၃ပွဲမှာ ၈ ဂိုးပေးထားရတဲ့ ကာဆယ်ခံစစ်ကို ယူနိုက်တက် ဂိုးသွင်းနိုင်ဖို့ မခက်ခဲနိုင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ် ပွဲစဉ် ၄ အဖြစ် မန်ယူ နဲ့ နယူးကာဆယ် အသင်းတို့ဟာ ဒီနေ့ည ၈:၃၀ အချိန်မှာ ယှဉ်ပြိုင်ကစားသွားကြမှာ ဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ အသုံးပြုလာနိုင်တဲ့ ၂ သင်းလုံးရဲ့ ပွဲထွက်အခင်းအကျင်းနဲ့ ထွက်ပေါ်လာနိုင်တဲ့ ဂိုးရလဒ်တို့ကို ဖော်ပြပေးလိုက်ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲကစားပြီးချိန်မှာ မန်ယူအသင်းက ၂ ပွဲနိုင် ၁ ပွဲ သရေ ရမှတ် ၇ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

နယူးကာဆယ် ကတော့ အခုထိ နိုင်ပွဲမရသေးပဲ ၂ ပွဲရှုံး ၁ ပွဲ သရေ ရမှတ် ၁ မှတ်နဲ့ အဆင့် ၁၇ နေရာ ရောက်နေပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မန်ယူ နည်းပြ ဆိုးလ်ရှား က ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒို ကို ဒီနေ့ညမှာ ကစားမယ့် နယူးကာဆယ် နဲ့ ပွဲစဉ်မှာ သေချာပေါက်အသုံးပြုမယ်လို့ အတည်ပြုခဲ့ပါတယ်။

ဒါကြောင့် အခုဖော်ပြမယ့် လူစာရင်းအခင်းအကျင်းကို ဒီနေ့ညပွဲမှာ ပရိသတ်တွေ မြင်တွေ့ရဖို့ရှိနေပါတယ်။

နယူးကာဆယ် နဲ့ ပွဲမှာ မြင်တွေ့ရဖွယ်ရှိတဲ့ မန်ယူအသင်းရဲ့ ပွဲထွက် ၁၁ ယောက် –

( ဂိုး ) ဒီဂီယာ ၊ ( နောက်တန်း ) လုခ်ရှော, မက်ဂွိုင်းယား, ဗာရန်း, ဝမ်ဘစ်ဆာကာ ၊ ( ကွင်းလယ် ) ပေါ့ဘာ, ဗန်ဒီဘိခ်, ဖာနန်ဒက်စ် ၊ ( တောင်ပံတိုက်စစ် ) ဆန်ချို, ဂရင်းဝုဒ် ၊

( တိုက်စစ် ) ရော်နယ်ဒို အရန်လူစာရင်းမှာတော့ မာရှယ် ၊ လင်ဂတ် ၊ မာတာ ၊ ဒါးလော့တ် ၊ မာတစ် ၊ လင်ဒီလော့ဖ် စတဲ့ ကစားသမားတွေ ပါဝင်လာနိုင်ပါတယ်။

နယူးကာဆယ် ပွဲထုတ်လာနိုင်တဲ့ လူစာရင်း –

( ဂိုး ) ဝုဒ်မန်း ၊ ( နောက်တန်း ) ဖာနန်ဒက်ဇ်, လက်စ်ဆဲလက်စ်, ဖေဘီယန် ရှား, မာဖီ, ရစ်ချီ ( ကွင်းလယ် ) အယ်လ်မီရွန်, ဟေဒန်, ဝဲလော့ခ် ( တိုက်စစ် ) စိန့် မက်ဆီမင်, ဂျိုလင်တန်

နယူးကာဆယ်အသင်းရဲ့ အဓိကတိုက်စစ်မှူး ဝီလ်ဆင် က ဒဏ်ရာရနေတာကြောင့် ဒီနေ့ညပွဲစဉ်ကို သေချာပေါက်လွဲချော်ဖို့ ရှိနေပါတယ်။

နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၅ ပွဲမှာ မန်ယူအသင်းက ၄ ကြိမ်အထိ အနိုင်ရထားပြီး နယူးကာဆယ် က ၁ ကြိမ်အနိုင်ရထားပါတယ်။

မန်ယူအသင်းအနိုင်ရခဲ့တဲ့ ၄ ပွဲလုံးဟာ အနိမ့်ဆုံး ၂ ဂိုးပြတ်နဲ့ ဂိုးပြတ်နိုင်ခဲ့တာတွေဖြစ်ပါတယ်။

ဘော်ဒီ ၂ လုံး သရေ ၊ ဂိုးပေါင်း ၃ လုံး ၅၀ ရှုံး ဆိုတဲ့ ဘွတ်ကီတွေရဲ့ ကြေးဖွင့်လှစ်မှုအရ ဒီပွဲမှာလည်း မန်ယူအသင်းအနေနဲ့ ဂိုးပြတ်နိုင်ပွဲတပွဲကို ထပ်မံပိုင်ဆိုင်သွားဖို့ရှိနေပါတယ်။

၃ ပွဲကစားပြီးချိန်မှာ ၈ ဂိုးအထိခွင့်ပြုပေးထားရတဲ့ နယူးကာဆယ် ရဲ့ ခံစစ်ဟာ ရော်နယ်ဒို ဦးဆောင်လာမယ့် မန်ယူအသင်းရဲ့ တိုက်စစ်ပိုင်းကိုလည်း ဂိုးတွေသေချာပေါက် ခွင့်ပြုပေးရဦးမှာပါ။

ခန့်မှန်းရလဒ် မန်ယူ ၃-၁ နယူးကာဆယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi








