

မန်ယူနဲ့စပါးပွဲအပြီးမှာ မန်ယူပရိသတ်တွေ အားပြန်တက်လာရပါတယ်။ ရှေ့ဆက်ပြီးလည်း ဘယ်ပုံဘယ်နည်းခရီးဆက်သင့်တယ်၊ ဘာတွေဖြည့်ဆည်းဖို့လိုတယ်ဆိုတာလည်း ဝိုင်းဝန်းအကြံပြု တာတွေရှိပါတယ်။ ဝါရင့်ဂိုးသမားဟောင်းကြီးဖြစ်တဲ့ ရှမိုက်ကယ်ကတော့ မန်ယူအနေနဲ့ စပါးအသင်းက ဆွန်ဟောင်မင်းကို ခေါ်သင့်တယ်လို့ အကြံပြုလာပါတယ်။

“ကျွန်တော်ကတော့ ဆွန်ဟောင်မင်းကို မန်ယူမှာမြင်ချင်ပါတယ်။ သူကတော်တဲ့ကစားသမားတစ်ယောက်ပါ။ ပွင့်ပွင့်လင်းပြောရရင် စပါးအသင်းကဆွန်နဲ့ အဲရစ်ဆင်တို့ကို မန်ယူအသင်းဆီပြောင်းကစားစေချင်ပါတယ်”လို့ ရှမိုက်ကယ်က ပြောပါတယ်။

ဆွန်ဟောင်မင်းဟာ စပါးအသင်းကို နည်းပြမော်ရင်ဟိုစတင်ရောက်ရှိလာချိန်မှာလည်း ခြေစွမ်းပြဂိုးသွင်း ထားနိုင်သူတစ်ယောက်ဖြစ်ပြီး၊ ဒီရာသီမှာ ပိုလို့လူသိများထင်ရှားလာတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ “ဆွန်ကတာဝန်ကျေကျေနဲ့ အကောင်းဆုံးကစားနေတဲ့ ကစားသမားတစ်ဦးပါ။ သူ့လို ကစားသမားရရင်တော့ မန်ယူအနေနဲ့ ဒုတိယပက်ဂျိဆန် ကိုထပ်ရလိုက်သလိုပါပဲ”လို့ မိုက်ကယ်က ပြောပါတယ်။

မန်ယူအသင်းအတွက် နောက်ထပ်ကစားသမားကောင်းတွေခေါ်ယူဖို့လိုနေတာကတော့ သေချာပါတယ်။ ဒါကြောင့် ဘယ်ကစားသမားကိုခေါ်သင့်တယ်၊ဘယ်သူ့ကို ရောင်းသင့်တယ် ဆိုပြီးအကြံပြုနေကြတာဖြစ်ပါ တယ်။ ဒါပေမယ့် ဆွန်ဟောင်မင်းကို ခေါ်ဖို့အတွက်ကလည်းခက်ခဲနိုင်ပါတယ်။ အချို့သတင်းများအရတော့ တောင်ကိုရီးယားသားကြီးဟာ စပါးမှာအတော်ကိုပျော်နေတယ်လို့ဆိုပါတယ်။

(Zawgyi Version)
မန္ယူအေနနဲ႔ ဆြန္ေဟာင္မင္းကို ေခၚသင့္တယ္လို႔ ေျပာလာတဲ့ ရွမိုက္ကယ္
မန္ယူနဲ႔စပါးပြဲအၿပီးမွာ မန္ယူပရိသတ္ေတြ အားျပန္တက္လာရပါတယ္။ ေရွ႕ဆက္ၿပီးလည္း ဘယ္ပုံဘယ္နည္းခရီးဆက္သင့္တယ္၊ ဘာေတြျဖည့္ဆည္းဖုိ႔လုိတယ္ဆုိတာလည္း ၀ိုင္း၀န္းအႀကံျပဳ တာေတြရိွပါတယ္။ ၀ါရင့္ဂိုးသမားေဟာင္းႀကီးျဖစ္တဲ့ ရွမိုက္ကယ္ကေတာ့ မန္ယူအေနနဲ႔ စပါးအသင္းက ဆြန္ေဟာင္မင္းကို ေခၚသင့္တယ္လို႔ အႀကံျပဳလာပါတယ္။
“ကၽြန္ေတာ္ကေတာ့ ဆြန္ေဟာင္မင္းကို မန္ယူမွာျမင္ခ်င္ပါတယ္။ သူကေတာ္တဲ့ကစားသမားတစ္ေယာက္ပါ။ ပြင့္ပြင့္လင္းေျပာရရင္ စပါးအသင္းကဆြန္နဲ႕ အဲရစ္ဆင္တို႔ကို မန္ယူအသင္းဆီေျပာင္းကစားေစခ်င္ပါတယ္”လို႔ ရွမိုက္ကယ္က ေျပာပါတယ္။
ဆြန္ေဟာင္မင္းဟာ စပါးအသင္းကို နည္းျပေမာ္ရင္ဟုိစတင္ေရာက္ရိွလာခ်ိန္မွာလည္း ေျခစြမ္းျပဂိုးသြင္း ထားႏိုင္သူတစ္ေယာက္ျဖစ္ၿပီး၊ ဒီရာသီမွာ ပိုလို႔လူသိမ်ားထင္ရွားလာတဲ့ ကစားသမားတစ္ေယာက္ျဖစ္ပါတယ္။ “ဆြန္ကတာဝန္ေက်ေက်နဲ႕ အေကာင္းဆုံးကစားေနတဲ့ ကစားသမားတစ္ဦးပါ။ သူ႔လို ကစားသမားရရင္ေတာ့ မန္ယူအေနနဲ႔ ဒုတိယပက္ဂ်ိဆန္ ကိုထပ္ရလိုက္သလိုပါပဲ”လို႔ မိုက္ကယ္က ေျပာပါတယ္။
မန္ယူအသင္းအတြက္ ေနာက္ထပ္ကစားသမားေကာင္းေတြေခၚယူဖို႔လုိေနတာကေတာ့ ေသခ်ာပါတယ္။ ဒါေၾကာင့္ ဘယ္ကစားသမားကိုေခၚသင့္တယ္၊ဘယ္သူ႔ကို ေရာင္းသင့္တယ္ ဆိုၿပီးအႀကံျပဳေနၾကတာျဖစ္ပါ တယ္။ ဒါေပမယ့္ ဆြန္ေဟာင္မင္းကို ေခၚဖုိ႔အတြက္ကလည္းခက္ခဲႏိုင္ပါတယ္။ အခ်ဳိ႕သတင္းမ်ားအရေတာ့ ေတာင္ကိုရီးယားသားႀကီးဟာ စပါးမွာအေတာ္ကိုေပ်ာ္ေနတယ္လို႔ဆိုပါတယ္။