မန်ယူအဝယ်မှားခဲ့တဲ့ ကစားသမား ၆ ယောက်ကို ထုတ်ပြောလိုက်တဲ့ ဖာဒီနန်

photo-BT Sport

photo-BT Sport

ဘန်လေရှုံးပွဲနဲ့ပတ်သက်လို့ ဒေါသတွေထွက်နေတဲ့ အသင်းနောက်ခံလူဟောင်းရီယိုဖာဒီနန်ဟာ မကြာသေးခင်နှစ်တွေအတွင်း မန်ယူခေါ်ယူခဲ့တဲ့ ကစားသမား ၆ ယောက်နဲ့ပတ်သက်လို့ ဝေဖန်မေးခွန်းထုတ်လိုက်ပါတယ်။ အခုချိန်မှာ ရုပ်သံဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့ ဖာဒီနန်ဟာ ကစားသမားဘဝတုန်းက မန်ယူနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု ၆ ကြိမ်နဲ့ ချန်ပီယံလိဂ်အောင်မြင်မှု ၁ ကြိမ်ရရှိခဲ့သူပါ။

photo-gettyimages

ဖာဒီနန်ဟာ အခုလိုအခြေအနေအေတွက် အသင်းအမှုဆောင်ချုပ်အက်ဝုဒ်ဝပ်ကို လက်ညှိုးထိုးအပြစ်တင်ခဲ့သလို ကလပ်ရဲ့အလုပ်မဖြစ်တဲ့လူသစ်ဖြည့်တင်းမှုပေါ်လစီကိုလည်း မေးခွန်းထုတ်ခဲ့ပါတယ်။ ဒ့ါအပြင် သူဟာ မတူညီတဲ့နည်းပြတွေလက်အောက်မှာ ခေါ်ယူခဲ့တဲ့ အသင်းမှာ မအောင်မြင်သူကစားသမား ၆ ယောက်ကို နာမည်နဲ့တကွ ထုတ်ပြောလိုက်ပါတယ်။ ဝုဒ်ဝပ်ရဲ့စီမံကွပ်ကဲမှုနဲ့ သူတို့တွေအားလုံးကို ခေါ်ယူခဲ့တာပါ။

photo-gettyimages

”လူခေါ်တာဟာ အဓိကကျပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ်အတွင်း ခေါ်ယူခဲ့တာတွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် အဲဒါဟာ အကျဘက်ကို ထိုးဆင်းသွားစေတယ်ဆိုတာ တွေ့ရမှာပါ။ ရောက်လာတဲ့ကစားသမားအချို့ကိုကြည့်လိုက်တော့ ရိုဂျို၊ဖယ်ကာအို၊ဖယ်လိုင်နီ၊ရှနိုက်ဒါလင်၊ဒါမီယန်နဲ့ ဒီပေးတို့ဖြစ်နေကြတယ်။ ဒီကစားသမားတွေဟာ တကယ့်မန်ယူကစားသမားတွေရော ဟုတ်ရဲ့လား။ စိတ်ပိုင်းဆိုင်ရာ၊အရည်အသွေး၊ ကစားပုံစတိုင် ဘယ်အရာကိုပဲကြည့်ကြည့် သူတို့ဟာ တကယ့်မန်ယူကစားသမားတွေရော ဟုတ်ရဲ့လား။ ပြီးတော့ သူတို့တွေကို ဘယ်သူဝယ်တာလဲဆိုတာနဲ့ပတ်သက်လို့ ကျွန်တော်အကြာကြီးခေါင်းခြောက်ခဲ့ရပါတယ်။ ဒီလူတွေကို လိုချင်ပါတယ်လို့ ရောက်လာတဲ့နည်းပြကပဲ ပြောတာလား။ ဒါမှမဟုတ် ကလပ်ကပဲ ကိုယ့်သဘောနဲ့ကိုယ်ဝယ်ခဲ့တာလား”လို့ ဖာဒီနန်က ပြောခဲ့တာပါ။

[Zawgyi]

မန္ယူအ၀ယ္မွားခဲ့တဲ့ ကစားသမား ၆ ေယာက္ကို ထုတ္ေျပာလိုက္တဲ့ ဖာဒီနန္

ဘန္ေလရႈံးပြဲနဲ႔ပတ္သက္လုိ႔ ေဒါသေတြထြက္ေနတဲ့ အသင္းေနာက္ခံလူေဟာင္းရီယိုဖာဒီနန္ဟာ မၾကာေသးခင္ႏွစ္ေတြအတြင္း မန္ယူေခၚယူခဲ့တဲ့ ကစားသမား ၆ ေယာက္နဲ႔ပတ္သက္လို႔ ေ၀ဖန္ေမးခြန္းထုတ္လုိက္ပါတယ္။ အခုခ်ိန္မွာ ရုပ္သံေ၀ဖန္သုံးသပ္သူအျဖစ္ လုပ္ကိုင္ေနတဲ့ ဖာဒီနန္ဟာ ကစားသမားဘ၀တုန္းက မန္ယူနဲ႔အတူ ပရီးမီးယားလိဂ္ခ်န္ပီယံဆု ၆ ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈ ၁ ႀကိမ္ရရွိခဲ့သူပါ။

ဖာဒီနန္ဟာ အခုလုိအေျခအေနေအတြက္ အသင္းအမႈေဆာင္ခ်ဳပ္အက္၀ုဒ္၀ပ္ကို လက္ညွိဳးထိုးအျပစ္တင္ခဲ့သလို ကလပ္ရဲ႕အလုပ္မျဖစ္တဲ့လူသစ္ျဖည့္တင္းမႈေပၚလစီကိုလည္း ေမးခြန္းထုတ္ခဲ့ပါတယ္။ ဒ့ါအျပင္ သူဟာ မတူညီတဲ့နည္းျပေတြလက္ေအာက္မွာ ေခၚယူခဲ့တဲ့ အသင္းမွာ မေအာင္ျမင္သူကစားသမား ၆ ေယာက္ကို နာမည္နဲ႔တကြ ထုတ္ေျပာလိုက္ပါတယ္။ ၀ုဒ္၀ပ္ရဲ႕စီမံကြပ္ကဲမႈနဲ႔ သူတုိ႔ေတြအားလုံးကို ေခၚယူခဲ့တာပါ။

”လူေခၚတာဟာ အဓိကက်ပါတယ္။ လြန္ခဲ့တဲ့ ၇ ႏွစ္အတြင္း ေခၚယူခဲ့တာေတြကို ျပန္ၾကည့္လိုက္မယ္ဆိုရင္ အဲဒါဟာ အက်ဘက္ကုိ ထုိးဆင္းသြားေစတယ္ဆိုတာ ေတြ႕ရမွာပါ။ ေရာက္လာတဲ့ကစားသမားအခ်ိဳ႕ကုိၾကည့္လိုက္ေတာ့ ရိုဂ်ိဳ၊ဖယ္ကာအုိ၊ဖယ္လိုင္နီ၊ရွႏိုက္ဒါလင္၊ဒါမီယန္နဲ႔ ဒီေပးတို႔ျဖစ္ေနၾကတယ္။ ဒီကစားသမားေတြဟာ တကယ့္မန္ယူကစားသမားေတြေရာ ဟုတ္ရဲ႕လား။ စိတ္ပိုင္းဆိုင္ရာ၊အရည္အေသြး၊ ကစားပုံစတိုင္ ဘယ္အရာကိုပဲၾကည့္ၾကည့္ သူတို႔ဟာ တကယ့္မန္ယူကစားသမားေတြေရာ ဟုတ္ရဲ႕လား။ ၿပီးေတာ့ သူတို႔ေတြကို ဘယ္သူ၀ယ္တာလဲဆုိတာန႔ဲပတ္သက္လို႔ ကၽြန္ေတာ္အၾကာႀကီးေခါင္းေျခာက္ခဲ့ရပါတယ္။ ဒီလူေတြကို လိုခ်င္ပါတယ္လို႔ ေရာက္လာတဲ့နည္းျပကပဲ ေျပာတာလား။ ဒါမွမဟုတ္ ကလပ္ကပဲ ကိုယ့္သေဘာနဲ႔ကိုယ္၀ယ္ခဲ့တာလား”လို႔ ဖာဒီနန္က ေျပာခဲ့တာပါ။