
photo-man u
photo-gettyimages
၂၇ နှစ်၊ ၂ လနဲ့ ၁၄ ရက်အကြာမှာတော့ မန်ယူဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၂၀၀၀ ပြည့်ခဲ့တဲ့ ပထမဆုံးအသင်းဖြစ်လာပါတယ်။ နော်ဝစ်ချ်ကို ၃-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ၂၁ မိနစ်မှာ အကယ်ဒမီထွက်ကစားသမားဖြစ်တဲ့ကွင်းလယ်လူတွမ်မီနေးရဲ့အဖွင့်ဂိုးနဲ့ မန်ယူဟာ အင်္ဂလန်ရဲ့အဆင့်မြင့်ဆုံးအမှတ်ပေးပြိုင်ပွဲကြီးမှာ ဂိုး ၂၀၀၀ ပြည့်ခဲ့တာပါ။ ပရီးမီးယားလိဂ်က မန်ယူရဲ့ပထမဆုံးသွင်းဂိုးဟာ ၁၉၉၂ သြဂုတ် ၁၅ က ရှက်ဖီးယူနိုက်တက်နဲ့ပွဲမှာ ရခဲ့တာဖြစ်ပြီး မာ့ခ်ဟုချ်က သွင်းပေးခဲ့တာပါ။
photo-gettyimages
မန်ယူရဲ့၁၀၀၀ ပြည့်ပရီးမီးယားလိဂ်သွင်းဂိုးကိုတော့ ၂၀၁၅ အောက်တိုဘာမှာ စီရော်နယ်ဒိုက သွင်းပေးခဲ့တာပါ။ ပရီးမီးယားလိဂ်မှာ မန်ယူပြီးရင် ဂိုးအများဆုံးသွင်းထားတဲ့အသင်းက အာဆင်နယ်ဖြစ်ပြီး ၁၈၆၀ ဂိုးသွင်းထားတာပါ။ လီဗာပူးက ၁၇၉၇ ဂိုးနဲ့ ပရီးမီးယားလိဂ်သမိုင်းရဲ့တတိယဂိုးအများအသင်းဖြစ်ပြီး သူတို့ရဲ့နောက်မှာ ၁၇၉၃ ဂိုးနဲ့ ချဲလ်ဆီးရှိနေပါတယ်။ မန်ယူရဲ့ ပရီးမီးယားလိဂ်ဂိုး ၂၀၀၀ ပြည့် ပထမဆုံးအသင်းဖြစ်လာတဲ့ အောင်မြင်မှုနောက်မှာ တခြားကိန်းဂဏန်းတွေလည်း ရှိနေပါတယ်။
photo-daily mail
မန်ယူအတွက် ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းထားသူက ဝိန်းရူနီဖြစ်ပြီး ၁၈၃ ဂိုးရှိကာ ဒုတိယနေရာက ရွိုင်ယန်ဂစ်တောင် ၁၀၉ ဂိုးသာရှိတာပါ။ ပရီးမီးယားလိဂ်မှာ မန်ယူအတွက် အသက်အငယ်ဆုံးဂိုးသွင်းသူက မာချီဒါဖြစ်ပြီး ၂၀၀၉ ဧပြီက ဗီလာနဲ့ပွဲမှာ သူဂိုးသွင်းတော့ သူ့အသက်က ၁၇ နှစ်နဲ့ ၂၂၆ ရက်ဖြစ်ပါတယ်။ အသက်အကြီးဆုံးဂိုးသွင်းသူကတော့ ရွိုင်ယန်ဂစ်ဖြစ်ကာ ၂၀၁၃ ဖေဖော်ဝါရီ ကျူပီအာနဲ့ပွဲမှာ ဂိုးသွင်းတော့ သူ့အသက်က ၃၉ နှစ်နဲ့ ၈၆ ရက်ဖြစ်ပါတယ်။ မန်ယူအတွက် ပရီးမီးယားလိဂ်ဟက်ထရစ်အကြိမ်အများဆုံးယူပေးနိုင်ခဲ့သူက အသင်းခေါင်းဆောင်ဟောင်းရူနီဖြစ်ပြီး ၆ ကြိမ်ရှိကာ သူ့နောက်မှာ နစ္စတယ်ရွိုင်းက ၅ ကြိမ်၊ ဘာဘာတော့ဗ်က ၄ ကြိမ်ရှိပါတယ်။ ပရီးမီးယားလိဂ်မှာ မန်ယူဂိုးအသွင်းဆုံးအသင်းကတော့ အဲဗာတန်ဖြစ်ပြီး ဂိုး ၁၀၀ သွင်းထားကာ နယူးကာဆယ်ကို ၉၇ ဂိုး၊ ဝက်စ်ဟမ်းကို ၉၄ ဂိုးနဲ့ စပါးကို ၉၁ ဂိုးသွင်းထားပါသေးတယ်။
[Zawgyi]
မန္ယူရဲ႕လိဂ္ဂိုး ၂၀၀၀ ျပည့္ ပထမဆုံးအသင္းျဖစ္လာတဲ့ ေအာင္ျမင္မႈေနာက္က ကိန္းဂဏန္းမ်ား
၂၇ ႏွစ္၊ ၂ လနဲ႔ ၁၄ ရက္အၾကာမွာေတာ့ မန္ယူဟာ ပရီးမီးယားလိဂ္သြင္းဂိုး ၂၀၀၀ ျပည့္ခဲ့တဲ့ ပထမဆုံးအသင္းျဖစ္လာပါတယ္။ ေနာ္၀စ္ခ်္ကို ၃-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပရီးမီးယားလိဂ္ပြဲစဥ္ရဲ႕ ၂၁ မိနစ္မွာ အကယ္ဒမီထြက္ကစားသမားျဖစ္တဲ့ကြင္းလယ္လူတြမ္မီေနးရဲ႕အဖြင့္ဂိုးနဲ႔ မန္ယူဟာ အဂၤလန္ရဲ႕အဆင့္ျမင့္ဆုံးအမွတ္ေပးၿပိဳင္ပြဲႀကီးမွာ ဂိုး ၂၀၀၀ ျပည့္ခဲ့တာပါ။ ပရီးမီးယားလိဂ္က မန္ယူရဲ႕ပထမဆုံးသြင္းဂိုးဟာ ၁၉၉၂ ၾသဂုတ္ ၁၅ က ရွက္ဖီးယူႏိုက္တက္နဲ႔ပြဲမွာ ရခဲ့တာျဖစ္ၿပီး မာ့ခ္ဟုခ်္က သြင္းေပးခဲ့တာပါ။
မန္ယူရဲ႕၁၀၀၀ ျပည့္ပရီးမီးယားလိဂ္သြင္းဂိုးကိုေတာ့ ၂၀၁၅ ေအာက္တုိဘာမွာ စီေရာ္နယ္ဒိုက သြင္းေပးခဲ့တာပါ။ ပရီးမီးယားလိဂ္မွာ မန္ယူၿပီးရင္ ဂိုးအမ်ားဆုံးသြင္းထားတဲ့အသင္းက အာဆင္နယ္ျဖစ္ၿပီး ၁၈၆၀ ဂိုးသြင္းထားတာပါ။ လီဗာပူးက ၁၇၉၇ ဂိုးနဲ႔ ပရီးမီးယားလိဂ္သမိုင္းရဲ႕တတိယဂိုးအမ်ားအသင္းျဖစ္ၿပီး သူတို႔ရဲ႕ေနာက္မွာ ၁၇၉၃ ဂိုးနဲ႔ ခ်ဲလ္ဆီးရွိေနပါတယ္။ မန္ယူရဲ႕ ပရီးမီးယားလိဂ္ဂိုး ၂၀၀၀ ျပည့္ ပထမဆုံးအသင္းျဖစ္လာတဲ့ ေအာင္ျမင္မႈေနာက္မွာ တျခားကိန္းဂဏန္းေတြလည္း ရွိေနပါတယ္။
မန္ယူအတြက္ ပရီးမီးယားလိဂ္ဂိုးအမ်ားဆုံးသြင္းထားသူက ၀ိန္းရူနီျဖစ္ၿပီး ၁၈၃ ဂိုးရွိကာ ဒုတိယေနရာက ရြိဳင္ယန္ဂစ္ေတာင္ ၁၀၉ ဂိုးသာရွိတာပါ။ ပရီးမီးယားလိဂ္မွာ မန္ယူအတြက္ အသက္အငယ္ဆုံးဂိုးသြင္းသူက မာခ်ီဒါျဖစ္ၿပီး ၂၀၀၉ ဧၿပီက ဗီလာနဲ႔ပြဲမွာ သူဂိုးသြင္းေတာ့ သူ႔အသက္က ၁၇ ႏွစ္နဲ႔ ၂၂၆ ရက္ျဖစ္ပါတယ္။ အသက္အႀကီးဆုံးဂိုးသြင္းသူကေတာ့ ရြိဳင္ယန္ဂစ္ျဖစ္ကာ ၂၀၁၃ ေဖေဖာ္၀ါရီ က်ဴပီအာနဲ႔ပြဲမွာ ဂိုးသြင္းေတာ့ သူ႔အသက္က ၃၉ ႏွစ္နဲ႔ ၈၆ ရက္ျဖစ္ပါတယ္။ မန္ယူအတြက္ ပရီးမီးယားလိဂ္ဟက္ထရစ္အႀကိမ္အမ်ားဆုံးယူေပးႏိုင္ခဲ့သူက အသင္းေခါင္းေဆာင္ေဟာင္းရူနီျဖစ္ၿပီး ၆ ႀကိမ္ရွိကာ သူ႔ေနာက္မွာ နစၥတယ္ရြိဳင္းက ၅ ႀကိမ္၊ ဘာဘာေတာ့ဗ္က ၄ ႀကိမ္ရွိပါတယ္။ ပရီးမီးယားလိဂ္မွာ မန္ယူဂိုးအသြင္းဆုံးအသင္းကေတာ့ အဲဗာတန္ျဖစ္ၿပီး ဂိုး ၁၀၀ သြင္းထားကာ နယူးကာဆယ္ကို ၉၇ ဂိုး၊ ၀က္စ္ဟမ္းကို ၉၄ ဂိုးနဲ႔ စပါးကို ၉၁ ဂိုးသြင္းထားပါေသးတယ္။