မဖြစ်နိုင်ဘူးထင်ရလောက်တဲ့ ထောင့်ကျဉ်းကနေ သွင်းခဲ့တဲ့ ဆဲလ်ဘတ်နဲ့ပွဲက ဆာလာရဲ့ဂိုး

photo-sports yahoo

photo-daily mail

ဆဲလ်ဘတ်ကိုအနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဆာလာသွင်းယူခဲ့တဲ့မယုံနိုင်ဖွယ်ဂိုးနဲ့ပတ်သက်လို့ လီဗာပူးတိုက်စစ်မှုးဟောင်းတွေဖြစ်ကြတဲ့ ပီတာခရော့ချ်နဲ့မိုက်ကယ်အိုဝင်တို့က ချီးကျးနေကြပါတယ်။ အဲဒီအီဂျစ်သားတိုက်စစ်မှုးဟာ ပထမပိုင်းမှာ အခွင့်အလမ်းတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘဲ ဒုတိယပိုင်းရောက်မှ မဖြစ်နိုင်ဘူးထင်ရလောက်တဲ့ထောင့်ကျဉ်းကနေ လီဗာပူးအတွက် အနိုင်သေချာစေမယ့် ဒုတိယဂိုးကို သွင်းပေးခဲ့တာပါ။

photo-sport bible

လက်ရှိချန်ပီယံအသင်းအတွက် ကီတာက အဖွင့်ဂိုးသွင်းခဲ့ပြီး ၁၀၀ စက္ကန့်အကြာလောက်မှာပဲ ဆာလာက အဲဒီမယုံနိုင်ဖွယ်ဂိုး သွင်းခဲ့တာ ဖြစ်ပါတယ်။ ဆာလာဟာ တစ်ဖက်နောက်တန်းရဲ့မသပ်ရပ်တဲ့ ခေါင်းတိုက်ပြန်ပေးမှုကနေ ဘောလုံးကိုဖြတ်ဆွဲယူသွားပြီး ရှေ့တက်လာတဲ့ဂိုးသမားကိုပါ ကျော်ဖြတ်ကာ ဝေးကွာလှတဲ့ထောင့်ကျဉ်းလေးကနေပဲ သူမသန်တဲ့ညာခြေနဲ့ သွင်းယူသွားခဲ့တာပါ။

https://twitter.com/i/status/1204605964109914116

အဲဒီဂိုးဟာ ဆာလာရဲ့အကောင်းဆုံးချန်ပီယံလိဂ်ဂိုးတွေထဲက တစ်ခုဖြစ်မှာကတော့ သေချာပါတယ်။ ပီတာခရော့ခ်ကဆိုရင် မဖြစ်နိုင်တဲ့ဂိုးတစ်ဂိုးလု့ိတောင် ပြောခဲ့တာပါ။ ဆာလာဟာ လီဗာပူးအတွက် ချန်ပီယံလိဂ် ၂၇ ဂိုးမှာ ပါဝင်ပတ်သက်ခဲ့ပြီး ၁၉ ဂိုးသွင်းကာ ၈ ဂိုးဖန်တီးပေးနိုင်ခဲ့တာပါ။ လီဗာပူးကို သူရောက်လာပြီးနောက်ပိုင်း သူ့ထက် ချန်ပီယံလိဂ်ဂိုးပါဝင်ပတ်သက်မှုများသူဆိုလို့ မက်ဆီသာရှိတော့ပြီး တစ်ကြိမ်တည်းသာပိုများကာ ၂၈ ဂိုးပါဝင်ပတ်သက်ခဲ့တာပါ။

[Zawgyi]

မျဖစ္ႏိုင္ဘူးထင္ရေလာက္တဲ့ ေထာင့္က်ဥ္းကေန သြင္းခဲ့တဲ့ ဆဲလ္ဘတ္နဲ႔ပြဲက ဆာလာရဲ႕ဂိုး

ဆဲလ္ဘတ္ကိုအႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္အုပ္စုေနာက္ဆုံးပြဲစဥ္မွာ ဆာလာသြင္းယူခဲ့တဲ့မယုံႏိုင္ဖြယ္ဂိုးနဲ႔ပတ္သက္လို႔ လီဗာပူးတိုက္စစ္မႈးေဟာင္းေတြျဖစ္ၾကတဲ့ ပီတာခေရာ့ခ်္နဲ႔မိုက္ကယ္အုိ၀င္တုိ႔က ခ်ီးက်းေနၾကပါတယ္။ အဲဒီအီဂ်စ္သားတုိက္စစ္မႈးဟာ ပထမပိုင္းမွာ အခြင့္အလမ္းေတြရခဲ့ေပမယ့္ အသုံးမခ်ႏိုင္ခ့ဲဘဲ ဒုတိယပိုင္းေရာက္မွ မျဖစ္ႏိုင္ဘူးထင္ရေလာက္တဲ့ေထာင့္က်ဥ္းကေန လီဗာပူးအတြက္ အႏိုင္ေသခ်ာေစမယ့္ ဒုတိယဂိုးကို သြင္းေပးခဲ့တာပါ။

လက္ရွိခ်န္ပီယံအသင္းအတြက္ ကီတာက အဖြင့္ဂိုးသြင္းခဲ့ၿပီး ၁၀၀ စကၠန္႔အၾကာေလာက္မွာပဲ ဆာလာက အဲဒီမယုံႏိုင္ဖြယ္ဂိုး သြင္းခဲ့တာ ျဖစ္ပါတယ္။ ဆာလာဟာ တစ္ဖက္ေနာက္တန္းရဲ႕မသပ္ရပ္တဲ့ ေခါင္းတိုက္ျပန္ေပးမႈကေန ေဘာလုံးကိုျဖတ္ဆြဲယူသြားၿပီး ေရွ႕တက္လာတဲ့ဂိုးသမားကိုပါ ေက်ာ္ျဖတ္ကာ ေ၀းကြာလွတဲ့ေထာင့္က်ဥ္းေလးကေနပဲ သူမသန္တဲ့ညာေျခနဲ႔ သြင္းယူသြားခဲ့တာပါ။

အဲဒီဂိုးဟာ ဆာလာရဲ႕အေကာင္းဆုံးခ်န္ပီယံလိဂ္ဂိုးေတြထဲက တစ္ခုျဖစ္မွာကေတာ့ ေသခ်ာပါတယ္။ ပီတာခေရာ့ခ္ကဆိုရင္ မျဖစ္ႏိုင္တဲ့ဂိုးတစ္ဂိုးလု႔ိေတာင္ ေျပာခဲ့တာပါ။ ဆာလာဟာ လီဗာပူးအတြက္ ခ်န္ပီယံလိဂ္ ၂၇ ဂိုးမွာ ပါ၀င္ပတ္သက္ခဲ့ၿပီး ၁၉ ဂိုးသြင္းကာ ၈ ဂိုးဖန္တီးေပးႏိုင္ခဲ့တာပါ။ လီဗာပူးကို သူေရာက္လာၿပီးေနာက္ပိုင္း သူ႔ထက္ ခ်န္ပီယံလိဂ္ဂိုးပါ၀င္ပတ္သက္မႈမ်ားသူဆုိလို႔ မက္ဆီသာရွိေတာ့ၿပီး တစ္ႀကိမ္တည္းသာပိုမ်ားကာ ၂၈ ဂိုးပါ၀င္ပတ္သက္ခဲ့တာပါ။