
photo-gettyimages
photo-gettyimages
ဒီရာသီဂိုးသွင်းခြေစွမ်းပြနေတဲ့ လစ်ဇစ်တိုက်စစ်မှုးတီမိုဝါနာက လက်ရှိမှာ သူ့ကစားသမားဘဝဟာ လမ်းဆုံလမ်းခွရောက်နေကြောင်း ဝန်ခံလိုက်ပါတယ်။ အဲဒီဂျာမန်သားတိုက်စစ်မှုးဟာ ပြီးခဲ့တဲ့သြဂုတ်လကမှ လစ်ဇစ်နဲ့ စာချုပ်သက်တမ်းတိုးထားတာပါ။ ဒါပေမဲ့လည်း ဝါနာဟာ အဲဒီဘွန်ဒက်စ်လီဂါကလပ်ကနေ ထွက်ခွာနိုင်တယ်လို့ အပြောင်းအရွှေ့သတင်းတွေက အဆက်မပြတ်ထွက်ပေါ်နေဆဲပါပဲ။
photo-gettyimages
ဒီအတွက် ဝါနာတစ်ယောက်လည်း သူ့အနာဂါတ်နဲ့ပတ်သက်လို့ နောက်ရွေးချယ်ရမယ့်အသင်းအတွက် အလေးအနက်ထားစဉ်းစားနေပုံရပါတယ်။ ဝါနာဟာ ဘယ်ဥရောပအသင်းကြီးတိုင်းနဲ့မဆို သတင်းထွက်နေပြီး အဲဒီထဲမှာ မန်ယူလည်း ပါဝင်ပါတယ်။ ၂၄ နှစ်သာရှိသေးတဲ့ဝါနာဟာ ဒီရာသီပြိုင်ပွဲအရပ်ရပ် ၃၆ ပွဲမှာ ၂၇ ဂိုးသွင်းယူထားပြီး သူ့ရဲ့ဂိုးဖန်တီးမှုအရေအတွက်ကလည်း တစ်ဒါဇင်ထက် မနိမ့်ပါဘူး။
photo-gettyimages
”ဒီအချိန်မှာ ရွေးချယ်ရမှာနဲ့ပတ်သက်လို့ နှစ်မျိုးနှစ်စားရှိနေပါတယ်။ ပထမတစ်မျိုးက လီဗာပူးနဲ့မန်စီးတီးတို့လို့အသင်းတစ်သင်းရဲ့အစိတ်အပိုင်းဖြစ်ဖို့ပါ။ သူတို့မှာ ကောင်းမွန်တဲ့အသင်းတစ်သင်းရှိပြီး ကြီးကျယ်တဲ့နည်းပြတွေလည်း ရှိကြတာပါ။ ဒါပေမဲ့ အဲဒါက မေးခွန်းပါပဲ။ အဲဒီလိုအသင်းမျိုးကို သွားချင်တာလား။ ဘာကြောင့်လဲဆိုတော့ ခက်ခဲတဲ့အခြေအနေမျိုးဖြစ်လို့ တကယ်သွားချင်တာလားဆိုတာကို ပြန်ကြည့်ရပါမယ်။ တခြားအသင်းတွေကတော့ အပြောင်းအလဲကြီးကြီးအချို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ဆုဖလားအနည်းငယ်ဆွတ်ခူးထားပေမယ့် အမြင့်ဆုံးအဆင့်မှာ ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ဘူး။ ကျွန်တော့်အတွက်တော့ မန်ယူက အဲဒီလိုအသင်းတွေထဲက တစ်သင်းပါ။ ဒီတော့ ကစားသမားဘဝရဲ့အခုလိုအချိန်မှာ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်မေးရပါတယ်။ အသစ်တစ်ခုခုလုပ်ဖို့ အသင်းသစ်တစ်သင်းမှာ ပါဝင်ချင်တာလား။ ဒါမှမဟုတ် ကျွန်တော့်အသင်းမှာပဲ ဆက်နေပြီး တစ်ခုခုကြီးကျယ်တာလုပ်မလားဆိုတာပါ”လို့ တီမိုဝါနာက ပြောခဲ့တာပါ။
[Zawgyi]
မန္ယူဟာ အျမင့္ဆုံးအဆင့္မွာ ယွဥ္ၿပိဳင္ႏိုင္စြမ္းမရွိေတာ့ဘူးလုိ႔ လစ္ဇစ္တိုက္စစ္မႈး၀ါနာေျပာ
ဒီရာသီဂိုးသြင္းေျခစြမ္းျပေနတဲ့ လစ္ဇစ္တိုက္စစ္မႈးတီမို၀ါနာက လက္ရွိမွာ သူ႔ကစားသမားဘ၀ဟာ လမ္းဆုံလမ္းခြေရာက္ေနေၾကာင္း ၀န္ခံလိုက္ပါတယ္။ အဲဒီဂ်ာမန္သားတိုက္စစ္မႈးဟာ ၿပီးခဲ့တဲ့ၾသဂုတ္လကမွ လစ္ဇစ္နဲ႔ စာခ်ဳပ္သက္တမ္းတိုးထားတာပါ။ ဒါေပမဲ့လည္း ၀ါနာဟာ အဲဒီဘြန္ဒက္စ္လီဂါကလပ္ကေန ထြက္ခြာႏိုင္တယ္လို႔ အေျပာင္းအေရႊ႕သတင္းေတြက အဆက္မျပတ္ထြက္ေပၚေနဆဲပါပဲ။
ဒီအတြက္ ၀ါနာတစ္ေယာက္လည္း သူ႔အနာဂါတ္နဲ႔ပတ္သက္လုိ႔ ေနာက္ေရြးခ်ယ္ရမယ့္အသင္းအတြက္ အေလးအနက္ထားစဥ္းစားေနပုံရပါတယ္။ ၀ါနာဟာ ဘယ္ဥေရာပအသင္းႀကီးတိုင္းနဲ႔မဆို သတင္းထြက္ေနၿပီး အဲဒီထဲမွာ မန္ယူလည္း ပါ၀င္ပါတယ္။ ၂၄ ႏွစ္သာရွိေသးတဲ့၀ါနာဟာ ဒီရာသီၿပိဳင္ပြဲအရပ္ရပ္ ၃၆ ပဲြမွာ ၂၇ ဂိုးသြင္းယူထားၿပီး သူ႔ရဲ႕ဂိုးဖန္တီးမႈအေရအတြက္ကလည္း တစ္ဒါဇင္ထက္ မနိမ့္ပါဘူး။
”ဒီအခ်ိန္မွာ ေရြးခ်ယ္ရမွာနဲ႔ပတ္သက္လုိ႔ ႏွစ္မ်ိဳးႏွစ္စားရွိေနပါတယ္။ ပထမတစ္မ်ိဳးက လီဗာပူးနဲ႔မန္စီးတီးတို႔လို႔အသင္းတစ္သင္းရဲ႕အစိတ္အပိုင္းျဖစ္ဖို႔ပါ။ သူတို႔မွာ ေကာင္းမြန္တဲ့အသင္းတစ္သင္းရွိၿပီး ႀကီးက်ယ္တဲ့နည္းျပေတြလည္း ရွိၾကတာပါ။ ဒါေပမဲ့ အဲဒါက ေမးခြန္းပါပဲ။ အဲဒီလိုအသင္းမ်ိဳးကို သြားခ်င္တာလား။ ဘာေၾကာင့္လဲဆိုေတာ့ ခက္ခဲတဲ့အေျခအေနမ်ိဳးျဖစ္လုိ႔ တကယ္သြားခ်င္တာလားဆိုတာကို ျပန္ၾကည့္ရပါမယ္။ တျခားအသင္းေတြကေတာ့ အေျပာင္းအလဲႀကီးႀကီးအခ်ိဳ႕လိုအပ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ဟာ ဆုဖလားအနည္းငယ္ဆြတ္ခူးထားေပမယ့္ အျမင့္ဆုံးအဆင့္မွာ ယွဥ္ၿပိဳင္ႏိုင္စြမ္း မရွိေတာ့ဘူး။ ကၽြန္ေတာ့္အတြက္ေတာ့ မန္ယူက အဲဒီလိုအသင္းေတြထဲက တစ္သင္းပါ။ ဒီေတာ့ ကစားသမားဘ၀ရဲ႕အခုလိုအခ်ိန္မွာ ကၽြန္ေတာ့္ကိုယ္ကၽြန္ေတာ္ ျပန္ေမးရပါတယ္။ အသစ္တစ္ခုခုလုပ္ဖုိ႔ အသင္းသစ္တစ္သင္းမွာ ပါ၀င္ခ်င္တာလား။ ဒါမွမဟုတ္ ကၽြန္ေတာ့္အသင္းမွာပဲ ဆက္ေနၿပီး တစ္ခုခုႀကီးက်ယ္တာလုပ္မလားဆိုတာပါ”လို႔ တီမို၀ါနာက ေျပာခဲ့တာပါ။