မန်ယူ-အဲဗာတန်ပွဲမှ ပြောစမှတ်ဖြစ် ကျန်ရစ်စေခဲ့တဲ့ အတွေးစလေးတွေ

photo internet

မန်ယူအသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေညက အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ အဲဗာတန်ကို ၁-၁ သာ ကစားနိုင်ခဲ့တာမို့ အဖိုးတန် အမှတ် ၂မှတ်ဆုံးရှုံးခဲ့ရပြန်ပါတယ်။မန်ယူဟာ ဘောလုံးပိုင်ဆိုင်မှု ၆၇%၊ ဂိုးသွင်းရန်ကြိုးပမ်းမှု ၂၄ကြိမ်နဲ့ အဘက်ဘက်ကအသာရခဲ့ပေမယ့် ပွဲချိန် ၃၆မိနစ်မှာ ဆွီဒင်နောက်ခံလူ လင်ဒီလော့ဖ် ကိုယ့်ဂိုး ကိုယ် သွင်းမိတာကြောင့် နောက်ကနေလိုက်ကစားခဲ့ရပါတယ်။မအောင်မြင်တဲ့ထိုးဖောက်ဂိုးသွင်း မှုတွေအတော် များများလုပ်ခဲ့အပြီးမှာတော့ မန်ယူရဲ့ကယ်တင်ရှင်ဖြစ်ခဲ့သူက လူငယ်တိုက်စစ်မှူးလေး မေဆင်ဂရင်းဝုဒ်ပါ။ ဂရင်းဝုဒ်ဟာ ပွဲချိန် ၆၅မိနစ်မှာမှ လင်ဂတ်အစားဝင်လာသူဖြစ်ပြီး ကွင်းထဲရောက်ပြီး ၁၂မိနစ်အကြာမှာပဲမန်ယူ အတွက်ချေပဂိုးကို လှလှပပသွင်းယူပေးခဲ့ပါတယ်။ အဲဗာတန်ဟာ ပရီးမီးယားလိဂ်မှာ မန်ယူအနိုင်ဆုံးပြိုင် ဘက်(၅၄ပွဲမှာ ၃၆ပွဲနိုင်)ဖြစ်ခဲ့ပေမယ့် ဒီပွဲမှာတော့သရေရအောင်ခံကစားသွား နိုင်တာဖြစ်ပါတယ်။ အဲဒီလို သရေကျခဲ့တာဟာဆိုရင် စပါးနဲ့မန်စီးတီးကို ဆက်တိုက်နိုင်ခဲ့လို့ တက်ကြွဝင့်ကြွားနေတဲ့ မန်ယူပရိသတ်တွေရဲ့ အပျော် ကို ချေဖျက်လိုက်တာလည်းဖြစ်ပါတယ်။ ဒီပွဲမှာ ပရိသတ်တွေအတွက် ပြောစမှတ်ဖြစ်အောင် အတွေးစလေးတွေ ကျန်ရစ်စေခဲ့တဲ့ အချက် ၃ချက်ကို စုစည်းဖော်ပြပေးလိုပါတယ်။

photo internet

(၁) မြင်းကောင်းခွာလိပ် ရော်ဘင်ဟုဒ်အသင်းလေလား

အားနည်းတဲ့ပြိုင်ဘက်တွေနဲ့ရင်ဆိုင်ရရင် အလွဲလွဲအချော်ချော်တွေဖြစ်ပြီး အမှတ်တွေဆုံးရှုံးနေရတာဟာ ဒီရာသီ မှာ မန်ယူအတွက် အမှတ်တံဆိပ်လက္ခဏာတစ်ခုလိုတောင်ဖြစ်နေပါတယ်။ မန်ယူဟာ ချဲလ်ဆီး၊ လက်စတာ၊ စပါး၊ မန်စီးတီးတို့ကိုအနိုင်ရခဲ့ပေမယ့် အားနည်းတဲ့ပြိုင်ဘက်တွေနဲ့တွေ့ရင် အနိုင်ရဖို့ရုန်းကန်ခဲ့ရပြီး မြင်းကောင်းခွာ လိပ်ဖြစ်ခဲ့ပါတယ်။နိုင်သင့်တဲ့အသင်းးကိုသရေကျ၊ သရေကျသင့်တာကိုရှုံး ဖြစ်ခဲ့တာမို့ ပရိသတ်တွေ ကို အားမလို အားမရဖြစ် စေခဲ့ပါတယ်။ စပါး၊ မန်စီးတီးနဲ့အယ်ကမာတို့ကို ၃ပွဲဆက်နိုင်ခဲ့တာမို့ ကောင်းမွန်တဲ့ အလှည့်အပြောင်းဆီ ဦးတည်နေပြီလို့ ထင်မှတ်ခဲ့တဲ့မန်ယူပရိသတ်တွေကို အခုရလဒ်က စိတ်ပျက်စေခဲ့ပါတယ်။ အခုလို မြင်းကောင်းခွာ လိပ် ထပ်တလဲလဲဖြစ်နေတာဟာနောက်ခဲ အကြာင်းရင်းခံအချက်အတော်များများရှိပါတယ်။ သိသာအထင်ရှားဆုံး အချက်ကတော့ မန်ယူဟာ တန်ပြန်တိုက်စစ်ကိုပီပီပြင်ပြင်ကစားပြီး ထိပ်တန်းအသင်းတွေကို နောက်ကောက် ချနိုင်ခဲ့ ပေမယ့် အားနည်းတဲ့ပြိုင်ဘက်တွေနဲ့ရင်ဆိုင်ရာမှာတော့အာရုံစူးစိုက် မှုလျော့ကျလေ့ရှိတာပါပဲ။ စကားတတ်တဲ့ ပရိသတ်တွေကတော့ မန်ယူ အခုလို ထိပ်တန်းအသင်းတွေနဲ့တွေ့ရင် အမှတ်ပြည့်ယူ၊ အသင်းငယ်တွေဆိုရင် အမှတ်ခွဲပေးနေတာဟာ အင်္ဂလိပ်ဒဏ္ဏာရီလာ လူစွမ်းကောင်းကြီး ရော်ဘင်ဟုဒ်၊ မြန်မာရာဇဝင်ထဲက သူခိုးကြီး ငတက်ဖျားတို့လို ချမ်းသာတဲ့သူတွေဆီကခိုးနှိုက် လုယက်ပြီး မရှိဆင်းရဲသားတွေကို ပြန်ဝေပေးတာနဲ့တူနေပြီလို့ တင်စားခဲ့ကြပါတယ်။ မန်ယူအနေနဲ့ ရာသီလက်ကျန်ကာလမှာ ရလဒ်ကောင်းတွေပိုင်ဆိုင်လိုတယ်ဆိုရင်တော့ အိမ်ကွင်းဖြစ်ဖြစ်၊ အဝေးကွင်းဖြစ်ဖြစ် အသင်းတိုင်းကို ဖိဖိစီးစီးကစားဖို့လိုနေပါပြီ။

photo internet

(၂) စကော့တွေရဲ့ စိတ်ဓာတ်ပြင်းပြမှုနဲ့ Beginners luck ဒန်ကန်ဖာဂူဆန်

အဲဗာတန်အသင်းဟာ မာကိုဆေးလ်ဗားကိုထုတ်ပယ်ပြီးနောက်မှာ အမြဲတမ်းနည်းပြမခန့်နိုင်သေးမီစပ်ကြား အသင်း ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဒန်ကန်ဖာဂူဆန်ကို ယာယီတာဝန်ပေးခဲ့ပါတယ်။၂၀၀၆ ကတည်းက ကစားသမား ဘဝကနေအနားယူခဲ့တဲ့ ဖာဂူဆန်ဟာ ၂၀၁၄ ကတည်းကအဲဗာတန်နည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပေမယ့် ပထမအသင်း ကြီးကို ကိုင်တွယ်ဖူးတဲ့အတွေ့အကြုံလုံးဝမရှိပါဘူး။ဒါပေမဲ့ သူ့အပေါ်ယုံကြည်မှုပေးခဲ့တဲ့ အဲဗာတန်ဘုတ် အဖွဲ့ကို အလုပ်နဲ့သက်သေပြခဲ့ပြီး အသင်းကိုစကိုင်ပြီး ၂ရက်အကြာမှာပဲ ချဲလ်ဆီးကို ၃-၁နဲ့ အနိုင်ယူကာတန်းဆင်းဇုန် ထဲက နေ ဆွဲထုတ်နိုင်ခဲ့ပါတယ်။အခုလည်း မန်ယူကို သရေကစားပြီး သူကိုင်ခဲ့တဲ့ ၂ပွဲမှာ ၆မှတ်ရနိုင်တဲ့အနက် ၄မှတ် ယူပေးခဲ့ပါတယ်။ ကစားသမားဘဝကတည်း အနိုင်ရလိုစိတ်ထက်သန်ပြင်းပြခဲ့တဲ့ ဖာဂူဆန်ဟာ အခုနည်း ပြချုပ်ဖြစ်လာ တော့လည်း စိတ်ပိုင်းဖြတ်မှု၊ သြဇာတိက္ကမကြီးမားမှုတွေကို အချိန်တို အတွင်းတည်ဆောက်ပျံ့နှံ့စေခဲ့ပါတယ်။ Beginners luck လို့ပဲဆိုဆို၊ Solskjaer effect လို့ပဲပြောပြော စကော့လူမျိုးပီပီစိတ်ဓာတ်ပြင်းပြတဲ့ဖာဂူဆန်ကတော့ အဲဗာတန်ကကြိုးကို ထိန်းချုပ်ကပြနေနိုင်ပါပြီ။ အဲဗာတန်ပရိသတ်တွေသာမက ကြားပရိသတ်တွေကပါ ဖာဂူဆန် ရဲ့ တက်ကြွထက်သန်တဲ့ဟန်ပန်အမူအရာတွေကို ကွင်းဘေးစည်းမှာ မြင်ရတာ ဝမ်းမြောက်ကျေနပ်နေကြပါတယ်။

photo internet

(၃) ငယ်မွေးခြံပေါက် ၄၀၀၀ပြည့်ပွဲမှာ အမှတ်တရဂိုးသွင်းတဲ့ မေဆင်ဂရင်းဝုဒ်

Busby Babes၊ Class of 92 လို့ ကမ္ဘာနဲ့အဝန်း ကျော်ကြားခဲ့တဲ့ မန်ယူအကယ်ဒမီထွက်လူငယ်တွေဟာဆိုရင် ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုတွေကို ရယူပိုင်ဆိုင်နိုင်ခဲ့တာ အားလုံးအသိပါ။ အဲဗာတန်နဲ့ပွဲဟာဆိုရင် မန်ယူ အကယ်ဒမီကနေမွေးထုတ်ပေးလိုက်တဲ့ ငယ်မွေးခြံပေါက်ကစားသမားတွေကိုအသုံးပြုတာ ပွဲ ၄၀၀၀ ပြည့်အမှတ်တရ ပွဲဖြစ်ပါတယ်။ ၁၉၃၇ကနေစပြီး ငယ်မွေးခြံပေါက်ကစားသမားတွေကိုအသုံးပြုလာခဲ့တာ အခုဆိုရင် ပွဲ ၄၀၀၀ တောင် ပြည့်ခဲ့ပါပြီ။ အဲဒီလို အမှတ်တရပွဲမှာ မန်ယူအကယ်ဒမီကနေမွေးထုတ်ပေးလိုက်တဲ့ မျိုးဆက်သစ်တစ်ဦးဖြစ်တဲ့ မေဆင်ဂရင်းဝုဒ်က ဂိုးသွင်းနိုင်ခဲ့တာမို့ အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကား ဆိုသလိုပါပဲ။ အသက် ၁၈နှစ် သာရှိသေးတဲ့ ဂရင်းဝုဒ်အတွက် ဒီရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၂ဂိုးမြောက်ဖြစ်ပြီး ပြိုင်ပွဲစုံဆိုရင်တော့ သူ့ရဲ့သွင်းဂိုးက ၇ဂိုးရှိပါပြီ။ ၂၀၁၉-၂၀ရာသီဥရောပထိတန်းလိဂ် ၅ခုမှာ ဂရင်းဝုဒ်ထက်ဂိုးပို သွင်းနိုင်တဲ့ဆယ်ကျော်သက် ကစားသမားဆိုလို့ ဒေါ့မွန်တောင်ပံကစားသမား ဆန်ချို(၁၁ဂိုး)နဲ့ အာဆင်နယ်တိုက်စစ်မှူး မာတင်နယ်လီ(၈ဂိုး)တို့ ၂ဦးသာရှိတာပါ။ဂရင်းဝုဒ်ဟာ မန်ယူသမိုင်းမှာ မေ့ဖျောက်ချန်ထားလို့မရတဲ့ စံချိန်မှတ်တမ်းအမျိုးမျိုးကိုလည်း ရေးထိုးထားနိုင်သူပါ။ သူတင်ထားတဲ့စံချိန်တွေကတော့ အသက်အငယ်ဆုံး ပရီးမီးယားလိဂ်ပွဲထွက်ကစားခွင့်ရသူ၊ အသက်အငယ်ဆုံးဥရောပပြိုင်ပွဲဂိုးသွင်းသူ၊ ၂၁ရာစုဖွားကစားသမားတွေအနက် ပထမဆုံးဂိုးသွင်းနိုင်သူ တို့ဖြစ်ပါတယ်။ အဲဗာတန်နဲ့ပွဲကဂိုးကလည်း အိုးလ်ထရက်ဖို့ဒ်ကွင်းမှာသွင်းနိုင်ခဲ့တဲ့ သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်ဂိုးဖြစ်တာမို့ အသင်းသာမနိုင်ပေမယ့် ဂရင်းဝုဒ်ကတော့ အမြတ်ထွက်ခဲ့တယ်လို့ဆိုရမှာပါ။

photo internet

(Zawgyi Version)

မန္ယူ-အဲဗာတန္ပြဲမွ ေျပာစမွတ္ျဖစ္က်န္ရစ္ေစခဲ့တဲ့ အေတြးစေလးေတြ

မန္ယူအသင္းဟာ ၿပီးခဲ့တဲ့တနဂၤေႏြညက အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ အဲဗာတန္ကို ၁-၁ သာ ကစားႏိုင္ခဲ့တာမို႔ အဖိုးတန္ အမွတ္ ၂မွတ္ဆံုးရံႈးခဲ့ရျပန္ပါတယ္။မန္ယူဟာ ေဘာလံုးပိုင္ဆိုင္မႈ ၆၇%၊ ဂိုးသြင္းရန္ႀကိဳးပမ္းမႈ ၂၄ႀကိမ္နဲ႔ အဘက္ဘက္ ကအသာရခဲ့ေပမယ့္ ပြဲခ်ိန္ ၃၆မိနစ္မွာ ဆြီဒင္ေနာက္ခံလူ လင္ဒီေလာ့ဖ္ ကိုယ့္ဂိုး ကိုယ္သြင္းမိတာေၾကာင့္ ေနာက္ကေန လိုက္ကစားခဲ့ရပါတယ္။မေအာင္ျမင္တဲ့ထိုးေဖာက္ ဂိုးသြင္းမႈေတြ အေတာ္မ်ားမ်ားလုပ္ခဲ့အၿပီးမွာေတာ့ မန္ယူရဲ႕ ကယ္တင္ရွင္ ျဖစ္ခဲ့သူက လူငယ္ တိုက္စစ္မွဴးေလး ေမဆင္ဂရင္း၀ုဒ္ပါ။ ဂရင္း၀ုဒ္္ဟာ ပြဲခ်ိန္ ၆၅မိနစ္မွာမွ လင္ဂတ္အစား ၀င္လာသူျဖစ္ၿပီး ကြင္းထဲေရာက္ၿပီး ၁၂မိနစ္အၾကာမွာပဲမန္ယူအတြက္ေခ်ပဂိုးကို လွလွပပ သြင္းယူ ေပးခဲ့ပါတယ္။ အဲဗာတန္ဟာ ပရီးမီးယားလိဂ္မွာ မန္ယူအႏိုင္ဆံုးၿပိဳင္ဘက္(၅၄ပြဲမွာ ၃၆ပြဲႏိုင္)ျဖစ္ခဲ့ေပမယ့္ ဒီပြဲမွာေတာ့ သေရရေအာင္ ခံကစားသြားႏိုင္တာျဖစ္ပါတယ္။ အဲဒီလိုသေရက်ခဲ့တာဟာဆိုရင္ စပါးနဲ႔မန္စီးတီးကို ဆက္တိုက္ႏိုင္ခဲ့လို႔ တက္ၾကြ ၀င့္ၾကြား ေနတဲ့ မန္ယူပရိသတ္ေတြရဲ႕အေပ်ာ္ကို ေခ်ဖ်က္လိုက္တာလည္းျဖစ္ပါတယ္။ ဒီပြဲမွာ ပရိသတ္ေတြအတြက္ ေျပာစမွတ္ျဖစ္ေအာင္ အေတြးစေလးေတြက်န္ရစ္ေစခဲ့တဲ့ အခ်က္ ၃ခ်က္ကို စုစည္းေဖာ္ျပေပးလိုပါတယ္။

(၁) ျမင္းေကာင္းခြာလိပ္ ေရာ္ဘင္ဟုဒ္အသင္းေလလား

အားနည္းတဲ့ၿပိဳင္ဘက္ေတြနဲ႔ရင္ဆိုင္ရရင္ အလြဲလြဲအေခ်ာ္ေခ်ာ္ေတြျဖစ္ၿပီး အမွတ္ေတြဆံုးရံႈးေနရတာဟာ ဒီရာသီမွာ မန္ယူအတြက္ အမွတ္တံဆိပ္လကၡဏာတစ္ခုလိုေတာင္ျဖစ္ေနပါတယ္။ မန္ယူဟာ ခ်ဲလ္ဆီး၊ လက္စတာ၊ စပါး၊ မန္စီးတီးတို႔ကိုအႏိုင္ရခဲ့ေပမယ့္ အားနည္းတဲ့ၿပိဳင္ဘက္ေတြနဲ႔ေတြ႔ရင္ အႏိုင္ရဖို႔ရုန္းကန္ခဲ့ရၿပီး ျမင္းေကာင္းခြာလိပ္ ျဖစ္ခဲ့ပါတယ္။ႏိုင္သင့္တဲ့အသင္းးကိုသေရက်၊ သေရက်သင့္တာကိုရံႈး ျဖစ္ခဲ့တာမို႔ ပရိသတ္ေတြကို အားမလို အားမရ ျဖစ္ေစခဲ့ပါတယ္။ စပါး၊ မန္စီးတီးနဲ႔အယ္ကမာတို႔ကို ၃ပြဲဆက္ႏိုင္ခဲ့တာမို႔ ေကာင္းမြန္တဲ့ အလွည့္အေျပာင္းဆီ ဦးတည္ ေနၿပီလို႔ ထင္မွတ္ခဲ့တဲ့မန္ယူပရိသတ္ေတြကို အခုရလဒ္က စိတ္ပ်က္ေစခဲ့ပါတယ္။ အခုလို ျမင္းေကာင္းခြာလိပ္ ထပ္တလဲလဲျဖစ္ေနတာဟာ ေနာက္ခဲ အၾကာင္းရင္းခံအခ်က္အေတာ္မ်ားမ်ားရွိပါတယ္။ သိသာအထင္ရွားဆံုး အခ်က္က ေတာ့ မန္ယူဟာ တန္ျပန္တိုက္စစ္ကိုပီပီျပင္ျပင္ကစားၿပီး ထိပ္တန္းအသင္းေတြကို ေနာက္ေကာက္ ခ်ႏိုင္ခဲ့ေပမယ့္ အားနည္းတဲ့ၿပိဳင္ဘက္ေတြနဲ႔ရင္ဆိုင္ရာမွာေတာ့ အာရံုစူးစိုက္မႈေလ်ာ့က်ေလ့ရွိတာပါပဲ။ စကားတတ္တဲ့ ပရိသတ္ေတြ ကေတာ့ မန္ယူ အခုလို ထိပ္တန္းအသင္းေတြနဲ႔ေတြ႕ရင္ အမွတ္ျပည့္ယူ၊ အသင္းငယ္ေတြဆိုရင္ အမွတ္ခြဲေပးေနတာဟာ အဂၤလိပ္ဒဏၰာရီလာ လူစြမ္းေကာင္းႀကီး ေရာ္ဘင္ဟုဒ္၊ ျမန္မာရာဇ၀င္ထဲက သူခိုးႀကီး ငတက္ဖ်ားတို႔လို ခ်မ္းသာတဲ့ သူေတြဆီက ခိုးႏိႈက္လုယက္ၿပီး မရွိဆင္းရဲသားေတြကို ျပန္ေ၀ေပးတာနဲ႔တူေနၿပီလို႔ တင္စားခဲ့ၾကပါတယ္။ မန္ယူအေနနဲ႔ ရာသီလက္က်န္ကာလမွာ ရလဒ္ေကာင္းေတြပိုင္ဆိုင္လိုတယ္ဆိုရင္ေတာ့ အိမ္ကြင္း ျဖစ္ျဖစ္၊ အေ၀းကြင္းျဖစ္ျဖစ္ အသင္းတိုင္းကို ဖိဖိစီးစီးကစားဖို႔လိုေနပါၿပီ။

(၂) စေကာ့ေတြရဲ႕ စိတ္ဓာတ္ျပင္းျပမႈနဲ႔ Beginners luck ဒန္ကန္ဖာဂူဆန္

အဲဗာတန္အသင္းဟာ မာကိုေဆးလ္ဗားကိုထုတ္ပယ္ၿပီးေနာက္မွာ အၿမဲတမ္းနည္းျပမခန္႔ႏိုင္ေသးမီစပ္ၾကား အသင္း ဂႏၳ၀င္ကစားသမားတစ္ဦးျဖစ္တဲ့ ဒန္ကန္ဖာဂူဆန္ကို ယာယီတာ၀န္ေပးခဲ့ပါတယ္။၂၀၀၆ ကတည္းက ကစားသမားဘ၀ ကေနအနားယူခဲ့တဲ့ ဖာဂူဆန္ဟာ ၂၀၁၄ ကတည္းကအဲဗာတန္နည္းျပအဖြဲ႕၀င္တစ္ဦးျဖစ္ခဲ့ေပမယ့္ ပထမအသင္းႀကီးကို ကိုင္တြယ္ဖူးတဲ့အေတြ႕အႀကံဳလံုး၀မရွိပါဘူး။ဒါေပမဲ့ သူ႕အေပၚယံုၾကည္မႈေပးခဲ့တဲ့ အဲဗာတန္ဘုတ္ အဖြဲ႕ကို အလုပ္နဲ႔ သက္ေသျပခဲ့ၿပီး အသင္းကိုစကိုင္ၿပီး ၂ရက္အၾကာမွာပဲ ခ်ဲလ္ဆီးကို ၃-၁နဲ႔အႏိုင္ယူကာ တန္းဆင္းဇုန္ထဲကေန ဆြဲထုတ္ ႏိုင္ခဲ့ပါတယ္။အခုလည္း မန္ယူကို သေရကစားၿပီး သူကိုင္ခဲ့တဲ့ ၂ပြဲမွာ ၆မွတ္ရႏိုင္တဲ့အနက္ ၄မွတ္ယူေပးခဲ့ပါတယ္။ ကစားသမားဘ၀ကတည္း အႏိုင္ရလိုစိတ္ထက္သန္ျပင္းျပခဲ့တဲ့ ဖာဂူဆန္ဟာ အခုနည္းျပခ်ဳပ္ျဖစ္လာေတာ့လည္း စိတ္ပိုင္းျဖတ္မႈ၊ ၾသဇာတိကၠမႀကီးမားမႈေတြကို အခ်ိန္တိုအတြင္းတည္ေဆာက္ပ်ံ႕ႏွံ႔ေစခဲ့ပါတယ္။ Beginners luck လို႔ပဲဆိုဆို၊ Solskjaer effect လို႔ပဲေျပာေျပာ စေကာ့လူမ်ိဳးပီပီစိတ္ဓာတ္ျပင္းျပတဲ့ဖာဂူဆန္ကေတာ့ အဲဗာတန္ကႀကိဳးကို ထိန္းခ်ဳပ္ကျပေနႏိုင္ပါၿပီ။ အဲဗာတန္ပရိသတ္ေတြသာမက ၾကားပရိသတ္ေတြကပါ ဖာဂူဆန္ရဲ႕ တက္ၾကြထက္သန္တဲ့ ဟန္ပန္အမူအရာေတြကို ကြင္းေဘးစည္းမွာ ျမင္ရတာ ၀မ္းေျမာက္ေက်နပ္ေနၾကပါတယ္။

(၃) ငယ္ေမြးျခံေပါက္ ၄၀၀၀ျပည့္ပြဲမွာ အမွတ္တရဂိုးသြင္းတဲ့ ေမဆင္ဂရင္း၀ုဒ္

Busby Babes၊ Class of 92 လို႔ ကမၻာနဲ႔အ၀န္း ေက်ာ္ၾကားခဲ့တဲ့ မန္ယူအကယ္ဒမီထြက္လူငယ္ေတြဟာဆိုရင္ ႀကီးက်ယ္ခမ္းနားတဲ့ေအာင္ျမင္မႈေတြကို ရယူပိုင္ဆိုင္နိုင္ခဲ့တာ အားလံုးအသိပါ။ အဲဗာတန္နဲ႔ ပြဲဟာဆိုရင္ မန္ယူ အကယ္ဒမီကေနေမြးထုတ္ေပးလိုက္တဲ့ ငယ္ေမြးျခံေပါက္ကစားသမားေတြကိုအသံုးျပဳတာ ပြဲ ၄၀၀၀ ျပည့္အမွတ္တရ ပြဲျဖစ္ပါတယ္။ ၁၉၃၇ကေနစၿပီး ငယ္ေမြးျခံေပါက္ကစားသမားေတြကို အသံုးျပဳလာခဲ့တာ အခုဆိုရင္ ပြဲ ၄၀၀၀ ေတာင္ျပည့္ခဲ့ပါၿပီ။ အဲဒီလို အမွတ္တရပြဲမွာ မန္ယူအကယ္ဒမီကေနေမြးထုတ္ေပးလိုက္တဲ့ မ်ိဳးဆက္သစ္တစ္ဦးျဖစ္တဲ့ ေမဆင္ဂရင္း၀ုဒ္က ဂိုးသြင္းႏိုင္ခဲ့တာမို႔ အတိုင္းထက္အလြန္ တံခြန္နဲ႔ကုကၠားဆိုသလိုပါပဲ။ အသက္ ၁၈ႏွစ္သာရွိေသးတဲ့ ဂရင္း၀ုဒ္အတြက္ ဒီရာသီ ပရီးမီးယားလိဂ္သြင္းဂိုး ၂ဂိုးေျမာက္ျဖစ္ၿပီး ၿပိဳင္ပြဲစံုဆိုရင္ေတာ့ သူ႕ရဲ႕သြင္းဂိုးက ၇ဂိုးရွိပါၿပီ။ ၂၀၁၉-၂၀ရာသီ ဥေရာပထိ္တန္းလိဂ္ ၅ခုမွာ ဂရင္း၀ုဒ္ထက္ဂိုးပိုသြင္းႏိုင္တဲ့ဆယ္ေက်ာ္သက္ကစားသမားဆိုလို႔ ေဒါ့မြန္ေတာင္ပံကစားသမား ဆန္ခ်ိဳ(၁၁ဂိုး)နဲ႔ အာဆင္နယ္တိုက္စစ္မွဴး မာတင္နယ္လီ(၈ဂိုး)တို႔ ၂ဦးသာရွိတာပါ။
ဂရင္း၀ုဒ္ဟာ မန္ယူသမိုင္းမွာ ေမ့ေဖ်ာက္ခ်န္ထားလို႔မရတဲ့ စံခ်ိန္မွတ္တမ္းအမ်ိဳးမ်ိဳးကိုလည္း ေရးထိုးထားႏိုင္သူပါ။ သူတင္ထားတဲ့စံခ်ိန္ေတြကေတာ့ အသက္အငယ္ဆံုး ပရီးမီးယားလိဂ္ပြဲထြက္ကစားခြင့္ရသူ၊ အသက္အငယ္ဆံုး ဥေရာပၿပိဳင္ပြဲဂိုးသြင္းသူ၊ ၂၁ရာစုဖြားကစားသမားေတြအနက္ ပထမဆံုးဂိုးသြင္းႏိုင္သူ တို႔ျဖစ္ပါတယ္။ အဲဗာတန္နဲ႔ပြဲက ဂိုးကလည္း အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာသြင္းႏိုင္ခဲ့တဲ့ သူ႔ရဲ႕ပထမဆံုးပရီးမီးယားလိဂ္ဂိုးျဖစ္တာမို႔ အသင္းသာမနိုင္ေပမယ့္ ဂရင္း၀ုဒ္ကေတာ့ အျမတ္ထြက္ခဲ့တယ္လို႔ဆိုရမွာပါ။