မန်ယူရဲ့ဂန္ထဝင်ဖြစ်ဖို့ဆိုရင် ဖာနန်ဒက်စ် ဆုဖလားရယူဖို့ လိုမယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လက်ရှိမန်ယူကွင်းလယ်လူ ဖာနန်ဒက်စ်အနေနဲ့ ကန်တိုနာ လိုမျိုးကလပ်ရဲ့ဂန္ထဝင်ဖြစ်ဖို့ဆိုရင် ဆုဖလားတွေ တော့ရယူဖို့ လိုအပ်နေတယ်လို့ ရိုင်ယန်ဂစ်က သုံးသပ်ပြောကြားလိုက်ပါတယ်။ ဖာနန်ဒက်စ်ဟာ လီဗာပူးကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ အနိုင်ဂိုးကို ဖရီးကစ်ကနေတစ်ဆင့်လှပစွာသွင်းယူပေး ခဲ့ပြီး မန်ယူအသင်းအပေါ်သူ့ရဲ့လွှမ်းမိုးမှုကို ဆက်လက်ပြသသွားပါတယ်။

မန်ယူဟာ ဖာနန်ဒက်စ်မရောက်လာ ခင်တုန်းက ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့အသင်းဖြစ်နေပေမယ့် သူရောက်လာပြီးနောက် တစ်နှစ်အတွင်း မှာတင် အမှတ်ပေးဇယားကို ဦးဆောင်နိုင်တဲ့ အသင်းဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း မန်ယူကိုရောက်လာ ပြီးနောက် ၂၈ ဂိုးသွင်းယူထားတဲ့ ဖာနန်ဒက်စ်ကို ကန်တိုနာလိုမျိုး အသင်းအပေါ်လွှမ်းမိုးနိုင်စွမ်းရှိသူအဖြစ် တင်စားနေကြတာဖြစ်ပါတယ်။

၁၉၉၂ က လိဒ်ယူနိုက်တက်ကနေ မန်ယူကိုပြောင်းလာတဲ့ ကန်တိုနာဟာ ပရိသတ်ကို ကန်ခဲ့လို့ ရေရှည်ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ခဲ့ရသူဖြစ်ပေမယ့် သူ့လက်ထက်မှာ မန်ယူကိုအဓိက ဆုဖလား ၆ လုံးရအောင် ဦးဆောင်မှုပေးသွားနိုင်သူဖြစ်ပါတယ်။ လက်ရှိမှာ ဖာနန်ဒက်စ်ဟာ မန်ယူနဲ့ဆုဖလားတစ်လုံးရယူနိုင်မယ့်အခြေအနေမှာရှိနေသလို ကလပ်ရဲ့ဂန္ထဝင် စာရင်းဝင်ဖြစ်တဲ့ ဂစ်ကလည်း အဲဒီပေါ်တူဂီသားအနေနဲ့ ဂန္ထဝင်ဖြစ်ဖို့ဆိုရင် ဆုဖလားရယူနိုင်ဖို့လိုအပ်နေတယ် လို့ ဆိုခဲ့ပါတယ်။

ဂစ်က” ကျွန်တော်တို့တွေ ၁၉၉၅-၉၆ ဘောလုံးရာသီမှာ အက်ဖ်အေဖလားရခဲ့တုန်းက ကန်တိုနာက သူများတွေနဲ့ ကွာခြားတဲ့သူဖြစ်ခဲ့တာပါ။ သူဟာပွဲကြီးတွေဆိုရင် အမြဲတမ်းကွဲပြားမှုတွေကို လုပ်ပြနိုင် စွမ်းရှိခဲ့တာပါ။ လက်ရှိမှာ မန်ယူအပေါ်ဖာနန်ဒက်စ်ရဲ့ ထိရောက်မှုကကြီးမားတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ဒါကြောင့်လည်း ကန်တိုနာနဲ့ နှိုင်းယှဥ်မှုတွေလည်းရှိနေတာပါ။

သူ့အရည်အသွေးကြောင့် သူနဲ့တွဲကစား ရတဲ့သူတွေလည်း ပိုပြီးကောင်းလာတာ မြင်နေရပါတယ်။ အခြေအနေတွေက အကောာင်းဘက်မရောက်တဲ့အခါမှာလည်း သူဟာ ကစားဖော်တွေကိုအမြဲတမ်းပြေဆိုနေသလို ဒိုင်လူကြီးကိုလည်း စောဒကတက်လေ့ရှိပါတယ်။ သူ့ကိုကြည့်ရတာ နိုင်လိုစိတ်ပြင်းထန်တဲ့သူပါ။

မန်ယူကိုရောက်လာပြီးနောက် အသင်းကိုအကောင်းဆုံး ဦးဆောင်နိုင်တာမှန်ပေမယ့် ဂန္ထဝင်ဖြစ်ဖို့ဆိုရင်တော့ ပွဲကြီးတွေမှာအစွမ်းပြပြီး ဆုဖလားတွေလည်း ရယူဖို့လို အပ်နေပါတယ်” လို့ပြောသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မန္ယူရဲ႕ဂႏၴဝင္ျဖစ္ဖို႔ဆိုရင္ ဖာနန္ဒက္စ္ ဆုဖလားရယူဖို႔ လိုအပ္ေနတယ္လို႔ ဂစ္သုံးသပ္

လက္ရွိမန္ယူကြင္းလယ္လူ ဖာနန္ဒက္စ္အေနနဲ႔ ကန္တိုနာ လိုမ်ိဳးကလပ္ရဲ႕ဂႏၴဝင္ျဖစ္ဖို႔ဆိုရင္ ဆုဖလားေတြ ေတာ့ရယူဖို႔ လိုအပ္ေနတယ္လို႔ ႐ိုင္ယန္ဂစ္က သုံးသပ္ေျပာၾကားလိုက္ပါတယ္။ ဖာနန္ဒက္စ္ဟာ လီဗာပူးကို ၃-၂ နဲ႔အႏိုင္ရခဲ့တဲ့ အက္ဖ္ေအဖလား စတုတၳအဆင့္မွာ အႏိုင္ဂိုးကို ဖရီးကစ္ကေနတစ္ဆင့္လွပစြာသြင္းယူေပး ခဲ့ၿပီး မန္ယူအသင္းအေပၚသူ႔ရဲ႕လႊမ္းမိုးမႈကို ဆက္လက္ျပသသြားပါတယ္။

မန္ယူဟာ ဖာနန္ဒက္စ္မေရာက္လာ ခင္တုန္းက ပရီးမီးယားလိဂ္မွာ ႐ုန္းကန္ေနရတဲ့အသင္းျဖစ္ေနေပမယ့္ သူေရာက္လာၿပီးေနာက္ တစ္ႏွစ္အတြင္း မွာတင္ အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္တဲ့ အသင္းျဖစ္လာခဲ့ပါတယ္။ ဒါေၾကာင့္လည္း မန္ယူကိုေရာက္လာ ၿပီးေနာက္ ၂၈ ဂိုးသြင္းယူထားတဲ့ ဖာနန္ဒက္စ္ကို ကန္တိုနာလိုမ်ိဳး အသင္းအေပၚလႊမ္းမိုးႏိုင္စြမ္းရွိသူအျဖစ္ တင္စားေနၾကတာျဖစ္ပါတယ္။ ၁၉၉၂ က လိဒ္ယူႏိုက္တက္ကေန မန္ယူကိုေျပာင္းလာတဲ့ ကန္တိုနာဟာ ပရိ သတ္ကို ကန္ခဲ့လို႔ ေရရွည္ပြဲပယ္ျပစ္ဒဏ္နဲ႔ ရင္ဆိုင္ခဲ့ရသူျဖစ္ေပမယ့္ သူ႔လက္ထက္မွာ မန္ယူကိုအဓိက ဆုဖ လား ၆ လုံးရေအာင္ ဦးေဆာင္မႈေပးသြားႏိုင္သူျဖစ္ပါတယ္။

လက္ရွိမွာ ဖာနန္ဒက္စ္ဟာ မန္ယူနဲ႔ဆုဖလားတစ္လုံးရယူႏိုင္မယ့္အေျခအေနမွာရွိေနသလို ကလပ္ရဲ႕ဂႏၴဝင္ စာရင္းဝင္ျဖစ္တဲ့ ဂစ္ကလည္း အဲဒီေပၚတူဂီသားအေနနဲ႔ ဂႏၴဝင္ျဖစ္ဖို႔ဆိုရင္ ဆုဖလားရယူႏိုင္ဖို႔လိုအပ္ေနတယ္ လို႔ ဆိုခဲ့ပါတယ္။ ဂစ္က” ကြၽန္ေတာ္တို႔ေတြ ၁၉၉၅-၉၆ ေဘာလုံးရာသီမွာ အက္ဖ္ေအဖလားရခဲ့တုန္းက ကန္ တိုနာက သူမ်ားေတြနဲ႔ ကြာျခားတဲ့သူျဖစ္ခဲ့တာပါ။ သူဟာပြဲႀကီးေတြဆိုရင္ အၿမဲတမ္းကြဲျပားမႈေတြကို လုပ္ျပႏိုင္ စြမ္းရွိခဲ့တာပါ။ လက္ရွိမွာ မန္ယူအေပၚဖာနန္ဒက္စ္ရဲ႕ ထိေရာက္မႈကႀကီးမားတယ္ဆိုတာ သံသယျဖစ္စရာမရွိ ပါဘူး။ ဒါေၾကာင့္လည္း ကန္တိုနာနဲ႔ ႏႈိင္းယွဥ္မႈေတြလည္းရွိေနတာပါ။ သူ႔အရည္အေသြးေၾကာင့္ သူနဲ႔တြဲကစား ရတဲ့သူေတြလည္း ပိုၿပီးေကာင္းလာတာ ျမင္ေနရပါတယ္။ အေျခအေနေတြက အေကာာင္းဘက္မေရာက္တဲ့အ ခါမွာလည္း သူဟာ ကစားေဖာ္ေတြကိုအၿမဲတမ္းေျပဆိုေနသလို ဒိုင္လူႀကီးကိုလည္း ေစာဒကတက္ေလ့ရွိပါ တယ္။ သူ႔ကိုၾကည့္ရတာ ႏိုင္လိုစိတ္ျပင္းထန္တဲ့သူပါ။ မန္ယူကိုေရာက္လာၿပီးေနာက္ အသင္းကိုအေကာင္းဆုံး ဦးေဆာင္ႏိုင္တာမွန္ေပမယ့္ ဂႏၴဝင္ျဖစ္ဖို႔ဆိုရင္ေတာ့ ပြဲႀကီးေတြမွာအစြမ္းျပၿပီး ဆုဖလားေတြလည္း ရယူဖို႔လို အပ္ေနပါတယ္” လို႔ေျပာသြားပါတယ္။