မန်ယူသာ သန်း ၁၀၀ နဲ့ ကမ်းလှမ်းလာရင် အူဘာမီယန်ကိုရောင်းလိုက်ဖို့ အာဆင်နယ်အကြံပေးခံရ

photo-gettyimages

photo-gettyimages

မန်ယူကသာ ကြီးမားတဲ့ကမ်းလှမ်းမှုလုပ်လာရင် လာမယ့်အပြောင်းအရွှေ့မှာ အသင်းခေါင်းဆောင်အူဘာမီယန်ကို အာဆင်နယ် ရောင်းချသင့်တယ်လို့ အသင်းကစားသမားဟောင်းချာလီနီကိုလက်စ်က အကြံပေးပြောကြားလိုက်ပါတယ်။  အသက် ၃၀ အရွယ် အဲဒီဂါဘွန်သားတိုက်စစ်မှုးဟာ အာဆင်နယ်မှာ ဆက်နေဖို့ စာချုပ်သစ်သဘောတူညီမှုမရသေးဘဲ သူ့ရဲ့စာချုပ်သက်တမ်းက လာမယ့် ၂၀၂၁ နွေဆိုရင် ကုန်ဆုံးမှာပါ။

photo-gettyimages

ဒါကြောင့် အာဆင်နယ်ဟာ ၂၀၂၁ ရောက်ရင် တစ်ပြားတစ်ချပ်မှ မရဘဲနဲ့ တိုက်စစ်မှုးအူဘာမီယန်ကို ဆုံးရှုံးရနိုင်ပါတယ်။ အာဆင်နယ်ကစားသမားဟောင်းဖြစ်တဲ့နီကိုလက်စ်ကတော့ အူဘာမီယန်ကို ရောင်းချဖို့ အချိန်တန်ပြီလို့ ယုံကြည်နေပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ဘက်က ဂဏန်း ၉ လုံးပမာဏရှိကမ်းလှမ်းမှုမျိုးလုပ်မှသာ ရောင်းသင့်တယ်လို့ ဆိုခဲ့တာပါ။ အာဆင်နယ်နဲ့ စာချုပ်သစ်ချုပ်ဖွယ်မရှိတဲ့ အူဘာမီယန်ကို မန်ယူအပြင် ရီးရဲလ်နဲ့ဘာစီလိုနာတို့လို ဥရောပအသင်းကြီးတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပါ။

photo-sky sports

”အူဘာမီယန်အတွက် အာဆင်နယ်ဟာ မန်ယူကနေ ပေါင်သန်း ၁၀၀ ရမယ်ဆိုရင် ကျွန်တော်ဆို အဲဒီလိုလုပ်လိုက်မှာပါပဲ။ အရည်အသွေးရှိကစားသမားဆိုတော့ သူတို့ဘက်ကတော့ ကြေးကြီးပေးမှာပါ။ အာဆင်နယ်နဲ့ မန်ယူတို့ဆိုတာ ချန်ပီယံဆုအတွက် ပြိုင်ဘက်တွေဖြစ်ခဲ့ကြတာပါ။ ဒါပေမဲ့ အခုတော့ သူတို့နှစ်သင်းစလုံး အဲဒီလိုမဟုတ်တော့ပါဘူး။ မန်ယူသာ အူဘာမီယန်အတွက် ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းလာရင် ရောင်းသင့်ပါတယ်”လို့ အာဆင်နယ်ကစားသမားဟောင်းနီကိုလက်စ်က ပြောကြားခဲ့ပါတယ်။

[Zawgyi]

မန္ယူသာ သန္း ၁၀၀ နဲ႔ ကမ္းလွမး္လာရင္ အူဘာမီယန္ကိုေရာင္းလုိက္ဖုိ႔ အာဆင္နယ္အႀကံေပးခံရ

မန္ယူကသာ ႀကီးမားတဲ့ကမး္လွမ္းမႈလုပ္လာရင္ လာမယ့္အေျပာင္းအေရႊ႕မွာ အသင္းေခါင္းေဆာင္အူဘာမီယန္ကို အာဆင္နယ္ ေရာင္းခ်သင့္တယ္လို႔ အသင္းကစားသမားေဟာင္းခ်ာလီနီကိုလက္စ္က အႀကံေပးေျပာၾကားလုိက္ပါတယ္။  အသက္ ၃၀ အရြယ္ အဲဒီဂါဘြန္သားတုိက္စစ္မႈးဟာ အာဆင္နယ္မွာ ဆက္ေနဖို႔ စာခ်ဳပ္သစ္သေဘာတူညီမႈမရေသးဘဲ သူ႔ရဲ႕စာခ်ဳပ္သက္တမ္းက လာမယ့္ ၂၀၂၁ ေႏြဆိုရင္ ကုန္ဆုံးမွာပါ။

ဒါေၾကာင့္ အာဆင္နယ္ဟာ ၂၀၂၁ ေရာက္ရင္ တစ္ျပားတစ္ခ်ပ္မွ မရဘဲနဲ႔ တိုက္စစ္မႈးအူဘာမီယန္ကို ဆုံးရႈံးရႏိုင္ပါတယ္။ အာဆင္နယ္ကစားသမားေဟာင္းျဖစ္တဲ့နီကိုလက္စ္ကေတာ့ အူဘာမီယန္ကို ေရာင္းခ်ဖို႔ အခ်ိန္တန္ၿပီလုိ႔ ယုံၾကည္ေနပါတယ္။ ဒါေပမဲ့ ယူႏိုက္တက္ဘက္က ဂဏန္း ၉ လုံးပမာဏရွိကမ္းလွမ္းမႈမ်ိဳးလုပ္မွသာ ေရာင္းသင့္တယ္လုိ႔ ဆိုခဲ့တာပါ။ အာဆင္နယ္နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဖြယ္မရွိတဲ့ အူဘာမီယန္ကို မန္ယူအျပင္ ရီးရဲလ္နဲ႔ဘာစီလုိနာတို႔လို ဥေရာပအသင္းႀကီးေတြကလည္း ေခၚယူဖို႔ စိတ္၀င္စားေနၾကတာပါ။

”အူဘာမီယန္အတြက္ အာဆင္နယ္ဟာ မန္ယူကေန ေပါင္သန္း ၁၀၀ ရမယ္ဆုိရင္ ကၽြန္ေတာ္ဆို အဲဒီလိုလုပ္လုိက္မွာပါပဲ။ အရည္အေသြးရွိကစားသမားဆိုေတာ့ သူတုိ႔ဘက္ကေတာ့ ေၾကးႀကီးေပးမွာပါ။ အာဆင္နယ္နဲ႔ မန္ယူတုိ႔ဆုိတာ ခ်န္ပီယံဆုအတြက္ ၿပိဳင္ဘက္ေတြျဖစ္ခဲ့ၾကတာပါ။ ဒါေပမဲ့ အခုေတာ့ သူတို႔ႏွစ္သင္းစလုံး အဲဒီလုိမဟုတ္ေတာ့ပါဘူး။ မန္ယူသာ အူဘာမီယန္အတြက္ ေပါင္သန္း ၁၀၀ နဲ႔ ကမး္လွမး္လာရင္ ေရာင္းသင့္ပါတယ္”လုိ႔ အာဆင္နယ္ကစားသမားေဟာင္းနီကိုလက္စ္က ေျပာၾကားခဲ့ပါတယ္။