မဖြစ်ထွန်းခဲ့တဲ့မောရစ်ဆင်ဟာ ပေါ့ဂ်ဘာထက် အများကြီးပိုကောင်းကြောင်း ရွန်နီဖွင့်ဟ

photo-daily mail

photo-goal

ထင်ထားသလို ဖြစ်မလာခဲ့တဲ့ ကွင်းလယ်လူရာဗယ်မောရစ်ဆင်ဟာ မန်ယူရဲ့လူငယ်အဆင့်တုန်းက ပေါ့ဂ်ဘာထက် အများကြီးပိုကောင်းခဲ့သူဖြစ်ကြောင်း မန်ယူအသင်းခေါင်းဆောင်ဟောင်းဝိန်းရွန်နီက ဖွင့်ဟပြောကြားလိုက်ပါတယ်။ မောရစ်ဆင်ဟာ ၁၆ နှစ်အရွယ်ဖြစ်တဲ့ ၂၀၀၉ မှာ မန်ယူကိုရောက်လာခဲ့ပြီး ၁၇ နှစ်အရွယ်ဖြစ်တဲ့ နောက်တစ်နှစ်အကြာမှာတော့ ပထမအသင်းကြီးအတွက် စတင်ပွဲဦးထွက်ခွင့်ရခဲ့ပါတယ်။

photo-gettyimages

အဲဒီနောက် ပုံမှန်ကစားခွင့်မရတာကြောင့် ၂၀၁၂ မှာ ဝက်စ်ဟမ်းကိုပြောင်းသွားပြီး နောက် ၃ နှစ်အကြာမှာ စီးရီးအေက လာဇီယိုဆီရောက်ရှိသွားပါတယ်။ အဲဒီအင်္ဂလန်လူငယ်လက်ရွေးစင်ဟောင်း ကစားသမားဘ၀ တဖြည်းဖြည်းနဲ့ နိမ့်ဆင်းသွားခဲ့ရာမှာ ပြီးခဲ့တဲ့နှစ်ကဆိုရင် ဆွီဒင်ကလပ်အော့စတာဆန်းမှာတောင် သွားကစားရတဲ့အထိပါပဲ။ အခုတော့ ၂၇ နှစ်အရွယ် မောရစ်ဆင်ဟာ ပရီးမီးယားလိဂ်ကလပ်ရှက်ဖီးယူနိုက်တက်နဲ့စာချုပ်ရှိထားပေမယ့် ချန်ပီယံရှစ်ကလပ်မစ်ဒယ်ဘရော့ကို အငှားသွားနေရပါတယ်။ မန်ယူလူငယ်အဆင့်တုန်းက ပေါ့ဂ်ဘာ၊လင်ဂတ်တို့နဲ့ အသင်းဖော်ဖြစ်ခဲ့တဲ့မောရစ်ဆင်ဆီမှာ စူပါစတားတစ်ယောက်ဖြစ်လာနိုင်တဲ့စကေးမျိုးရှိခဲ့ကြောင်း ရွန်နီက ပြောခဲ့တာပါ။

photo-gettyimages

”မောရစ်ဆင်ကစားတာကိုကြည့်ပြီး သူ့နေရာမှာဆိုရင်တော့ တကယ်ကောင်းတဲ့ကောင်ပါလားလို့ တွေးမိတာကို ပြန်သတိရသွားတယ်။ သူဟာ လေ့ကျင့်ခန်းအစီအစဉ်တစ်ခုမှာဆိုရင် ဗီဒစ်ကိုတောင် တစ်မိနစ်တာအတွင်း ၃ ကြိမ်တိုင် ပေါင်ကြားထဲဘောလုံးထည့်နိုင်ခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့ဘဝလူနေမှုပုံစံနဲ့ ပတ်ဝန်းကျင်ကြောင့် သူရုန်းကန်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုရင် ပေါ့ဂ်ဘာတို့၊လင်ဂတ်တို့ဟာ ကျွန်တော့်ရှေ့မှာပဲ ဖြစ်ထွန်းလာကြတာပါ။ မောရစ်ဆင်က သူတို့တွေအားလုံးထက် အများကြီးပိုကောင်းခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ်ဘောလုံးမှာက ကစားသမားတိုင်းလိုက်နာရမယ့် စည်းကမ်းဘောင်တွေရှိပြီး အဲဒါတွေကနေ ထွက်ပြေးလို့မရနိုင်ဘူးဆိုတာ မောရစ်ဆင်က သက်သေပါပဲ။ ဥပမာအနေနဲ့ ဂယ်ရီနဗီးလ်ကိုပဲကြည့်။ ဂယ်ရီဟာ သိပ်ကောင်းတဲ့ဘောလုံးသမားတစ်ယောက်မဟုတ်ပါဘူး။ ဒါပေမဲ့ လေ့ကျင့်ခန်းအစီအစဉ်တိုင်းရဲ့မိနစ်တိုင်းမှာ သူကြိုးစားခဲ့ပြီး ရှိတာလေးနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တာပါ”လို့ ရွန်နီက Sunday Times သတင်းစာက သူ့ကော်လံမှာ ရေးသားခဲ့တာပါ။

[Zawgyi]

မျဖစ္ထြန္းခဲ့တဲ့ေမာရစ္ဆင္ဟာ ေပါ့ဂ္ဘာထက္ အမ်ားႀကီးပိုေကာင္းေၾကာင္း ရြန္နီဖြင့္ဟ

ထင္ထားသလို ျဖစ္မလာခဲ့တဲ့ ကြင္းလယ္လူရာဗယ္ေမာရစ္ဆင္ဟာ မန္ယူရဲ႕လူငယ္အဆင့္တုန္းက ေပါ့ဂ္ဘာထက္ အမ်ားႀကီးပိုေကာင္းခဲ့သူျဖစ္ေၾကာင္း မန္ယူအသင္းေခါင္းေဆာင္ေဟာင္း၀ိန္းရြန္နီက ဖြင့္ဟေျပာၾကားလိုက္ပါတယ္။ ေမာရစ္ဆင္ဟာ ၁၆ ႏွစ္အရြယ္ျဖစ္တဲ့ ၂၀၀၉ မွာ မန္ယူကိုေရာက္လာခဲ့ၿပီး ၁၇ ႏွစ္အရြယ္ျဖစ္တဲ့ ေနာက္တစ္ႏွစ္အၾကာမွာေတာ့ ပထမအသင္းႀကီးအတြက္ စတင္ပြဲဦးထြက္ခြင့္ရခဲ့ပါတယ္။

အဲဒီေနာက္ ပုံမွန္ကစားခြင့္မရတာေၾကာင့္ ၂၀၁၂ မွာ ၀က္စ္ဟမ္းကိုေျပာင္းသြားၿပီး ေနာက္ ၃ ႏွစ္အၾကာမွာ စီးရီးေအက လာဇီယိုဆီေရာက္ရွိသြားပါတယ္။ အဲဒီအဂၤလန္လူငယ္လက္ေရြးစင္ေဟာင္း ကစားသမားဘ၀ တျဖည္းျဖည္းနဲ႔ နိမ့္ဆင္းသြားခဲ့ရာမွာ ၿပီးခဲ့တဲ့ႏွစ္ကဆိုရင္ ဆြီဒင္ကလပ္ေအာ့စတာဆန္းမွာေတာင္ သြားကစားရတဲ့အထိပါပဲ။ အခုေတာ့ ၂၇ ႏွစ္အရြယ္ ေမာရစ္ဆင္ဟာ ပရီးမီးယားလိဂ္ကလပ္ရွက္ဖီးယူႏိုက္တက္နဲ႔စာခ်ဳပ္ရွိထားေပမယ့္ ခ်န္ပီယံရွစ္ကလပ္မစ္ဒယ္ဘေရာ့ကို အငွားသြားေနရပါတယ္။ မန္ယူလူငယ္အဆင့္တုန္းက ေပါ့ဂ္ဘာ၊လင္ဂတ္တုိ႔နဲ႔ အသင္းေဖာ္ျဖစ္ခဲ့တဲ့ေမာရစ္ဆင္ဆီမွာ စူပါစတားတစ္ေယာက္ျဖစ္လာႏိုင္တဲ့စေကးမ်ိဳးရွိခဲ့ေၾကာင္း ရြန္နီက ေျပာခဲ့တာပါ။

”ေမာရစ္ဆင္ကစားတာကုိၾကည့္ၿပီး သူ႔ေနရာမွာဆိုရင္ေတာ့ တကယ္ေကာင္းတဲ့ေကာင္ပါလားလုိ႔ ေတြးမိတာကို ျပန္သတိရသြားတယ္။ သူဟာ ေလ့က်င့္ခန္းအစီအစဥ္တစ္ခုမွာဆုိရင္ ဗီဒစ္ကိုေတာင္ တစ္မိနစ္တာအတြင္း ၃ ႀကိမ္တိုင္ ေပါင္ၾကားထဲေဘာလုံးထည့္ႏိုင္ခဲ့တာပါ။ ဒါေပမဲ့ သူ႔ရဲ႕ဘ၀လူေနမႈပုံစံနဲ႔ ပတ္၀န္းက်င္ေၾကာင့္ သူရုန္းကန္ခဲ့ရပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ေပါ့ဂ္ဘာတုိ႔၊လင္ဂတ္တုိ႔ဟာ ကၽြန္ေတာ့္ေရွ႕မွာပဲ ျဖစ္ထြန္းလာၾကတာပါ။ ေမာရစ္ဆင္က သူတို႔ေတြအားလုံးထက္ အမ်ားႀကီးပိုေကာင္းခဲ့ပါတယ္။ ပေရာ္ဖက္ရွင္နယ္ေဘာလုံးမွာက ကစားသမားတိုင္းလိုက္နာရမယ့္ စည္းကမ္းေဘာင္ေတြရွိၿပီး အဲဒါေတြကေန ထြက္ေျပးလုိ႔မရႏိုင္ဘူးဆိုတာ ေမာရစ္ဆင္က သက္ေသပါပဲ။ ဥပမာအေနနဲ႔ ဂယ္ရီနဗီးလ္ကိုပဲၾကည့္။ ဂယ္ရီဟာ သိပ္ေကာင္းတဲ့ေဘာလုံးသမားတစ္ေယာက္မဟုတ္ပါဘူး။ ဒါေပမဲ့ ေလ့က်င့္ခန္းအစီအစဥ္တိုင္းရဲ႕မိနစ္တိုင္းမွာ သူႀကိဳးစားခဲ့ၿပီး ရွိတာေလးနဲ႔ အေကာင္းဆုံးျဖစ္ေအာင္ လုပ္ခဲ့တာပါ”လို႔ ရြန္နီက Sunday Times သတင္းစာက သူ႔ေကာ္လံမွာ ေရးသားခဲ့တာပါ။