မပြီးနိုင်သေးတဲ့ မက်ဆီထွက်ခွာ ဇာတ်လမ်းအတွက် မှန်ရာကို ပြောလာပြန်တဲ့ အယ်လ်ဘာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မက်ဆီကတော့ ပီအက်စ်ဂျီမှာ အထိုင်ကျစ ပြုနေပါပြီ။ ဒါပေမယ့် ဘာစီလိုနာနဲ့ အခွဲအပြဲ ဇာတ်လမ်းတွေကတော့ အပိုင်းဆက်ဖြစ်နေဆဲပါ။

ဘာစီလိုနာအသင်းရဲ့ ဘယ်နောက်ခံလူ အယ်လ်ဘာက အသင်းမှာရှိတဲ့ ကစားသမားတွေ လစာလျှော့ယူဖို့ ငြင်းဆန်ခဲ့တာကြောင့် ဘာစီလိုနာနဲ့ မက်ဆီတို့ လမ်းခွဲခဲ့ရတယ်ဆိုတဲ့သတင်းတွေအပေါ် ငြင်းဆန်ပြောကြားလိုက်ပါတယ်။

အယ်လ်ဘာက “အဲဒီသတင်းတွေက မမှန်ပါဘူး။ မက်ဆီကိစ္စက အသင်းမှာရှိတဲ့ အသင်းခေါင်းဆောင်တွေ၊ ကစားသမားတွေနဲ့ မဆိုင်ပါဘူး။

သူနဲ့ကလပ်အသင်းကြားက ကိစ္စရပ်ပါ။”

“ကျွန်တော်ကတော့ ဘာပဲဖြစ်ဖြစ်လစာ လျှော့ယူမယ့်သူပါ။

ကျွန်တော့်ရဲ့ဘဝတစ်ခုလုံးကို ဒီအသင်းမှာ မြှုုပ်နှံခဲ့တာပါ။” လို့ ပြောကြားခဲ့ပါတယ်။

PSG အသင်းကတော့ အခုဆိုရင် လစာပေးချေမှုအများဆုံးအားကစားအသင်းအဖြစ် ရီးရဲလ်အသင်းကိုကျော်လွန်ကာ ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။

လစာပေးချေမှုအများဆုံး အားကစားအသင်းများစာရင်းတွင် ဘောလုံးကလပ်အသင်းများက လွှမ်းမိုးခဲ့တာဖြစ်ပြီး ထိပ်ဆုံး ၁၀ သင်း တွင် ဘောလုံးအသင်းခုနစ်သင်းပါဝင်ကာ ပရီးမီးယားလိဂ်မှ ယူနိုက်တက်နှင့် ချယ်လ်ဆီးနှစ်သင်းသာ စာရင်းဝင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မၿပီးႏိုင္ေသးတဲ့ မက္ဆီထြက္ခြာ ဇာတ္လမ္းအတြက္ မွန္ရာကို ေျပာလာျပန္တဲ့ အယ္လ္ဘာ

မက္ဆီကေတာ့ ပီအက္စ္ဂ်ီမွာ အထိုင္က်စ ျပဳေနပါၿပီ။ ဒါေပမယ့္ ဘာစီလိုနာနဲ႔ အခြဲအၿပဲ ဇာတ္လမ္းေတြကေတာ့ အပိုင္းဆက္ျဖစ္ေနဆဲပါ။

ဘာစီလိုနာအသင္းရဲ႕ ဘယ္ေနာက္ခံလူ အယ္လ္ဘာက အသင္းမွာရွိတဲ့ ကစားသမားေတြ လစာေလွ်ာ့ယူဖို႔ ျငင္းဆန္ခဲ့တာေၾကာင့္ ဘာစီလိုနာနဲ႔ မက္ဆီတို႔ လမ္းခြဲခဲ့ရတယ္ဆိုတဲ့သတင္းေတြအေပၚ ျငင္းဆန္ေျပာၾကားလိုက္ပါတယ္။

အယ္လ္ဘာက “အဲဒီသတင္းေတြက မမွန္ပါဘူး။ မက္ဆီကိစၥက အသင္းမွာရွိတဲ့ အသင္းေခါင္းေဆာင္ေတြ၊ ကစားသမားေတြနဲ႔ မဆိုင္ပါဘူး။ သူနဲ႔ကလပ္အသင္းၾကားက ကိစၥရပ္ပါ။”

“ကြၽန္ေတာ္ကေတာ့ ဘာပဲျဖစ္ျဖစ္လစာ ေလွ်ာ့ယူမယ့္သူပါ။ကြၽန္ေတာ့္ရဲ႕ဘဝတစ္ခုလုံးကို ဒီအသင္းမွာ ျမႇဳုပ္ႏွံခဲ့တာပါ။” လို႔ ေျပာၾကားခဲ့ပါတယ္။

PSG အသင္းကေတာ့ အခုဆိုရင္ လစာေပးေခ်မႈအမ်ားဆုံးအားကစားအသင္းအျဖစ္ ရီးရဲလ္အသင္းကိုေက်ာ္လြန္ကာ ထိပ္ဆုံး၌ ရပ္တည္ႏိုင္ခဲ့ေၾကာင္း သိရပါတယ္။

လစာေပးေခ်မႈအမ်ားဆုံး အားကစားအသင္းမ်ားစာရင္းတြင္ ေဘာလုံးကလပ္အသင္းမ်ားက လႊမ္းမိုးခဲ့တာျဖစ္ၿပီး ထိပ္ဆုံး ၁၀ သင္း တြင္ ေဘာလုံးအသင္းခုနစ္သင္းပါဝင္ကာ ပရီးမီးယားလိဂ္မွ ယူႏိုက္တက္ႏွင့္ ခ်ယ္လ္ဆီးႏွစ္သင္းသာ စာရင္းဝင္ခဲ့ပါတယ္။