပါတယ္။