မန်ယူအသင်းရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ ပရိသတ်တွေ အရးဆိုခဲ့ပြီး ဆိုးလ်ရှားက ပိုင်ရှင်တွေဖက်က ကာကွယ်ပြောကြားခဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဥရောပစူပါလိဂ်ကိစ္စနဲ့ ဒေါသမပြေသေးတဲ့ မန်ယူအသင်း ပရိသတ်အချို့ဟာ အသင်းလေ့ကျင့်ရေးကွင်းဖြစ်တဲ့ ကာရင်တန်ကို သွားရောက်ပြီး အသင်းပိုင်ရှင် ဂလေဇာမိသားစုအနေနဲ့ ပြန်လည်ရောင်းချဖို့နဲ့ ထွက်သွားဖို့အတွက် အရေးဆိုခဲ့ကြပါတယ်။ ကန့်ကွက်ဆန့်ကျင်သူတွေဟာ စာတမ်းတွေကိုင်ဆောင်ပြီး အော်ဟစ်ကြွေးကြော်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ မန်ယူအသင်းရဲ့ ပူးတွဲဥက္ကဌတစ်ဦးဖြစ်တဲ့ ဂျိုးဂလေဇာက အသင်းပရီသတ်တွကို စူပါလိဂ်နဲ့ ပတ်သတ်ပြီး တရားဝင်တောင်းပန်တဲ့ အိတ်ဖွင့်ပေးစာ ပေးပို့အပြီး ၄၈နာရီ အကြာမှာ ပေါ်ပေါက်လာခဲ့တာလည်း ဖြစ်ပါတယ်။

မန်ယူအသင်းက ထုတ်ပြန်တဲ့ တရားဝင်ကြေညာချက်အရ ကန့်ကွက်ဆန္ဒပြတဲ့သူတွေနဲ့ အသင်းနည်းပြ ဆိုးလ်ရှားဦးဆောင်ပြီး လက်ထောက်နည်းပြ မိုက်ကယ်ကာရစ်နဲ့ ကစားသမားထဲက မာတစ်တို့ဟာ စကားပြောဆိုခဲ့ကြတယ်လို့ဆိုပါတယ်။

ပရိသတ်တွေဖက်က ဆိုးလ်ရှားအနေနဲ့ ဘာလို့ မန်ယူအသင်းနည်းပြရာထူးကို အသုံးပြုပြီး စူပါလိဂ်အစီအစဉ်အပေါ် အသင်းပိုင်ရှင် ဂလေဇာမိသားစုကို ကန့်ကွက်ပြောဆိုတာမျိုး မလုပ်သလဲဆိုတာ မေးမြန်းခဲ့ကြပါတယ်။ ဒါပေမယ့် ဆိုးလ်ရှားကတော့ ပိုင်ရှင်တွေဖက်က ကာကွယ်ပြောကြားသွားတဲ့ သဘောအဖြစ် “ဂျိုးဂလေဇာဟာ မန်ယူအသင်းကို ချစ်ပါတယ်” လို့ ပြောကြားသွားခဲ့တယ်လို့ သိရပါတယ်။

ပရိသတ်တွေဖက်က တုန့်ပြန်မှုကတော့ ဂျိုးဂလေဇာအနေနဲ့ မန်ယူအသင်းကို ချစ်တာမဟုတ်ဘဲ ပိုက်ဆံတွေကိုပဲ ချစ်ခင်တာဖြစ်လို့ ကလပ်အသင်းကနေ ထွက်သွားသင့်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ ကာရင်တန် လေ့ကျင့်ရေးကွင်းက ဖြစ်ရပ်ကို ရဲ့တပ်ဖွဲ့က လာရောက်ခဲ့ပေမယ့် ပရီသတ်တွေနဲ့ အဝေးမှာသာ စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။

ပရိသတ်တွေဟာ “ဂလေဇာထွက်သွား” ဆိုတဲ့ စာတမ်းတွေအပြင် ၅၁% ဆိုတဲ့ စာသားကိုပါ ရေးသားလာခဲ့ကြပြီး ဒါဟာ ဂျာမန်ဘောလုံးအသင်းတွေက ကလပ်အသင်းအားပေးသူပရိသတ်တွေက သူတို့အားပေးတဲ့အသင်းတွေရဲ့ ရှယ်ယာ ၅၁% ကိုပိုင်ဆိုင်ခွင့် ရကြတာကို ရည်ညွှန်းတာလည်း ဖြစ်ပါတယ်။

မန်ယူအသင်းဟာ ပရိသတ်တွေ ဝိုင်းဝန်းကန့်ကွက်နေတဲ့ ဥရောပစူပါလိဂ်ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ပြီး အစောပိုင်း အချိန်တွေမှာတုန်းက ပြိုင်ပွဲကနေ ထွက်လိုက်ပီဆိုတဲ့ ကြေညာချက် ခပ်တိုတိုတစ်ခုကိုပဲ ကြေညာထားခဲ့ပြီး ပရီသတ်တွေကို အရေးမစိုက် မတောင်းပန်တဲ့သဘော ဆောင်ခဲ့တာကြောင့် ဂယ်ရီနဗီးလ်က ပြစ်တင်ရှုတ်ချခဲ့ပြီး ဂျိုးဂလေဇာက စာထပ်ထုတ်တောင်းပန်ခဲ့ရတာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္ယူအသင္းရဲ႕ ကာရင္တန္ေလ့က်င့္ေရးကြင္းမွာ ပရိသတ္ေတြ အရးဆိုခဲ့ၿပီး ဆိုးလ္ရွားက ပိုင္ရွင္ေတြဖက္က ကာကြယ္ေျပာၾကားခဲ့

ဥေရာပစူပါလိဂ္ကိစၥနဲ႔ ေဒါသမေျပေသးတဲ့ မန္ယူအသင္း ပရိသတ္အခ်ိဳ႕ဟာ အသင္းေလ့က်င့္ေရးကြင္းျဖစ္တဲ့ ကာရင္တန္ကို သြားေရာက္ၿပီး အသင္းပိုင္ရွင္ ဂေလဇာမိသားစုအေနနဲ႔ ျပန္လည္ေရာင္းခ်ဖို႔နဲ႔ ထြက္သြားဖို႔အတြက္ အေရးဆိုခဲ့ၾကပါတယ္။ ကန႔္ကြက္ဆန႔္က်င္သူေတြဟာ စာတမ္းေတြကိုင္ေဆာင္ၿပီး ေအာ္ဟစ္ေႂကြးေၾကာ္ခဲ့ၾကတာလည္း ျဖစ္ပါတယ္။ ဒီျဖစ္ရပ္ဟာ မန္ယူအသင္းရဲ႕ ပူးတြဲဥကၠဌတစ္ဦးျဖစ္တဲ့ ဂ်ိဳးဂေလဇာက အသင္းပရီသတ္တြကို စူပါလိဂ္နဲ႔ ပတ္သတ္ၿပီး တရားဝင္ေတာင္းပန္တဲ့ အိတ္ဖြင့္ေပးစာ ေပးပို႔အၿပီး ၄၈နာရီ အၾကာမွာ ေပၚေပါက္လာခဲ့တာလည္း ျဖစ္ပါတယ္။

မန္ယူအသင္းက ထုတ္ျပန္တဲ့ တရားဝင္ေၾကညာခ်က္အရ ကန႔္ကြက္ဆႏၵျပတဲ့သူေတြနဲ႔ အသင္းနည္းျပ ဆိုးလ္ရွားဦးေဆာင္ၿပီး လက္ေထာက္နည္းျပ မိုက္ကယ္ကာရစ္နဲ႔ ကစားသမားထဲက မာတစ္တို႔ဟာ စကားေျပာဆိုခဲ့ၾကတယ္လို႔ဆိုပါတယ္။ ပရိသတ္ေတြဖက္က ဆိုးလ္ရွားအေနနဲ႔ ဘာလို႔ မန္ယူအသင္းနည္းျပရာထူးကို အသုံးျပဳၿပီး စူပါလိဂ္အစီအစဥ္အေပၚ အသင္းပိုင္ရွင္ ဂေလဇာမိသားစုကို ကန႔္ကြက္ေျပာဆိုတာမ်ိဳး မလုပ္သလဲဆိုတာ ေမးျမန္းခဲ့ၾကပါတယ္။ ဒါေပမယ့္ ဆိုးလ္ရွားကေတာ့ ပိုင္ရွင္ေတြဖက္က ကာကြယ္ေျပာၾကားသြားတဲ့ သေဘာအျဖစ္ “ဂ်ိဳးဂေလဇာဟာ မန္ယူအသင္းကို ခ်စ္ပါတယ္” လို႔ ေျပာၾကားသြားခဲ့တယ္လို႔ သိရပါတယ္။

ပရိသတ္ေတြဖက္က တုန႔္ျပန္မႈကေတာ့ ဂ်ိဳးဂေလဇာအေနနဲ႔ မန္ယူအသင္းကို ခ်စ္တာမဟုတ္ဘဲ ပိုက္ဆံေတြကိုပဲ ခ်စ္ခင္တာျဖစ္လို႔ ကလပ္အသင္းကေန ထြက္သြားသင့္တယ္လို႔ ေျပာဆိုခဲ့ၾကပါတယ္။ ကာရင္တန္ ေလ့က်င့္ေရးကြင္းက ျဖစ္ရပ္ကို ရဲ႕တပ္ဖြဲ႕က လာေရာက္ခဲ့ေပမယ့္ ပရီသတ္ေတြနဲ႔ အေဝးမွာသာ ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ခဲ့ၾကတာပါ။ ပရိသတ္ေတြဟာ “ဂေလဇာထြက္သြား” ဆိုတဲ့ စာတမ္းေတြအျပင္ ၅၁% ဆိုတဲ့ စာသားကိုပါ ေရးသားလာခဲ့ၾကၿပီး ဒါဟာ ဂ်ာမန္ေဘာလုံးအသင္းေတြက ကလပ္အသင္းအားေပးသူပရိသတ္ေတြက သူတို႔အားေပးတဲ့အသင္းေတြရဲ႕ ရွယ္ယာ ၅၁% ကိုပိုင္ဆိုင္ခြင့္ ရၾကတာကို ရည္ၫႊန္းတာလည္း ျဖစ္ပါတယ္။

မန္ယူအသင္းဟာ ပရိသတ္ေတြ ဝိုင္းဝန္းကန႔္ကြက္ေနတဲ့ ဥေရာပစူပါလိဂ္ၿပိဳင္ပြဲကေန ႏုတ္ထြက္ခဲ့ၿပီး အေစာပိုင္း အခ်ိန္ေတြမွာတုန္းက ၿပိဳင္ပြဲကေန ထြက္လိုက္ပီဆိုတဲ့ ေၾကညာခ်က္ ခပ္တိုတိုတစ္ခုကိုပဲ ေၾကညာထားခဲ့ၿပီး ပရီသတ္ေတြကို အေရးမစိုက္ မေတာင္းပန္တဲ့သေဘာ ေဆာင္ခဲ့တာေၾကာင့္ ဂယ္ရီနဗီးလ္က ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး ဂ်ိဳးဂေလဇာက စာထပ္ထုတ္ေတာင္းပန္ခဲ့ရတာပါ။