မန်ယူ-မီလန် အဖြေမပေါ်ခဲ့ပေမယ့် အသင်းကြီးတွေအားလုံး အနိုင်ရတဲ့ ယူရိုပါလိဂ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူရိုပါလိဂ် ၁၆သင်းအဆင့်ပွဲစဉ်တွေမှာ ပရိသတ်တွေ စိတ်ဝင်စားဆုံးဖြစ်တဲ့ မန်ယူ-အေစီမီလန်ပွဲကတော့ ၁ဂိုးစီသရေနဲ့အဆုံးသတ်သွားခဲ့ပါတယ်။ မန်ယူအတွက် ဇန်နဝါရီလကမှ ပြောင်းရွှေ့ရောက်ရှိလာတဲ့ လူငယ်ကစားသမား ဒီယာလိုက ဂိုးသွင်းပြီး ဦးဆောင်နိုင်ခဲ့ပေမယ့် ဆီမွန်ကာဂျာရဲ့ နောက်ဆုံးမိနစ် ခေါင်းတိုက်ဂိုးကြောင့် အိမ်ကွင်းမှာ အိမ်ကွင်းမှာ မန်ယူနစ်နာခဲ့ရတာပါ။

ဒါပေမယ့် မီလန်ဟာ ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ ၂ဂိုးကို မပေးခဲ့တဲ့အပြင် မန်ယူအသင်းခေါင်းဆောင် မက်ဂွိုင်းယားရဲ့ ဂိုးပေါက်ထောင့်နဲ့ ၃ပေအကွာက ပိတ်သွင်းချက်ကလည်း မယုံကြည်နိုင်လောက်အောင် လွဲချော်ခဲ့တဲ့တာကတော့ လူပြောအများဆုံးဖြစ်ခဲ့ပါတယ်။ အေစီမီလန်ဟာ မန်ယူကို ဥရောပပြိုင်ပွဲတွေကနေ ၄ကြိမ်အထိ ဖြုတ်ချထားနိုင်ခဲ့တဲ့ အသင်းဖြစ်ပြီး ဘယ်အသင်းမှ သူတို့လောက် မန်ယူကို ပြိုင်ပွဲက ထွက်ရအောင် မလုပ်နိုင်ခဲ့ပါဘူး။

အိုးလ်ထရက်ဖို့ဒ်က သရေရလဒ်ကြောင့် ဒုအကျော့မှာ အီတလီမြေကပွဲက ပိုအသက်ဝင်ဖို့ရှိပါတယ်။

နောက်ထပ် အင်္ဂလန်အသင်း၂သင်းဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးတို့က ပြိုင်ဖက်တွေကို ဂိုးပြတ်တွေနဲ့ အနိုင်ရခဲ့တာကြောင့် ကွာတားဖိုင်နယ်တက်ဖို့ စိတ်အေးရနိုင်ပါတယ်။ အထူးသဖြင့် ဂရိမြေအဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ အာဆင်နယ်အဖို့ ပရီးမီးယားလိဂ်မှာ အဆင့်ရပ်တည်မှုမကောင်းတဲ့ ဖိအားကို လျော့ချနိုင်ခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ ဥရောပပြိုင်ပွဲတွေမှာ အဝေးကွင်း ၁၁ ပွဲဆက်တိုက် ရှုံးပွဲမရှိတဲ့ မှတ်တမ်းကိုလည်း ရခဲ့ပါတယ်။

မော်ရင်ဟိုအတွက် ၂ဂိုး သွင်းပေးခဲ့တဲ့ စပါးတိုက်စစ်မှုး ဟယ်ရီကိန်းအနေနဲ့လည်း သူရဲ့ဥရောပပြိုင်ပွဲ ၈ ရာသီအတွင်း ၆၂ပွဲမှာ ၃၈ဂိုး အထိ သွင်းနိုင်ခဲ့တာပါ။ လာလီဂါ ၂သင်းဖြစ်တဲ့ ဗီလာရီးရဲလ်နဲ့ ဂရန်နာဒါတို့လည်း ပြိုင်ဖက်တွေကို ၂ဂိုးပြတ်စီ အနိုင်ယူနိုင်ခဲ့ပြီး နောက်တဆင့်တက်ဖို့ အခြေအနေကောင်းသွားပါတယ်။

မိုလ်ဒီကို အနိုင်ရတဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ဂရန်နာဒါက မိုလီနာကတော့ ယူရိုပါလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ဒုတိယမြောက်အသက်အကြီးဆုံး ဂိုးသွင်းနိုင်တဲ့သူအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး သူဂိုးသွင်းတဲ့ရက်မှာ အသက် ၃၈နှစ်နဲ့ ၃၂၃ရက် ရှိခဲ့ပါပြီ။

စီးရီးအေအသင်း ရိုးမားကလည်း အိမ်ကွင်းမှာ မနှစ်က ခြေစွာခဲ့တဲ့ ရှက်တာဒိုးနက်ကို ၃ဂိုးပြတ် အနိုင်ယူနိုင်ခဲပါတယ်။ ယူရိုပါလိဂ် ၁၆သင်းအဆင့် ပထမအကျော့ ပွဲစဉ်တွေရဲ့ အနေအထားကို ခြုံပြီး သုံးသပ်ရမယ်ဆိုရင် နာမည်ကြီးအသင်းကြီးတွေ နိုင်ပွဲကိုယ်စီရခဲ့သလို ဘော်ဒီအပေါ်ကြေး ၆ပွဲ အထိအောင်ခဲ့ပြီး ၂ပွဲသာ အောက်ဆွဲခဲ့ပါတယ်။ ဂိုးပေါင်းအနေအထားမှာတော့ ၂ပွဲသာ အပေါ်ဖြစ်ခဲ့ပြီး ၆ ပွဲ အောက်စားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မန္ယူ-မီလန္ အေျဖမေပၚခဲ့ေပမယ့္ အသင္းႀကီးေတြအားလုံး အႏိုင္ရတဲ့ ယူ႐ိုပါလိဂ္

ယူ႐ိုပါလိဂ္ ၁၆သင္းအဆင့္ပြဲစဥ္ေတြမွာ ပရိသတ္ေတြ စိတ္ဝင္စားဆုံးျဖစ္တဲ့ မန္ယူ-ေအစီမီလန္ပြဲကေတာ့ ၁ဂိုးစီသေရနဲ႔အဆုံးသတ္သြားခဲ့ပါတယ္။ မန္ယူအတြက္ ဇန္နဝါရီလကမွ ေျပာင္းေ႐ႊ႕ေရာက္ရွိလာတဲ့ လူငယ္ကစားသမား ဒီယာလိုက ဂိုးသြင္းၿပီး ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ဆီမြန္ကာဂ်ာရဲ႕ ေနာက္ဆုံးမိနစ္ ေခါင္းတိုက္ဂိုးေၾကာင့္ အိမ္ကြင္းမွာ အိမ္ကြင္းမွာ မန္ယူနစ္နာခဲ့ရတာပါ။

ဒါေပမယ့္ မီလန္ဟာ ပထမပိုင္းမွာ သြင္းယူခဲ့တဲ့ ၂ဂိုးကို မေပးခဲ့တဲ့အျပင္ မန္ယူအသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားရဲ႕ ဂိုးေပါက္ေထာင့္နဲ႔ ၃ေပအကြာက ပိတ္သြင္းခ်က္ကလည္း မယုံၾကည္ႏိုင္ေလာက္ေအာင္ လြဲေခ်ာ္ခဲ့တဲ့တာကေတာ့ လူေျပာအမ်ားဆုံးျဖစ္ခဲ့ပါတယ္။ ေအစီမီလန္ဟာ မန္ယူကို ဥေရာပၿပိဳင္ပြဲေတြကေန ၄ႀကိမ္အထိ ျဖဳတ္ခ်ထားႏိုင္ခဲ့တဲ့ အသင္းျဖစ္ၿပီး ဘယ္အသင္းမွ သူတို႔ေလာက္ မန္ယူကို ၿပိဳင္ပြဲက ထြက္ရေအာင္ မလုပ္ႏိုင္ခဲ့ပါဘူး။ အိုးလ္ထရက္ဖို႔ဒ္က သေရရလဒ္ေၾကာင့္ ဒုအေက်ာ့မွာ အီတလီေျမကပြဲက ပိုအသက္ဝင္ဖို႔ရွိပါတယ္။

ေနာက္ထပ္ အဂၤလန္အသင္း၂သင္းျဖစ္တဲ့ အာဆင္နယ္နဲ႔ စပါးတို႔က ၿပိဳင္ဖက္ေတြကို ဂိုးျပတ္ေတြနဲ႔ အႏိုင္ရခဲ့တာေၾကာင့္ ကြာတားဖိုင္နယ္တက္ဖို႔ စိတ္ေအးရႏိုင္ပါတယ္။ အထူးသျဖင့္ ဂရိေျမအေဝးကြင္းမွာ အႏိုင္ရခဲ့တဲ့ အာဆင္နယ္အဖို႔ ပရီးမီးယားလိဂ္မွာ အဆင့္ရပ္တည္မႈမေကာင္းတဲ့ ဖိအားကို ေလ်ာ့ခ်ႏိုင္ခဲ့ပါတယ္။ အာဆင္နယ္အေနနဲ႔ ဥေရာပၿပိဳင္ပြဲေတြမွာ အေဝးကြင္း ၁၁ ပြဲဆက္တိုက္ ရႈံးပြဲမရွိတဲ့ မွတ္တမ္းကိုလည္း ရခဲ့ပါတယ္။

ေမာ္ရင္ဟိုအတြက္ ၂ဂိုး သြင္းေပးခဲ့တဲ့ စပါးတိုက္စစ္မႈး ဟယ္ရီကိန္းအေနနဲ႔လည္း သူရဲ႕ဥေရာပၿပိဳင္ပြဲ ၈ ရာသီအတြင္း ၆၂ပြဲမွာ ၃၈ဂိုး အထိ သြင္းႏိုင္ခဲ့တာပါ။ လာလီဂါ ၂သင္းျဖစ္တဲ့ ဗီလာရီးရဲလ္နဲ႔ ဂရန္နာဒါတို႔လည္း ၿပိဳင္ဖက္ေတြကို ၂ဂိုးျပတ္စီ အႏိုင္ယူႏိုင္ခဲ့ၿပီး ေနာက္တဆင့္တက္ဖို႔ အေျခအေနေကာင္းသြားပါတယ္။ မိုလ္ဒီကို အႏိုင္ရတဲ့ပြဲမွာ ဂိုးသြင္းႏိုင္ခဲ့တဲ့ ဂရန္နာဒါက မိုလီနာကေတာ့ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ဒုတိယေျမာက္အသက္အႀကီးဆုံး ဂိုးသြင္းႏိုင္တဲ့သူအျဖစ္ မွတ္တမ္းဝင္သြားခဲ့ၿပီး သူဂိုးသြင္းတဲ့ရက္မွာ အသက္ ၃၈ႏွစ္နဲ႔ ၃၂၃ရက္ ရွိခဲ့ပါၿပီ။

စီးရီးေအအသင္း ႐ိုးမားကလည္း အိမ္ကြင္းမွာ မႏွစ္က ေျခစြာခဲ့တဲ့ ရွက္တာဒိုးနက္ကို ၃ဂိုးျပတ္ အႏိုင္ယူႏိုင္ခဲပါတယ္။ ယူ႐ိုပါလိဂ္ ၁၆သင္းအဆင့္ ပထမအေက်ာ့ ပြဲစဥ္ေတြရဲ႕ အေနအထားကို ၿခဳံၿပီး သုံးသပ္ရမယ္ဆိုရင္ နာမည္ႀကီးအသင္းႀကီးေတြ ႏိုင္ပြဲကိုယ္စီရခဲ့သလို ေဘာ္ဒီအေပၚေၾကး ၆ပြဲ အထိေအာင္ခဲ့ၿပီး ၂ပြဲသာ ေအာက္ဆြဲခဲ့ပါတယ္။ ဂိုးေပါင္းအေနအထားမွာေတာ့ ၂ပြဲသာ အေပၚျဖစ္ခဲ့ၿပီး ၆ ပြဲ ေအာက္စားခဲ့ပါတယ္။