မန်ယူသူရဲကောင်းဖြစ်ခဲ့ပေမယ့် ရွိုင်ကိန်းရဲ့ဝေဖန်မှုနဲ့မလွတ်ကင်းခဲ့တဲ့ ကာဗာနီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆောက်သမ်တန်နဲ့ပွဲမှာ ကာဗာနီဟာ အရန်ခုံကထလာပြီး ၂ ဂိုးသွင်းကာ မန်ယူရဲ့သူရဲကောင်းဖြစ်ခဲ့ပေမယ့် အသင်းဂန္ထဝင်ဟောင်းရွိုင်ကိန်းရဲ့ဝေဖန်မှုနဲ့တော့ မလွတ်ကင်းခဲ့ပါဘူး။

အဲဒီဥရုဂွေးသားဟာ တနင်္ဂနွေညပွဲမှာ ပထမပိုင်းပြီးချိန် နည်းပြဆိုးလ်ရှား လူစားဝင်အဖြစ်အသုံးပြုခဲ့တဲ့နှစ်ယောက်ထဲက တစ်ယောက်ဖြစ်ပါတယ်။

မန်ယူ ၂-၀ နဲ့ရှုံးနေတဲ့ဒုတိယပိုင်းမစခင်မှာ ဒဏ်ရာရဒီဂီယာအစား ဒင်းဟန်ဒါဆန်၊ ဂရင်းဝုဒ်အစား ကာဗာနီက လူစားဝင်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ မန်ယူဟာ ဒုတိယပိုင်းကို ၁၀ ယောက်တည်းနဲ့ စတင်ခဲ့ရပါတယ်။ အကြောင်းကတော့ ကာဗာနီတစ်ယောက် ဖိနပ်လဲဝတ်တာ မပြီးသေးလို့ ဖြစ်ပါတယ်။

ကွင်းထဲဝင်ဖို့ ပုံမှန်ထက် ပိုကြာသွားခဲ့ပေမယ့် ကာဗာနီဟာ ကွင်းထဲရောက်သွားချိန်မှာတော့ မန်ယူအတွက် ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ကစားသမား ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ Sky Sports ရုပ်သံရဲ့စတီဒီယိုထဲက ရွိုင်ကိန်းကတော့ ကာဗာနီနဲ့ပတ်သက်လို့ အပြည့်အဝမကျေနပ်ခဲ့ပါဘူး။ အကြောင်းကတော့ လူစားဝင်ခါးနီးမှ ဖိနပ်လဲတဲ့အခြေအနေကြောင့်ပါ။

”သူက ကွင်းထဲဝင်ဖို့ကို ဖိနပ်ကိစ္စနဲ့ ကြာနေပါတယ။်။ သူဂိုးသွင်းခဲ့တာ ကောင်းပေမယ့် အဆင်သင့်မဖြစ်ပုံကတော့ စိတ်ကူးထဲ တွေးကြည့်လို့တောင် မရပါဘူး။

၂ ဂိုးစလုံးခေါင်းတိုက်သွင်းခဲ့တာဆိုတော့ နောက်ဆုံးတော့ သူ ဖိနပ်တောင် မလိုပါဘူး။ ဒါပေမဲ့ သူဝင်လာချိန်မှာ ကြီးကျယ်တဲ့ပံ့ပိုးမှုလုပ်ပေးနိုင်ခဲ့တယ်။ သူ့မှာ အရည်အသွေးနဲ့ ဆာလောင်မှုရှိနေပါသေးတယ်”လို့ ရွိုင်ကိန်းက ပြောခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္ယူသူရဲေကာင္းျဖစ္ခဲ့ေပမယ့္ ႐ြိဳင္ကိန္းရဲ႕ေဝဖန္မႈနဲ႔မလြတ္ကင္းခဲ့တဲ့ ကာဗာနီ

ေဆာက္သမ္တန္နဲ႔ပြဲမွာ ကာဗာနီဟာ အရန္ခုံကထလာၿပီး ၂ ဂိုးသြင္းကာ မန္ယူရဲ႕သူရဲေကာင္းျဖစ္ခဲ့ေပမယ့္ အသင္းဂႏၴဝင္ေဟာင္း႐ြိဳင္ကိန္းရဲ႕ေဝဖန္မႈနဲ႔ေတာ့ မလြတ္ကင္းခဲ့ပါဘူး။

အဲဒီဥ႐ုေဂြးသားဟာ တနဂၤေႏြညပြဲမွာ ပထမပိုင္းၿပီးခ်ိန္ နည္းျပဆိုးလ္ရွား လူစားဝင္အျဖစ္အသုံးျပဳခဲ့တဲ့ႏွစ္ေယာက္ထဲက တစ္ေယာက္ျဖစ္ပါတယ္။

မန္ယူ ၂-၀ နဲ႔ရႈံးေနတဲ့ဒုတိယပိုင္းမစခင္မွာ ဒဏ္ရာရဒီဂီယာအစား ဒင္းဟန္ဒါဆန္၊ ဂရင္းဝုဒ္အစား ကာဗာနီက လူစားဝင္တာ ျဖစ္ပါတယ္။

ဒါေပမဲ့ မန္ယူဟာ ဒုတိယပိုင္းကို ၁၀ ေယာက္တည္းနဲ႔ စတင္ခဲ့ရပါတယ္။ အေၾကာင္းကေတာ့ ကာဗာနီတစ္ေယာက္ ဖိနပ္လဲဝတ္တာ မၿပီးေသးလို႔ ျဖစ္ပါတယ္။

ကြင္းထဲဝင္ဖို႔ ပုံမွန္ထက္ ပိုၾကာသြားခဲ့ေပမယ့္ ကာဗာနီဟာ ကြင္းထဲေရာက္သြားခ်ိန္မွာေတာ့ မန္ယူအတြက္ ပြဲအေျဖကို ေျပာင္းလဲေပးႏိုင္တဲ့ကစားသမား ျဖစ္ခဲ့ပါတယ္။

ဒါေပမဲ့ Sky Sports ႐ုပ္သံရဲ႕စတီဒီယိုထဲက ႐ြိဳင္ကိန္းကေတာ့ ကာဗာနီနဲ႔ပတ္သက္လို႔ အျပည့္အဝမေက်နပ္ခဲ့ပါဘူး။ အေၾကာင္းကေတာ့ လူစားဝင္ခါးနီးမွ ဖိနပ္လဲတဲ့အေျခအေနေၾကာင့္ပါ။

”သူက ကြင္းထဲဝင္ဖို႔ကို ဖိနပ္ကိစၥနဲ႔ ၾကာေနပါတယ။္။ သူဂိုးသြင္းခဲ့တာ ေကာင္းေပမယ့္ အဆင္သင့္မျဖစ္ပုံကေတာ့ စိတ္ကူးထဲ ေတြးၾကည့္လို႔ေတာင္ မရပါဘူး။ ၂ ဂိုးစလုံးေခါင္းတိုက္သြင္းခဲ့တာဆိုေတာ့ ေနာက္ဆုံးေတာ့ သူ ဖိနပ္ေတာင္ မလိုပါဘူး။ ဒါေပမဲ့ သူဝင္လာခ်ိန္မွာ ႀကီးက်ယ္တဲ့ပံ့ပိုးမႈလုပ္ေပးႏိုင္ခဲ့တယ္။ သူ႔မွာ အရည္အေသြးနဲ႔ ဆာေလာင္မႈရွိေနပါေသးတယ္”လို႔ ႐ြိဳင္ကိန္းက ေျပာခဲ့တာပါ။