မန်ယူအပြောင်းအရွှေ့အတွက် ချဲလ်ဆီးနဲ့ရီးရဲလ်တို့ကိုငြင်းပယ်ဖို့အသင့်ဖြစ်နေတဲ့ ဆန်ချို

photo-the sun

photo-gettyimages

ဒေါ့မန်တောင်ပံကြယ်ပွင့်ကစားသမားဆန်ချိုဟာ ရာသီကုန်မှာ မန်ယူကိုပြောင်းဖို့အတွက် ချဲလ်ဆီးနဲ့ရီးရဲလ်တို့ကိုပြင်းပယ်ဖို့ အသင့်ရှိနေတယ်လု့ိ အင်္ဂလန်က သတင်းတွေအရ သိရပါတယ်။ အဲဒီအင်္ဂလန်ကြယ်ပွင့်ကို ဥရောပအသင်းကြီးအတေ်ာများများက စိတ်ဝင်စားနေကြပြီး ဒေါ့မန်ကလည်း လာမယ့်နွေမတိုင်ခင် သူ့ရဲ့ထွက်ခွာမှုအတွက် ပြင်ဆင်မှုတွေပြုလုပ်နေပါတယ်။ ၁၉ နှစ်အရွယ် ဆန်ချိုဟာ ၂၀၁၇ မှာ မန်စီးတီးကနေ ရောက်လာပြီးကတည်းက ဥရောပရဲ့အတောက်ပဆုံးလူငယ်တွေထဲက တစ်ယောက်အဖြစ် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ဒေါ့မန်အတွက် ၈၄ ပွဲမှာ ၂၉ ဂိုးသွင်းယူပေးထားပါတယ်။

photo-gettyimages

မန်ယူဟာ လာမယ့်နွေရာသီထိပ်တန်းပစ်မှတ်တွေထဲက တစ်ခုအဖြစ် ဆန်ချိုကို ဦးတည်ထားတာဖြစ်ပြီး Daily Mirror သတင်းစာရဲ့ဖော်ပြချက်အရ ဆန်ချိုကိုယ်တိုင်ကလည်း မန်ယူကိုပြောင်းချင်နေတယ်လို့ သိရပါတယ်။ မန်ယူဟာ ဆန်ချိုကို အသင်းရဲ့လစာအမြင့်ဆုံးရကစားသမားတွေထဲက တစ်ယောက်ဖြစ်လာအောင် တစ်ပတ် ပေါင် ၂ သိန်းအထက် စာချုပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတာပါ။ ဒ့ါအပြင် မန်ယူဟာ ဆန်ချိုကို အသင်းရဲ့ပုံရိပ်ကစားသမားအဖြစ်လည်း ရှုမြင်နေတာပါ။

photo-gettyimages

ဒေါ့မန်ကတော့ သူတို့ရဲ့ကြယ်ပွင့်ကစားသမားကို ဈေးပေါပေါနဲ့လက်လွှတ်မှာမဟုတ်ဘဲ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးအနေနဲ့ ပေါင်သန်း ၁၀၀ ဝန်းကျင်လောက်တောင်းလိမ့်မယ်လို့ သတင်းထွက်နေပါတယ်။ လာမယ့်နွေမှာ ဆန်ချိုကိုခေါ်ယူလိုနေတဲ့ နောက်ထပ်ပရီးမီးယားလိဂ်အသင်းကြီးတစ်သင်းကတော့ ချဲလ်ဆီးဖြစ်ပြီး ဒီအပြောင်းအရွှေ့မှာ မန်ယူရဲ့အဓိကယှဉ်ပြိုင်ဘက်ဖြစ်လာမှာပါ။ ဒါ့အပြင် ရီးရဲလ်ကလည်း စိတ်ဝင်စားနေတယ်လို့ ဆိုကြပါတယ်။

[Zawgyi]

မန္ယူအေျပာင္းအေရႊ႕အတြက္ ခ်ဲလ္ဆီးနဲ႔ရီးရဲလ္တို႔ကိုျငင္းပယ္ဖုိ႔အသင့္ျဖစ္ေနတဲ့ ဆန္ခ်ိဳ

ေဒါ့မန္ေတာင္ပံၾကယ္ပြင့္ကစားသမားဆန္ခ်ိဳဟာ ရာသီကုန္မွာ မန္ယူကိုေျပာင္းဖုိ႔အတြက္ ခ်ဲလ္ဆီးနဲ႔ရီးရဲလ္တုိ႔ကိုျပင္းပယ္ဖို႔ အသင့္ရွိေနတယ္လု႔ိ အဂၤလန္က သတင္းေတြအရ သိရပါတယ္။ အဲဒီအဂၤလန္ၾကယ္ပြင့္ကို ဥေရာပအသင္းႀကီးအေတ္ာမ်ားမ်ားက စိတ္၀င္စားေနၾကၿပီး ေဒါ့မန္ကလည္း လာမယ့္ေႏြမတိုင္ခင္ သူ႔ရဲ႕ထြက္ခြာမႈအတြက္ ျပင္ဆင္မႈေတြျပဳလုပ္ေနပါတယ္။ ၁၉ ႏွစ္အရြယ္ ဆန္ခ်ိဳဟာ ၂၀၁၇ မွာ မန္စီးတီးကေန ေရာက္လာၿပီးကတည္းက ဥေရာပရဲ႕အေတာက္ပဆုံးလူငယ္ေတြထဲက တစ္ေယာက္အျဖစ္ ဖြ႔ံၿဖိဳးတိုးတက္လာခဲ့ၿပီး ေဒါ့မန္အတြက္ ၈၄ ပြဲမွာ ၂၉ ဂိုးသြင္းယူေပးထားပါတယ္။

မန္ယူဟာ လာမယ့္ေႏြရာသီထိပ္တန္းပစ္မွတ္ေတြထဲက တစ္ခုအျဖစ္ ဆန္ခ်ိဳကို ဦးတည္ထားတာျဖစ္ၿပီး Daily Mirror သတင္းစာရဲ႕ေဖာ္ျပခ်က္အရ ဆန္ခ်ိဳကိုယ္တိုင္ကလည္း မန္ယူကိုေျပာင္းခ်င္ေနတယ္လုိ႔ သိရပါတယ္။ မန္ယူဟာ ဆန္ခ်ိဳကို အသင္းရဲ႕လစာအျမင့္ဆုံးရကစားသမားေတြထဲက တစ္ေယာက္ျဖစ္လာေအာင္ တစ္ပတ္ ေပါင္ ၂ သိန္းအထက္ စာခ်ဳပ္နဲ႔ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနတာပါ။ ဒ့ါအျပင္ မန္ယူဟာ ဆန္ခ်ိဳကို အသင္းရဲ႕ပုံရိပ္ကစားသမားအျဖစ္လည္း ရႈျမင္ေနတာပါ။

ေဒါ့မန္ကေတာ့ သူတုိ႔ရဲ႕ၾကယ္ပြင့္ကစားသမားကို ေစ်းေပါေပါနဲ႔လက္လႊတ္မွာမဟုတ္ဘဲ ဆန္ခ်ိဳအတြက္ ေျပာင္းေရႊ႕ေၾကးအေနနဲ႔ ေပါင္သန္း ၁၀၀ ၀န္းက်င္ေလာက္ေတာင္းလိမ့္မယ္လို႔ သတင္းထြက္ေနပါတယ္။ လာမယ့္ေႏြမွာ ဆန္ခ်ိဳကိုေခၚယူလိုေနတ့ဲ ေနာက္ထပ္ပရီးမီးယားလိဂ္အသင္းႀကီးတစ္သင္းကေတာ့ ခ်ဲလ္ဆီးျဖစ္ၿပီး ဒီအေျပာင္းအေရႊ႕မွာ မန္ယူရဲ႕အဓိကယွဥ္ၿပိဳင္ဘက္ျဖစ္လာမွာပါ။ ဒါ့အျပင္ ရီးရဲလ္ကလည္း စိတ္၀င္စားေနတယ္လုိ႔ ဆိုၾကပါတယ္။