မန်ယူအတွက် ကယ်တင်ရှင်ဖြစ်လာတဲ့ ဖာနန်ဒက်စ်ရဲ့ ၂၀၂၀ အတွင်းထူခြားမှတ်တမ်းများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပေါ်တူဂီလက်ရွေးစင် ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက စပို့တင်းလစ္စဘွန်းကနေ မန်ယူကိုပြောင်းလာပြီးတဲ့နောက် သူ့ရဲ့စွမ်း ဆောင်ရည်ကောင်းမွန်မှုကိုအချိန်တိုအတွင်း ချပြနိုင်ခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက မန်ယူအသင်းချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ရာမှာသူ့အကူအညီအများကြီးပါခဲ့သလို လက်ရှိအချိန်အထိလည်း ကွဲပြားခြားနားတဲ့ရလဒ်တွေကို ရယူပြနိုင်စွမ်းရှိနေသေးတယ်ဆိုတာ ဆက်လက်ပြသနေဆဲဖြစ်ပါတယ်။

မကြာသေးခင်က အဲဗာတန်နဲ့ပွဲမှာ သူ့ခြေစွမ်းနဲ့ နိုင်ပွဲရအောင်လုပ်ပေးနိုင်ခဲ့ပြီးနောက် ချီးကျူးမှုတွေကိုလည်းခံယူခဲ့ရပါတယ်။ ဒါကြောင့်လည်း planet football ဝက်ဘ်ဆိုက်က ၂၀၂၀ အတွင်း ဖာနန်ဒက်စ်ရဲ့ မှတ်တမ်းကောင်း ၇ ချက်ကိုဖော်ပြပြီးမန်ယူအသင်းရဲ့ နှလုံးသဲပွတ်အဖြစ် ဖာနန်ဒက်စ်ရှိနေတယ်ဆိုတာကို ထုတ်ဖော်ခဲ့ပါတယ်။

၁။ ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ် ၂၁ ပွဲကစားပြီးချိန်မှာ ၂၃ ဂိုးအထိတိုက်ရိုက်ပါဝင်ပတ်သက်(ကိုယ်တိုင်ဂိုးသွင်းခြင်းနှင့် ဂိုးရရှိရေးဖန်တီးပေးခြင်း) ခဲ့ပါတယ်။ ဒါဟာ ၇၆.၆ မိနစ်ကိုတစ်ဂိုးနှုန်းလည်းဖြစ်ပါတယ်။

၂။ ပြိုင်ပွဲအရပ်ရပ်မှာဆိုရင် ဖာနန်ဒက်စ်ဟာ ၃၃ ပွဲကစားပြီး ၁၈ ဂိုးသွင်းကာ ၁၃ ဂိုးဖန်တီးပေးထားပါတယ်။

၃။ သူဟာ မန်ယူနဲ့အတူပရီးမီးယားလိဂ်စတင်ပွဲထွက်ခဲ့ပြီးနောက် ၁၀ ဂိုးတိတိဖန်တီးပေးနိုင်ခဲ့ပါတယ်။ သူစတင်ပွဲထွက်တဲ့အချိန်ကစပြီး တွက်မယ်ဆိုရင် အဲဒီကာလအတွင်း သူ့ဖန်တီးမှုအရေအတွက်ကို ကျန်တဲ့ဘယ်ကွင်းလယ်လူမှ လိုက်မီခဲ့ခြင်းမရှိပါဘူး။

၄။ ၂၀၂၀ ဖေဖေါ်ဝါရီ လမှာမန်ယူနဲ့အတူ ပရီးမီးယားလိဂ်မှာစတင်ပွဲထွက်ပြီးနောက် သူ ၁၃ ဂိုးသွင်းခဲ့ပါတယ်။

အဲဒီကာလအတွင်းသူ့ထက် ဂိုးပိုသွင်းနိုင်သူဆိုလို့လီဗာပူးတိုက်စစ်မှူး ဆာလာ ဘဲရှိခဲ့ပါတယ်။

၅။ ပင်နယ်တီကန်သွင်းမှုအရည်အချင်းမြင့်မားမှုနဲ့အတူ ဖာနန်ဒက်စ်ကို ပင်နယ်တီကုန်သည်ကြီးလို့ခေါ်ကြပေမယ့် မန်ယူနဲ့စတင်ပွဲထွက်တဲ့ အချိန်ကစပြီး ပရီးမီးယားလိဂ်မှာပင်နယ်တီမပါဘဲ ၇ ဂိုး သွင်းယူနိုင်ခဲ့ပြီး အဲဒီကာလအတွင်း ဘယ်ကွင်းလယ်လူမှ သူ့လောက်ဂိုးသွင်းနိုင်ခဲ့ခြင်းမရှိပါဘူး။

၆။ ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်မှာအဝေးကွင်း ၁၀ ပွဲသာကစားခဲ့ရသေးပေမယ့် ၁၀ ဂိုးသွင်းပြီး ၅ ဂိုးဖန်တီးပေးနိုင်ခဲ့တာပါ။ ဒါကြောင့်ပရီးမီးယားလိဂ်သမိုင်းမှာ အဝေးကွင်းပထမဆုံး ၁၀ ပွဲကစားခဲ့ပြီးတဲ့နောက် အကောင်းဆုံးစွမ်းဆောင်နိုင်တဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၇။ အဲဗာတန်နဲ့ပွဲကသူ့ရဲ့ထူးခြားတဲ့စွမ်းဆောင်ရည်ကြောင့် ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု Man of the Match ကိုလည်းဆွတ်ခူးခဲ့ပါတယ်။ အထူးသဖြင့် ကာဗာနီအတွက်ဖန်တီးပေးမှုဟာ တကိုယ်ကောင်းမဆန်တဲ့အပြင် အဲဗာတန်နောက်ခံလူတွေ ကာဗာနီဘက်ကိုအာရုံမရောက်အောင်လှည့်စားပြီးမှ ဖန်တီးပေးလိုက်တာပါ။

ဒီဆုကိုသူဟာ ၅ ကြိမ်မြောက်ရရှိခြင်းဖြစ်ပြီး ဒီကာလအတွင်းသူ့ရဲ့ပွဲစဉ်အလိုက်အကောင်းဆုံးဆု ရရှိမှုကိုဘယ်ကစားသမားမှလိုက်မီခဲ့ခြင်းမရှိပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္ယူအတြက္ ကယ္တင္ရွင္ျဖစ္လာတဲ့ ဖာနန္ဒက္စ္ရဲ႕ ၂၀၂၀ အတြင္းထူျခားမွတ္တမ္းမ်ား

ေပၚတူဂီလက္ေ႐ြးစင္ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီက စပို႔တင္းလစၥဘြန္းကေန မန္ယူကိုေျပာင္းလာၿပီးတဲ့ေနာက္ သူ႔ရဲ႕စြမ္းေဆာင္ရည္ေကာင္းမြန္မႈကိုအခ်ိန္တိုအတြင္း ခ်ျပႏိုင္ခဲ့သူျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက မန္ယူအသင္းခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိခဲ့ရာမွာသူ႔အကူအညီအမ်ားႀကီးပါခဲ့သလို လက္ရွိအခ်ိန္အထိလည္း ကြဲျပားျခားနားတဲ့ရလဒ္ေတြကို ရယူျပႏိုင္စြမ္းရွိေနေသးတယ္ဆိုတာ ဆက္လက္ျပသေနဆဲျဖစ္ပါတယ္။

မၾကာေသးခင္က အဲဗာတန္နဲ႔ပြဲမွာ သူ႔ေျခစြမ္းနဲ႔ ႏိုင္ပြဲရေအာင္လုပ္ေပးႏိုင္ခဲ့ၿပီးေနာက္ ခ်ီးက်ဴးမႈေတြကိုလည္းခံယူခဲ့ရပါတယ္။ ဒါေၾကာင့္လည္း planet football ဝက္ဘ္ဆိုက္က ၂၀၂၀ အတြင္း ဖာနန္ဒက္စ္ရဲ႕ မွတ္တမ္းေကာင္း ၇ ခ်က္ကိုေဖာ္ျပၿပီးမန္ယူအသင္းရဲ႕ ႏွလုံးသဲပြတ္အျဖစ္ ဖာနန္ဒက္စ္ရွိေနတယ္ဆိုတာကို ထုတ္ေဖာ္ခဲ့ပါတယ္။

၁။ ဖာနန္ဒက္စ္ဟာ ပရီးမီးယားလိဂ္ ၂၁ ပြဲကစားၿပီးခ်ိန္မွာ ၂၃ ဂိုးအထိတိုက္႐ိုက္ပါဝင္ပတ္သက္(ကိုယ္တိုင္ဂိုးသြင္းျခင္းႏွင့္ ဂိုးရရွိေရးဖန္တီးေပးျခင္း) ခဲ့ပါတယ္။ ဒါဟာ ၇၆.၆ မိနစ္ကိုတစ္ဂိုးႏႈန္းလည္းျဖစ္ပါတယ္။

၂။ ၿပိဳင္ပြဲအရပ္ရပ္မွာဆိုရင္ ဖာနန္ဒက္စ္ဟာ ၃၃ ပြဲကစားၿပီး ၁၈ ဂိုးသြင္းကာ ၁၃ ဂိုးဖန္တီးေပးထားပါတယ္။

၃။ သူဟာ မန္ယူနဲ႔အတူပရီးမီးယားလိဂ္စတင္ပြဲထြက္ခဲ့ၿပီးေနာက္ ၁၀ ဂိုးတိတိဖန္တီးေပးႏိုင္ခဲ့ပါတယ္။ သူစတင္ပြဲထြက္တဲ့အခ်ိန္ကစၿပီး တြက္မယ္ဆိုရင္ အဲဒီကာလအတြင္း သူ႔ဖန္တီးမႈအေရအတြက္ကို က်န္တဲ့ဘယ္ကြင္းလယ္လူမွ လိုက္မီခဲ့ျခင္းမရွိပါဘူး။

၄။ ၂၀၂၀ ေဖေဖၚဝါရီ လမွာမန္ယူနဲ႔အတူ ပရီးမီးယားလိဂ္မွာစတင္ပြဲထြက္ၿပီးေနာက္ သူ ၁၃ ဂိုးသြင္းခဲ့ပါတယ္။ အဲဒီကာလအတြင္းသူ႔ထက္ ဂိုးပိုသြင္းႏိုင္သူဆိုလို႔လီဗာပူးတိုက္စစ္မႉး ဆာလာ ဘဲရွိခဲ့ပါတယ္။

၅။ ပင္နယ္တီကန္သြင္းမႈအရည္အခ်င္းျမင့္မားမႈနဲ႔အတူ ဖာနန္ဒက္စ္ကို ပင္နယ္တီကုန္သည္ႀကီးလို႔ေခၚၾကေပမယ့္ မန္ယူနဲ႔စတင္ပြဲထြက္တဲ့ အခ်ိန္ကစၿပီး ပရီးမီးယားလိဂ္မွာပင္နယ္တီမပါဘဲ ၇ ဂိုး သြင္းယူႏိုင္ခဲ့ၿပီး အဲဒီကာလအတြင္း ဘယ္ကြင္းလယ္လူမွ သူ႔ေလာက္ဂိုးသြင္းႏိုင္ခဲ့ျခင္းမရွိပါဘူး။

၆။ ဖာနန္ဒက္စ္ဟာ ပရီးမီးယားလိဂ္မွာအေဝးကြင္း ၁၀ ပြဲသာကစားခဲ့ရေသးေပမယ့္ ၁၀ ဂိုးသြင္းၿပီး ၅ ဂိုးဖန္တီးေပးႏိုင္ခဲ့တာပါ။ ဒါေၾကာင့္ပရီးမီးယားလိဂ္သမိုင္းမွာ အေဝးကြင္းပထမဆုံး ၁၀ ပြဲကစားခဲ့ၿပီးတဲ့ေနာက္ အေကာင္းဆုံးစြမ္းေဆာင္ႏိုင္တဲ့သူအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

၇။ အဲဗာတန္နဲ႔ပြဲကသူ႔ရဲ႕ထူးျခားတဲ့စြမ္းေဆာင္ရည္ေၾကာင့္ ပြဲစဥ္အလိုက္အေကာင္းဆုံးကစားသမားဆု Man of the Match ကိုလည္းဆြတ္ခူးခဲ့ပါတယ္။ အထူးသျဖင့္ ကာဗာနီအတြက္ဖန္တီးေပးမႈဟာ တကိုယ္ေကာင္းမဆန္တဲ့အျပင္ အဲဗာတန္ေနာက္ခံလူေတြ ကာဗာနီဘက္ကိုအာ႐ုံမေရာက္ေအာင္လွည့္စားၿပီးမွ ဖန္တီးေပးလိုက္တာပါ။

ဒီဆုကိုသူဟာ ၅ ႀကိမ္ေျမာက္ရရွိျခင္းျဖစ္ၿပီး ဒီကာလအတြင္းသူ႔ရဲ႕ပြဲစဥ္အလိုက္အေကာင္းဆုံးဆု ရရွိမႈကိုဘယ္ကစားသမားမွလိုက္မီခဲ့ျခင္းမရွိပါဘူး။