
photo-gettyimages
photo-man u
မနေ့ညက ဘယ်လ်ဂျီယံကလပ်ဘရုဂျက်နဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ် ၃၂ သင်းအဆင့် ပထမအကျော့အဝေးကွင်းပွဲစဉ်မှာ ကွင်းလယ်လူလင်ဂတ်ဟာ မန်ယူအတွက် ပွဲထွက်ကစားခွင့်ရခဲ့ပြီး အဲဒါဟာ သူ့ရဲ့မန်ယူကစားသမားဘ၀ ပွဲ ၂၀၀ ပြည့်လည်း ဖြစ်လာခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့မန်ယူ ပွဲ ၂၀၀ ပြည့်မှာပဲ အသင်းဟာ အများကြီးနိမ့်ပါးတဲ့ပြိုင်ဘက်ကို အနိုင်ယူမယူနိုင်ခဲ့တဲ့အပြင် စိတ်ပျက်ဖွယ်ခြေစွမ်းနဲ့အတူ သရေကျခဲ့ပါတယ်။ လင်ဂတ်ကိုယ်တိုင်ကလည်း အဲဒီပွဲက ညံ့ဖျင်းတဲ့ခြေစွမ်းကြောင့် ဆိုရှယ်မီဒီယာထက်မှာ ပရိသတ်တွေရဲ့ဒေါသနဲ့ ရင်ဆိုင်နေရပါတယ်။
photo-gettyimages
အဲဒီပွဲမှာ လင်ဂတ်ပါတဲ့ မန်ယူကွင်းလယ်ဟာ ရုန်းကန်ခဲ့ရပြီး တိုက်စစ်ရော ခံစစ်မှာပါ လိုအပ်တဲ့ပံ့ပိုးပေးမှု မပြုလုပ်နိုင်ခဲ့ပါဘူး။ လင်ဂတ်အပြင် ကွင်းလယ်ကစားဖော်ပါရဲရားဟာလည်း ညံ့လွန်းခဲ့တဲ့အတွက် ပရိသတ်တွေရဲ့ဒေါသထွက်ခြင်းခံခဲ့ရပြီး သူတို့နှစ်ယောက်စလုံးကို ထွက်ခွာခွင့်ပြုသင့်တယ်လို့ ပရိသတ်တစ်ယောက်က ဆိုရှယ်မီဒီယာပေါ်မှာ ရေးတင်ခဲ့ပါတယ်။ ဆိုးလ်ရှားဟာ ချဲလ်ဆီး ၂-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲက လူစာရင်းကို ၆ နေရာအပြောင်းအလဲပြုလုပ်ခဲ့တဲ့အတွက် လင်ဂတ်တို့ ပွဲထွက်ကစားခွင့်ရခဲ့တာပါ။
photo-gettyimages
အဲဒီပွဲက မန်ယူကစားသမားတစ်ယောက်ချင်းစီရဲ့စွမ်းဆောင်ရည်ကို ဘောလုံးဝက်ဘ်ဆိုဒ်အများစုက rating အဆင့်သတ်မှတ်တော့ လင်ဂတ်ဟာ ညံ့ဖျင်းတဲ့အဆင့်သတ်မှတ်မှုဖြစ်တဲ့ ၅ သာ ရရှိခဲ့ပါတယ်။ သူဟာ မန်ယူအတွက် နောက်ပိုင်းမှာ ပါရတဲ့ဘယ်ပွဲမဆို ခြေစွမ်းညံ့နေခဲ့တာပါ။ Twitter ပေါ်က ပရိသတ်တစ်ယောက်ကဆိုရင် မန်ယူဟာ လင်ဂတ်ကို တကယ်ပဲ သူတို့အတွက် ပွဲ ၂၀၀ ပြည့်အောင် ခွင့်ပြုပေးလိုက်တာပဲလို့ အလွန်ရယ်ရတဲ့ဟာသတစ်ခုလို မှတ်ချက်ပြုခဲ့ပါတယ်။
[Zawgyi]
မန္ယူအတြက္ သူ႔ရဲ႕ပြဲ ၂၀၀ ျပည့္မွာ ပရိသတ္ေတြေဒါသထြက္ေအာင္ ေျခစြမ္းညံ့ခဲ့တဲ့ လင္ဂတ္
မေန႔ညက ဘယ္လ္ဂ်ီယံကလပ္ဘရုဂ်က္နဲ႔ကစားခဲ့တဲ့ ယူရိုပါလိဂ္ ၃၂ သင္းအဆင့္ ပထမအေက်ာ့အေ၀းကြင္းပြဲစဥ္မွာ ကြင္းလယ္လူလင္ဂတ္ဟာ မန္ယူအတြက္ ပြဲထြက္ကစားခြင့္ရခဲ့ၿပီး အဲဒါဟာ သူ႔ရဲ႕မန္ယူကစားသမားဘ၀ ပြဲ ၂၀၀ ျပည့္လည္း ျဖစ္လာခဲ့တာပါ။ ဒါေပမဲ့ သူ႔ရဲ႕မန္ယူ ပြဲ ၂၀၀ ျပည့္မွာပဲ အသင္းဟာ အမ်ားႀကီးနိမ့္ပါးတဲ့ၿပိဳင္ဘက္ကို အႏိုင္ယူမယူႏုိင္ခဲ့တဲ့အျပင္ စိတ္ပ်က္ဖြယ္ေျခစြမ္းနဲ႔အတူ သေရက်ခဲ့ပါတယ္။ လင္ဂတ္ကိုယ္တိုင္ကလည္း အဲဒီပြဲက ညံ့ဖ်င္းတဲ့ေျခစြမး္ေၾကာင့္ ဆိုရွယ္မီဒီယာထက္မွာ ပရိသတ္ေတြရဲ႕ေဒါသနဲ႔ ရင္ဆိုင္ေနရပါတယ္။
အဲဒီပြဲမွာ လင္ဂတ္ပါတဲ့ မန္ယူကြင္းလယ္ဟာ ရုန္းကန္ခဲ့ရၿပီး တိုက္စစ္ေရာ ခံစစ္မွာပါ လိုအပ္တဲ့ပံ့ပိုးေပးမႈ မျပဳလုပ္ႏုိင္ခဲ့ပါဘူး။ လင္ဂတ္အျပင္ ကြင္းလယ္ကစားေဖာ္ပါရဲရားဟာလည္း ည့ံလြန္းခဲ့တဲ့အတြက္ ပရိသတ္ေတြရဲ႕ေဒါသထြက္ျခင္းခံခဲ့ရၿပီး သူတုိ႔ႏွစ္ေယာက္စလုံးကို ထြက္ခြာခြင့္ျပဳသင့္တယ္လုိ႔ ပရိသတ္တစ္ေယာက္က ဆိုရွယ္မီဒီယာေပၚမွာ ေရးတင္ခဲ့ပါတယ္။ ဆုိးလ္ရွားဟာ ခ်ဲလ္ဆီး ၂-၀ ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ပြဲက လူစာရင္းကို ၆ ေနရာအေျပာင္းအလဲျပဳလုပ္ခဲ့တဲ့အတြက္ လင္ဂတ္တို႔ ပြဲထြက္ကစားခြင့္ရခဲ့တာပါ။
အဲဒီပြဲက မန္ယူကစားသမားတစ္ေယာက္ခ်င္းစီရဲ႕စြမ္းေဆာင္ရည္ကို ေဘာလုံး၀က္ဘ္ဆုိဒ္အမ်ားစုက rating အဆင့္သတ္မွတ္ေတာ့ လင္ဂတ္ဟာ ည့ံဖ်င္းတဲ့အဆင့္သတ္မွတ္မႈျဖစ္တဲ့ ၅ သာ ရရွိခဲ့ပါတယ္။ သူဟာ မန္ယူအတြက္ ေနာက္ပိုင္းမွာ ပါရတဲ့ဘယ္ပြဲမဆို ေျခစြမ္းည့ံေနခဲ့တာပါ။ Twitter ေပၚက ပရိသတ္တစ္ေယာက္ကဆိုရင္ မန္ယူဟာ လင္ဂတ္ကို တကယ္ပဲ သူတုိ႔အတြက္ ပြဲ ၂၀၀ ျပည့္ေအာင္ ခြင့္ျပဳေပးလုိက္တာပဲလို႔ အလြန္ရယ္ရတဲ့ဟာသတစ္ခုလို မွတ္ခ်က္ျပဳခဲ့ပါတယ္။