
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယမန်နေ့က ယူနိုက်တက်ပွဲမှာ စီရော်နယ်ဒိုက မင်းသားနေရာမှာရှိခဲ့ပေမယ့် ပေါ့ဘာရဲ့ စွမ်းဆောင်ရည်တွေကလည်း ချီးကျူးဖို့ ကောင်းပါတယ်။
ပေါ့ဘာဟာ နယူးကာဆယ်အသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဘရူနိုဖာနန်ဒက်စ်၊ လင်ဂတ်တို့ရဲ့သွင်းဂိုးတွေကို ဖန်တီးပေးခဲ့ပြီး ပရီးမီးယားလိဂ်မှာ စံချိန်သစ်တစ်ခု တင်နိုင်ခဲ့ပါတယ်။
ပေါ့ဘာဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၄) ပွဲ ကစားပြီးချိန်မှာ ဂိုးဖန်တီးမှု (၇) ကြိမ်အထိ ရှိလာခဲ့တဲ့အပြင် (၂၀၂၁) ခုနှစ်အတွင်း ကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာလည်း ဂိုးဖန်တီးမှု (၁၀) ကြိမ်ပြုလုပ်ထားနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်လာခဲ့ပါတယ်။
ပေါ့ဘာဟာ လိဒ်စ်ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အတွင်းမှာပဲ ဂိုးဖန်တီးမှု (၄)ကြိမ်အထိ လုပ်ဆောင်နိုင်ခဲ့သလို ဆောက်သမ်တန်အသင်းနဲ့ စိန့်မေရီကွင်းမှာ သွားရောက်ရင်ဆိုင်ခဲ့ချိန်မှာလည်း ဂရင်းဝုဒ်ရဲ့ ချေပဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါသေးတယ်။
ဝုလ်ဗ်အသင်းကို အနိုင်ခဲ့ရတဲ့ ပွဲစဉ်(၃)မှာသာ ဂရင်းဝုဒ်ရဲ့ အနိုင်ဂိုးကို ပေါ့ဘာ မဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ပေါ့ဘာအတွက် လုံလောက်တဲ့ ချီးကျူးသံတွေမကြားခဲ့ရဘဲ ပြီးခဲ့တဲ့ သြဂုတ်လအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးကစားသမား ဆန်ခါတင်စာရင်းမှာတောင် မပါဝင်ခဲ့ပါဘူး။
တကယ်တော့ ပေါ့ဘာဟာ ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်းက အနာဂတ် လှုပ်ခတ်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အခုအချိန်ထိလည်း လပိုင်းသာ သက်တမ်းကျန်ရှိနေတော့တဲ့ သူ့ရဲ့စာချုပ်ကိစ္စကိုလည်း သက်တမ်းတိုးဖို့ အတွက်အသင်းဘက်က ကမ်းလှမ်းမှုကို လက်မခံနိုင်သေးဘဲဖြစ်နေပါတယ်။
အသက်(၂၈)နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာကိုယူနိုက်တက်ဘက်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ဖွယ်တော့မရှိပါဘူး။
အခုအချိန်က ယူနိုက်တက်မှာ လူကောင်းတွေစုံပြီး အားရစရာ အနေအထားဖြစ်နေတာကြောင့် ပေါ့ဘာ ထွက်သွားလို့ မရပါဘူး။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
မေမ့မေလ်ာ့ ဂုဏ္ျပဳသင့္တဲ့ စံခ်ိန္တင္ ေပါ့ဘာ
ယမန္ေန႔က ယူႏိုက္တက္ပြဲမွာ စီေရာ္နယ္ဒိုက မင္းသားေနရာမွာရွိခဲ့ေပမယ့္ ေပါ့ဘာရဲ႕ စြမ္းေဆာင္ရည္ေတြကလည္း ခ်ီးက်ဴးဖို႔ ေကာင္းပါတယ္။ ေပါ့ဘာဟာ နယူးကာဆယ္အသင္းကို ၄-၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲမွာ ဘ႐ူႏိုဖာနန္ဒက္စ္၊ လင္ဂတ္တို႔ရဲ႕သြင္းဂိုးေတြကို ဖန္တီးေပးခဲ့ၿပီး ပရီးမီးယားလိဂ္မွာ စံခ်ိန္သစ္တစ္ခု တင္ႏိုင္ခဲ့ပါတယ္။
ေပါ့ဘာဟာ ပရီးမီးယားလိဂ္ပြဲစဥ္ (၄) ပြဲ ကစားၿပီးခ်ိန္မွာ ဂိုးဖန္တီးမႈ (၇) ႀကိမ္အထိ ရွိလာခဲ့တဲ့အျပင္ (၂၀၂၁) ခုႏွစ္အတြင္း ကစားထားတဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာလည္း ဂိုးဖန္တီးမႈ (၁၀) ႀကိမ္ျပဳလုပ္ထားႏိုင္တဲ့ တစ္ဦးတည္းေသာ ကစားသမားျဖစ္လာခဲ့ပါတယ္။
ေပါ့ဘာဟာ လိဒ္စ္ယူႏိုက္တက္အသင္းနဲ႔ ယွဥ္ၿပိဳင္ခဲ့တဲ့ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္အတြင္းမွာပဲ ဂိုးဖန္တီးမႈ (၄)ႀကိမ္အထိ လုပ္ေဆာင္ႏိုင္ခဲ့သလို ေဆာက္သမ္တန္အသင္းနဲ႔ စိန႔္ေမရီကြင္းမွာ သြားေရာက္ရင္ဆိုင္ခဲ့ခ်ိန္မွာလည္း ဂရင္းဝုဒ္ရဲ႕ ေခ်ပဂိုးကို ဖန္တီးေပးႏိုင္ခဲ့ပါေသးတယ္။
ဝုလ္ဗ္အသင္းကို အႏိုင္ခဲ့ရတဲ့ ပြဲစဥ္(၃)မွာသာ ဂရင္းဝုဒ္ရဲ႕ အႏိုင္ဂိုးကို ေပါ့ဘာ မဖန္တီးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ ေပါ့ဘာအတြက္ လုံေလာက္တဲ့ ခ်ီးက်ဴးသံေတြမၾကားခဲ့ရဘဲ ၿပီးခဲ့တဲ့ ၾသဂုတ္လအတြက္ ပရီးမီးယားလိဂ္ တစ္လတာ အေကာင္းဆုံးကစားသမား ဆန္ခါတင္စာရင္းမွာေတာင္ မပါဝင္ခဲ့ပါဘူး။
တကယ္ေတာ့ ေပါ့ဘာဟာ ၿပီးခဲ့တဲ့ ေႏြေဈးကြက္အတြင္းက အနာဂတ္ လႈပ္ခတ္ခဲ့တဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး အခုအခ်ိန္ထိလည္း လပိုင္းသာ သက္တမ္းက်န္ရွိေနေတာ့တဲ့ သူ႔ရဲ႕စာခ်ဳပ္ကိစၥကိုလည္း သက္တမ္းတိုးဖို႔ အတြက္အသင္းဘက္က ကမ္းလွမ္းမႈကို လက္မခံႏိုင္ေသးဘဲျဖစ္ေနပါတယ္။
အသက္(၂၈)ႏွစ္အ႐ြယ္ရွိ ျပင္သစ္လက္ေ႐ြးစင္ ကြင္းလယ္ကစားသမား ေပါ့ဘာကိုယူႏိုက္တက္ဘက္က အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ လက္လြတ္ဖြယ္ေတာ့မရွိပါဘူး။ အခုအခ်ိန္က ယူႏိုက္တက္မွာ လူေကာင္းေတြစုံၿပီး အားရစရာ အေနအထားျဖစ္ေနတာေၾကာင့္ ေပါ့ဘာ ထြက္သြားလို႔ မရပါဘူး။